မုံရွာမြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၈ လုံး ဆုံးရှုံးမှု ဖြစ်ပွါး

မုံရွာမြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၈ လုံး ဆုံးရှုံးမှု ဖြစ်ပွါး

မုံရွာ၊ မတ် – ၁၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြဝတီရပ်ကွက် သီတာလမ်း လမ်းသွယ် ၁၇ တွင် ယနေ့ နံနက် ၁ နာရီ ၁၀မိနစ် အချိန်ခန့်က နေအိမ် ၈ လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။

စတင်ဖြစ်ပွားခဲ့သည့် နေအိမ်မှာ မုံရွာမြို့ မြဝတီရပ်ကွက် သီတာလမ်း လမ်းသွယ် ၁၇ တွင် နေထိုင်သည့် ဦးကုလားဆိုသူ၏ နေအိမ်ဖြစ်ပြီး သုံးပေါက် ပလပ်ခုံတွင် နှစ်ပင်လိမ်ကြိုးဖြင့် စပရိန်မီးသီး ထွန်းထားရာမှ ပလပ်ခုံ အပူလွန်ကဲ ရှော့ဖြစ်၍ ဝါးထရံသို့ ကူးစက်လောင် ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်ရာနေရာသို့ မုံရွာခရိုင် မီးသတ်ဦးစီးမှုးရုံးမှ လက်​ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော် ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁ စီး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ပိုလန်မီးငြိမ်းသတ်ယာဉ် ၁ စီး၊

ရေသယ်ယာဉ် ၁ စီး၊ မုံရွာမြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ဒေါနခြံ အရနိမှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ထန်းတောအရန်မှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ဘုရားကြီးအရန်မှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊

ရန်ကင်း အရန်မှ မီးငြိမ်း သတ်ယာဉ် ၁ စီး၊ သလ္လာအရန်မှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ အောင်ချမ်းသာ အရန်မှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ပြည်တောင်သာ အရန်မှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊

မုံရွာတောင် အရန်မှ ရေသယ်ယာဉ်၁စီး၊ ဒေဝဂတိလူမှုကူညီရေးမှ ရေသယ်ယာဉ် ၁ စီး၊ စက်မှုဇုန်အရန်မှ ရေသယ်ယာဉ် ၁ စီး၊ မြို့သစ်အရန်မှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ကွေ့ကြီးအရန်မှ မီးငြိမ်းသတ်ယာဉ်၁စီး၊

မောင်မြသန်း ရေယာဉ်မှ ရေသယ်ယာဉ် ၁ စီး စုစုပေါင်း မီးငြိမ်းသတ်ယာဉ် ၁၆ စီး၊ ရေသယ်ယာဉ် ၆ စီး၊ သန္ဓေ(2+4) ဦး၊ ရဲ (၃+၇) ဦး၊ အရန် ၇၀ ဦး၊ ပြည်သူလူထု ၁၀၀ ဦးခန့် စုစုပေါင်း ၂၂၃ ဦးခန့်တို့မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁နာရီ ၃၅မိနစ် အချိန်က မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဦးကုလား (၂၀×၁၅) သွပ်မိုး၊ ကပ်ကာ၊ ပျဉ်ခင်း နှစ်ထပ် ၁ လုံး၊ ဒေါ်တင်တင်အေး (၂၀×၂၀) သွပ်မိုး ၊ကပ်ကာ မြေစိုက် ၁ လုံး၊ ဦးဝင်းနိုင် (၁၆×၂၀) သွပ်မိုး၊ ကပ်ကာ၊ ပျဉ်ခင်း နှစ်ထပ် ၁ လုံး၊ ဦးကျောက်ခဲ (၁၆×၁၅) သွပ်မိုး၊ ကပ်ကာ မြေစိုက် ၁ လုံး၊ ဦးဌေးမောက် (၁၆×၁၅)သွပ်မိုး၊

ကပ်ကာ ၁ ထပ် ၁ လုံး၊ ဦးမျိုးမြင့် (၁၅×၂၀) သွပ်မိုး၊ ကပ်ကာမြေစိုက် ၁ လုံး၊ ဦးမြင့်ဇော်(၁၀×၁၅)သွပ်မိုး၊ ကပ်ကာမြေစိုက် ၁ လုံး၊ ဦးကျော်နိုင်ထွန်း (၁၀×၁၅) သွပ်မိုး၊

ကပ်ကာ မြေစိုက် ၁ လုံး စုစုပေါင်း လူနေအိမ် ၈ လုံး ငွေကျပ် ၈၈၄၀၀၀၊ မီတာ ၄ လုံး ငွေကျပ် ၁၆၀၀၀၀၊ ဆိုင်ကယ် ၁ စီး ငွေကျပ် ၁၀၀၀၀၀ အတွင်းပစ္စည်း ငွေကျပ် ၆၅၀၀၀၀ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မီးပေါ့ဆသူဦးကုလားကို မုံရွာမြို့နယ်မြေရဲစခန်းမှ (ပ)၁၂၀/၂၀၂၀၊ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ – Mg Lonn Nwe

သတင်း – သူရိယထက်

Be the first to comment

Leave a Reply

Your email address will not be published.


*