ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် စံပြဈေး ကားမှတ်တိုင်အနီးက လက်ဆေးဘေစင် (၂)ခု …..

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် စံပြဈေး ကားမှတ်တိုင်အနီးက လက်ဆေးဘေစင် (၂)ခု…

Covid-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်ပြီး အများပြည်သူ လက်ဆေးနိုင်ရန်အတွက် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေး ကားမှတ်တိုင်အနီးတွင် လက်ဆေးစင်နှင့် လက်သန့်ဆေးရည်များ ထားရှိထားမှု ကို မတ်လ ၁၇ ရက်နံနက်ပိုင်းက တွေ့ရသည်။

ထို့ပြင် အခြားလူစည်ကားရာ နေရာများဖြစ်သည့် သံသုမာလမ်းစံပြဈေးမှတ်တိုင်၊ လေးထောင့်ကန်လမ်းမကြီး နှင့် အခြားနေရာများတွင် လည်း ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။




စံပြဈေး ကားမှတ်တိုင် အနီးမှာ ဘေဇင်နှစ်ခုနဲ့ဆပ်ပြာဆီကို ရေပိုက်သွယ်တန်းပြီး ရေဆင်းပိုက်ကိုပါ စနစ်တကျ သွယ်တန်းဆောင်ရွက်ပေးခဲ့ပါတယ်။





Min Min Tun

unicode version

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် စံပြစျေး ကားမှတ်တိုင်အနီးက လက်ဆေးဘေစင် (၂)ခု…

Covid-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်ပြီး အများပြည်သူ လက်ဆေးနိုင်ရန်အတွက် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စံပြစျေး ကားမှတ်တိုင်အနီးတွင် လက်ဆေးစင်နှင့် လက်သန့်ဆေးရည်များ ထားရှိထားမှု ကို မတ်လ ၁၇ ရက်နံနက်ပိုင်းက တွေ့ရသည်။

ထို့ပြင် အခြားလူစည်ကားရာ နေရာများဖြစ်သည့် သံသုမာလမ်းစံပြစျေးမှတ်တိုင်၊ လေးထောင့်ကန်လမ်းမကြီး နှင့် အခြားနေရာများတွင် လည်း ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လက်ဆေးဘေစင်ထားရှိပေးခြင်းများကို မရွေးလူမှုကူညီရေး အသင်းမှ တစ်နိုင်တစ်ပိုင် လှုပ်ရှားမှု အဖြစ် ထားရှိဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

လူမှုကူရေးအသင်းမှ ကိုမင်းမင်းထွန်း ရေးသားထားသည်မှာ…

“တစ်ယောက်တစ်လက်ဝိုင်းလို့ကူ”

စံပြစျေး ကားမှတ်တိုင် အနီးမှာ ဘေဇင်နှစ်ခုနဲ့ဆပ်ပြာဆီကို ရေပိုက်သွယ်တန်းပြီး ရေဆင်းပိုက်ကိုပါ စနစ်တကျ သွယ်တန်းဆောင်ရွက်ပေးခဲ့ပါတယ်။

ပထမတစ်ရက် စောင့်ကြည့်ခဲ့တဲ့ အခါ တော်တော်များများ လက်ဆေးကြတာကို တွေ့ရပါတယ်။ ဆပ်ပြာဆီကို လာရောက် ထားပြီး လှူကြတဲ့လူတွေလည်း ရှိပါတယ်။ ရေကိုတော့ အနီးအနားဝန်ကျင်က အိမ်တွေက လှူပါတယ်။

မနက်ဖြန် ငါးနေရာထားရှိဖို့ သွားရောက်ကြည့်ရှူခဲ့ကြပြီး အနီးအနားအိမ်တွေထံ ရေအား ကူညီပေးဖို့ မေတ္တာရပ်ခံကြပါတယ်။ အိမ်ရှင်တွေကလည်း အားတက်သရော ပူးပေါင်းကူညီပေးကြမယ် ဆိုတာ သိရလို့ ပူးပေါင်းမှု အပိုင်း အားရစရာဖြစ်ခဲ့ရပါတယ်။

လူစည်းကားတဲ့ နေရာတွေမှာ ထားရှိပေးသွားဖို့ ကြိုးစားလျက်ရှိပါတယ်။

Min Min Tun

Be the first to comment

Leave a Reply

Your email address will not be published.


*