ဧရာဝတီ
unicode
မြန်မာနိုင်ငံ က ကိုဗစ် ကာကွယ်ရေး ဈေးခင်းပုံ ကို နိုင်ငံတကာက သဘော ကျနေ
မြန် မာနိုင်ငံက နယ်မြို့များ မှာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို ကာကွယ်နိုင်ရေး အတွက် ကုန်စိမ်း ဈေးခင်းပုံများ ကို နိုင်ငံတကာ အင်တာနက် အသုံးပြုသူများက သဘောကျနေကြတယ်လို့ သိရပါတယ်။
Jain Weraphong ဆို တဲ့ Facebook အကောင့်က တင်ထားတဲ့ ဓာတ်ပုံတွေ ကို မျှဝေသူတွေ များခဲ့ပြီး အပြု သဘောဆန်တဲ့ မှတ်ချက်များ ပေးခဲ့ကြပါတယ်။ ဓာတ်ပုံဟာ ရှမ်းပြည်နယ
ကလောမြို့က ဈေးတခုကို လမ်းမပေါ်မှာ အကွက်ချပြီး ခင်းထားတာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ အကွာ အဝေးအတိုင်း ခင်းထားတာလည်း ဖြစ်ပါတယ်။
အဲဒီဈေးခင်းပုံ ဟာ မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတဦးထံကနေ စတင် ပြန့်ပွားခဲ့တာ ဖြစ်ပြီး နိုင်ငံရဲ့ နယ်မြို့တော်တော် များများမှာ အဲဒီလို ဈေးခင်းပုံကို လိုက်လံ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ မှာ COVID-19 ကူးစက်မှု ဒုတိယအနည်းဆုံး နိုင်ငံ အဖြစ် ရပ်တည်နေပြီး နံပါတ် ၁ နေရာမှာတော့ လာအိုနိုင်ငံ ရှိနေပါတယ်။
ဧရာဝတီ
Be the first to comment
Leave a Reply
Your email address will not be published.
*