ကိုရိုနာဗိုင်း ရပ်စ် အရေးေ ပါ် အသက်ရှူ စက် လှူဒါန်း ဖို့ သိန်း၅၀ မတည် လှူဒန်းလိုက်တဲ့ စေတနာရှင်မလေး

ကို ရိုနာဗိုင်းရပ်စ် အရေးပေါ် အသက်ရှူစက် လှူဒါန်းဖို့ သိန်း၅၀ မတည်လှူဒန်းလိုက်တဲ့ စေတနာရှင်မလေး။ သိန်း ၁၃၀ နဲ့ စက်က ရောင်းပေးမယ်လို့ ကုမ္ပဏီက ဆက်သွယ်လာပါတယ်တဲ့။

ယခု လှူဒါန်းငွေက ၃၅သိန်း ဆိုတော့ စုစုပေါင်း ၈၅သိန်း ရှိပါပြီ။ စက်ဖိုး မြန်မြန်ပြည့်အောင် ဝိုင်းဝန်းလှူဒါန်း နိုင်ပါတယ်ဆိုတဲ့အကြောင်း သူမကိုယ်စား ကျနော်တို့ cele news media ကနေ ပြောကြားပါရစေနော်။

မနေ့က သူမ လှူဒါန်းဖို့ စိတ်ပါသွားရတဲ့ အကြောင်းကိုလည်း အခုလို ပြောပြပါတယ်။”ကိုယ် ဒီရက်တွေ လည်ချောင်းယားပြီး အသက်ရှု မကောင်းဖြစ်တယ်။ အမှိုက် မီးရှို့တဲ့ မီးခိုးငွေ့ကို ရှုမိတာ။ရင်လေးကျပ်လာလိုက် ရှုဆေးလေး ထုတ်ရှုလိုက်။

မနေ့က ရုတ်ရုတ်သဲသဲဖြစ်တော့ ရှုဆေး ၂ ဗူး သွားပြေးဝယ်ရသေးတယ်။ဒီလို သေးသေးလေးတောင် ခံရခက်ရင် Covid 19 ကြောင့် အဆုတ် ၂ ခြမ်းလုံး ရက်ပိုင်းအတွင်းပျက်စီးတဲ့ သူတွေဆို ဘယ်လောက် ခံစားမလဲ တွေးပြီး စိတ်မကောင်းဖြစ်ရတယ်။

ဒါကြောင့် အသက်ရှုစက် တစ်လုံး ဝယ်လှုဖို့ သိန်း ၅၀ မတည်ပါတယ်။ Covid ကြောင့်မဟုတ်လည်း အခြား ရောဂါသည်းတဲ့ လူနာတွေအတွက် အကျိုးများပါတယ်။ ဒီအလှူဟာ T & H Maths Centre မှာ တက်သွားခဲ့တဲ့၊

တက်နေတဲ့ ကျောင်းသားတွေရဲ့ အလှူဆိုလည်း မမှားပါဘူး။စက်က သိန်း ၁၃၀ တန်တယ် ဆိုလို့ ကျန်ငွေကို T & H Page မှာရော ကျွန်မ account မှာရော ကြေငြာပြီး အလှူခံပါတယ်။နည်းများမဆို ထည့်ဝင်လှူဒါန်းလို့ ရပါတယ်ရှင်။

9.3.2020 ညနေ ၅ နာရီ စာရင်းပိတ်ပါမယ်ရှင်။” ဆိုပြီး အများပေါင်းစု ကောင်းမှူ ပြုနိုင်အောင် ယေနှိုးဆော်စာလေး ရေးသား မျှဝေထားတာပါနော်။ မိတ်ဆွေတို့လည်း တကျပ်တတ်နိုင်သည်ဖြစ်စေ တစ်မတ်တတ်နိုင်သည်ဖြစ်စေ ပါဝင် လှူဒါန်း နိုင်ပါကြောင်း…..။

Crd:CeleNewsMedia

Be the first to comment

Leave a Reply

Your email address will not be published.


*