ဆီဆိုင်မြို့နယ် ထီဟန်းထး ကျေးရွာတွင် ရေရှားပါးမှုကြုံနေ

ဆီဆိုင်မြို့နယ် ထီဟန်းထုံးကျေးရွာတွင် ရေရှားပါးမှုကြုံနေ

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ထီဟန်းထုံးရွာတွင် ရေရှားပါးမှုကြုံနေရကြောင်း မတ်လ ၁၅ရက်တွင် ဒေသခံများပြောပြချက်အရသိရသည်။

ရေရှားပါးမှုပြဿနာကို ဆီဆိုင်မြို့နယ်အတွင်းတွင် နှစ်စဉ်ကြုံ တွေ့လာနေရပြီး တစ်နှစ်ထက်တစ်နှစ်ရေပိုရှားလာတယ်လို့ ဒေသခံတွေက ပြောဆိုကြသည်။

“ရေကနွေရာသီရောက်ပြီဆို ခန်းကုန်ပြီ၊ ရေရဖို့တစ်နေကုန် သွားစောင့်ရတယ်၊ သောက်ရေတွေကလည်း မသန့်ရှင်းဘူး၊ ရေနှောက်တယ်၊ တစ်နေ့ဆို လေးငါးအိမ်လောက်ပဲ ရေရနိုင်တယ်၊ အဓိကတော့ ရေရဖို့ ရေကိုနေ့တိုင်းစောင့်ရတယ်၊

အိပ်ပြီးစောင့်ရ တယ်၊ အချိန်လည်းကုန်တယ်၊ ဘာမှအဆင်မပြေဘူး၊ ရေတောင် ကောင်းကောင်းမချိုးရဘူး၊ ရေရဖို့ အချင်းချင်းလုရတယ်၊ အကုန်ခမ်း သွားလားဆိုတော့ မခမ်းဘူး၊ နည်းနည်းချင်းစီပဲ ထွက်တာ၊

ကားတွေ၊ ဆိုင်ကယ်တွေရှိတဲ့သူက ဆီဆိုင်နားက ကောင်းမူဗွာရွာ၊ ထီမန်းရွာ မှာ ရေသွားခပ်လို့ရတယ်၊ ဆိုင်ကယ်မရှိတဲ့သူကတော့ ဒီမှာပဲထိုင် စောင့်တာပေါ့” ဟု ထီဟန်းထုံးရွာဒေသခံ နန်းသဲင်ကေားက ပြော သည်။

ထီဟန်းထုံးရွာတွင် ရေတွင်းတစ်တွင်းသာရှိပြီး ရွာမှာ အိမ်ခြေပေါင်း ၃၀ကျော်ရှိသဖြင့် သောက်ရေသုံးရေ လောက်ငှမှုမရှိပဲ ဖြစ်နေသည်။

ထီဟန်းထုံးကျေးရွာအနီးရှိ လဲင်းနျားရွာတွင်လည်း နွေရာသီရေရှားပါး မှုကို ခံစားနေရပြီး အခြားကျေးရွာဒေသများရှိ ရေကိုခက်ခဲစွာ သယ်ယူအသုံးပြုနေရကြောင်းသိရသည်။

ရေရှားပါးမှုရေရှည်စီမံကိန်းနှင်ပတ်သက်ပြီး ဆီဆိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်လှသိန်းကို ဆက်သွယ်မေးမြန်ရာမှာ“အဲဒေသမှာ အရင်နှစ်က လည်း ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ကိုယ်တိုင်လာကြည့်ပြီးရေလှူပေးခဲ့တယ်၊

ဒီနှစ် လည်းသဘာဝဘေးကိုထပ်တင်ပြမယ်၊ ကျေးလက်ဦးစီးဌာနအနေနဲ့ ရေလှောင်ကန်ရှိရင် ရေဖြည့်ပေးမယ့်အစီစဉ်ရှိတယ်၊ ရေရှည်စီမံကိန်းက လုပ်ဖို့လိုတယ် တစ်ဦးတစ်ယောက် တာဝန်တော့မဟုတ်ဘူးလေ၊

သစ်ပင်တွေမရှိတော့ရေရှားတာလည်းပါတယ်၊ ပညာပေးတွေလုပ်ဖို့လည်းလိုတာပေါ့ နှစ်စဉ် ကျေးလက်ဦးစီးဌာနအနေနဲ့ ရေရှားတဲ့ဒေသမှာ သူတို့ရေလှူပေးပါတယ်´´ဟု ပြောသည်။

ထို့အပြင်ရေထွက်နိုင်သည့်နေရာတွင် စီမံချက်များရှိပြီး ဖာလှိုင်ရွာတွင် ရေဂါလံခြောက်သောင်းဆန့် ရေလှောင်ကန်လုပ်ပေးရန် ၂၀၂၀-၂၀၂၁ ဘတ်ဂျက်တွင်တင်ထားကြောင်း၊ ထီဟန်းထုံးရွာတွင်မပါသေးကြောက်း ၎င်းကဆက်ပြောသည်။

“အဝီစိတူးရင်လည်း ရေမထွက်လောက်ဘူး၊ အရင်က ကျေးလက်ရုံး ကလာတိုင်းဖူးတယ်၊ ချောက်တွေများလို့ ရေမထွက်နိုင်ဘူးတဲ့၊

အခုချိန်မှာတော့ ဒီတိုင်းပဲဖြေရှင်းနေရတယ် ကိုယ့်ဟာနဲ့ကိုယ်ပဲ ကြံစည်ရတယ်၊ ကျွန်မတို့ရွာကို ရေလှောင်ကန်လုပ် ပေးနိုင်ရင် ကောင်းမယ်၊ သစ်ပင်တွေလည်းအများကြီးရှိပေမယ့် ရေကမထွက် ဘူး၊

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တတ်သိပညာရှင်တွေကို မေးမြန်း ထားပေမယ့် ဒီလိုမျိုး ချောက်တွေ၊ များနေရင် ရေမထွက်ဘူးလို့ဆိုကြ တယ်၊ ရေလှောင်ကန်အကြီးကြီး လိုချင်ပါတယ်” ဟု သူမ ကထပ်ပြောသည်။

နွေရာသီတွင် သောက်သုံးရေရှားပါးမှု၊ သောက်သုံးရေပြတ်လပ်မှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းခြင်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ၊ အစာအဆိပ်သင့်ခြင်းရောဂါ၊ အထက်လှန်အောက်လျှော ရောဂါများ၊ ရေဓာတ်ဆုံးရှုံးခြင်း များဖြစ်နိုင်ကြောင်း သိရှိရသည်။

သောက်သုံးရေပြတ်လပ်ခြင်း၊ ရေမသန့်ခြင်းကြောင့် တစ်ကိုယ်ရည် သန့်ရှင်းမှုကျဆင်းလာသလို မသန့်ရှင်းတဲ့ ရေကို သောက်သုံးရလို့ ဝမ်းလျှော၊ ဝမ်းပျက်၊ ဝမ်းကိုက်ရောဂါတွေ ခံစားရနိုင်ပါသည်။

သစ်ပင်များနည်းပါးသည့်အတွက် ဆီဆိုင်မြို့နယ် တစ်ခုလုံးတွင် ရေရှားပါးမှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုဖြစ်ပွားလာပြီဖြစ်ကြောင်း လွတ်တော်ကိုယ်စားလှယ် ထံသိရသည်။

Source – ခမ်းသားငေါဝ်း

Be the first to comment

Leave a Reply

Your email address will not be published.


*