မြန်မာနိုင်ငံမှာ ဘယ်ခေတ်မှာမှ မရှိခဲ့ဖူးသေးတဲ့ ဟိုတယ်စားသောက်တွဲ ဝန်ဆောင်မှုပါဝင်တဲ့ အဆင့်အမြင့်ဆုံး ရထား …. စီးဖူးတယ်ရှိ အောင် စီးကြည့်အုံးမှပါ………..








Unicode

မြန်မာနိုင်ငံမှာ ဘယ်ခေတ်မှာမှ မရှိခဲ့ဖူးသေးတဲ့ ဟိုတယ်စားသောက်တွဲ ဝန်ဆောင်မှုပါဝင်တဲ့ အဆင့်အမြင့်ဆုံး ရထား ….

၂၀၂၀ပြည့်နှစ် မတ်လ ၂၁ရက်နေ့မှစတင်ပြေးဆွဲမည့် မန္တလေး-မြစ်ကြီးနား Air Con: တွဲဆိုင်း+စား သောက်တွဲနှင့်မန္တလေးမှရွှေဘိုအထိစမ်းသပ်ပြေးဆွဲပါသည်။

စားသောက်တွဲဝန်ဆောင်မှုအတွက် သတင်းစာမှတင်ဒါခေါ်ယူရွေးချယ်ခဲ့ရာ တင်ဒါအောင်မြင်သော Amazing Hotel ၏အကြိုပြင်ဆင်ဆောင်ရွက်ထားမှုကိုပါ စစ်ဆေးခဲ့ပါသည်။

ယခင်မြင်တွေ့နေကျစားသောက်တွဲရောင်းချမှုမျိုးမဟုတ်တော့ဘဲအဆင့်မီ သန့်ရှင်းသောဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။လမ်းခရီးတွင် ရွှေဘို၊ကန့်ဘလူ၊ကောလင်း၊နဘား၊မိုးညှင်း၊ဟိုပင်၊မိုးကောင်းဘူတာများ၌ရပ်တန့်ပေးသွားမည်ဖြစ်ပါသည်။

ခရီးစဉ်အစအဆုံးလက်မှတ်ခမှာကျပ် နှစ်သောင်းဖြစ်ပါသည်။

တွဲဆိုင်းအသစ်(ကိုရီးယားမိတ်) ၊ဝန်ဆောင်မှုအသစ်နှင့်ခရီးသွားပြည်သူပြည်သားများကို မြန်မာ့မီးရထားဝန်ထမ်းများက မင်္ဂလာပါဟုနှုတ်ခွန်းဆက်သကြိုဆိုလျက်၊လာရောက်စီးနင်းအသုံးပြုကြပါရန်ဖိတ်ခေါ်အပ်ပါသည်။

လေးစားစွာဖြင့် ခရစ်ဒက် ……GM ဦးအောင်မြင့်လှိုင် (မြန်မာ့မီးရထား)

Be the first to comment

Leave a Reply

Your email address will not be published.


*