ဖုန်းဟန်း စက် ဝယ် သွားပြီး ပိုက်ဆံ‌ပေး ဖို့ မေ့သွားသူ မိနစ် ပိုင်းအတွင်း ပိုက်ဆံလာပေးတဲ့ ရိုးသားတဲ့ သူ




Credit –

အရမ်း ရိုးသားတဲ့ခလေးမို့ ကျွန်မတို့ဆိုင်ကဂုဏ်ပြုလက်ဆောင်လေးတွေ ပြန်ပေးလိုက်တာပါ မနေ့ကဆိုင်မှာဝယ်သူသုံးလေးဦးလောက်ကျသွားတဲ့အချိန် အဲ့ခလေးတွေလည်းphလာဝယ်တယ် ပိုက်ဆံမေ့ပြီးမပေးသွားကြဘူးဆိုင်ကဝန်ထမ်းတွေကလည်းသူယူသလိုလိုငါယူသလိုလိုနဲ့ဖြစ်နေကြပြီ

ကိုယ်တွေလည်းဘယ်ကိုလိုက်ရမှန်းမသိ 5မိနစ်လောက်ကြာတော့ အဲ့ခလေးလေးပြန်ရောက်လာတယ် သူမေ့ပြီးမပေးမိတာပါဆိုပြီးလာပြန်ပေးတယ်၃သိန်းနဲ့၉ထောင်ပါ

တော်ရုံခလေးဆိုလာပြန်ပေးမှာမဟုတ်တော့ဘူးလေ အခုလိုသူများပစ္စည်းဆိုအလကားလိုချင်တဲ့သူတွေပေါများနေတဲ့ခေတ်ကြီးမှာအခုလိုခလေးတွေတွေ့ရတော့ အရမ်းဝမ်းသာမိပါတယ် ကျေးဇူးပါသားရေ ဘဝတစ်သက်တာလုံးအေးချမ်းပျော်ရွှင်ပါစေ

Credit –

Be the first to comment

Leave a Reply

Your email address will not be published.


*