အလုပ္လက္မဲ့ျဖစ္သြားခဲ့ၿပီး စားေသာက္ဖို ႔ပိုက္ဆံမ႐ွိေတာ့လို႔ 391မိုင္ေဝးတဲ့ ရြာကို စက္ဘီးစီးၿပီး ျပန္ခဲ့ရတဲ့ အဘိုးအို . . .

Covid – 19 ကူးစက္ေရာဂါ ျဖစ္ပြားေနတဲ့အခ်ိန္ကာလမွာ ႏိုင္ငံအေတာ္မ်ားမ်ားက ေအာက္ေျခအလုပ္သမားမ်ားဟာ အလုပ္လက္မဲ့ျဖစ္လာခဲ့ၾကတဲ့အျပင္ ၊ ဝင္ေငြေတြလည္း မ႐ွိၾကေတာ့လို္႔

တစ္ခ်ိဳ႕ဆိုရင္ ဆာေလာင္ၿပီးခက္ခဲၾကမ္းတမ္းတဲ့အျဖစ္မ်ိဳးနဲ႔ ၾကံဳေတြ႔ေနရလ်က္႐ွိပါတယ္ ။

ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံက အဘိုးအိုတစ္ေယာက္ဟာ လံုျခံဳေရးဝန္ထမ္းအလုပ္ကေနအလပ္ထုတ္ခံခဲ့ရလို႔ ေရြးခ်ယ္စရာမ႐ွိေတာ့ဘဲ သူ၏ေမြးရပ္ေျမရြာဆီသို႔ စက္ဘီးစီးၿပီးျပန္ခဲ့ရတဲ့အျဖစ္ဟာ social media ေပၚမွာ အေတာ္ေလးလူေျပာမ်ားေနလ်က္႐ွိပါတယ္ ။

အဘိုးအိုရဲ႕အျဖစ္ဟာ ပိုၿပီးဝမ္းနည္းေစခဲ့တာကေတာ့ လက္ထဲမွာပိုက္ဆံမ႐ွိေတာ့လို႔ ခရီးတစ္ေလ်ွာက္ စားစရာ ႏွင့္ ေသာက္ေရတို႔ကိုပါ မဝယ္ႏိုင္ခဲ့လို႔ပါဘဲ ။

အဘိုးအိုဟာ ထိုင္းႏိုင္ငံ ၊ Rayong ၿမိဳ႕ကေန Ubon Ratchathani ၿမိဳ႕ေရာက္တဲ့အထိ စက္ဘီးစီးျပန္ႏိုင္ဖို႔ရည္ရြယ္ထားၿပီး ခရီးအ႐ွည္မွာ 630 km အထိ ႐ွိတဲ့အတြက္ အဘိုးအိုတစ္ေယာက္အေနနဲ႔ ရြာျပန္ေရာက္ႏိုင္ဖို႔ ရက္အနည္းငယ္ၾကာႏိုင္ေသးေၾကာင္း သိ႐ွိရပါတယ္ ။

အဘိုးအိုကို ေတြ႔႐ွိခဲ့တဲ့ Ms Wipaporn ၏ေျပာျပခ်က္အရ အဘိုးအိုဟာ လံုျခံဳေရးဝန္ထမ္းဝတ္စံုကို ဝတ္ဆင္ထားေသးၿပီး အေတာ္ေလးအားနည္းေနၿပီး ေမာပန္ေနပံုရေၾကာင္း သိ႐ွိရပါတယ္။

ထို႔အျပင္ အဘိုးအိုဟာ အျမင္အာရံုအားနဲေနခဲ့ၿပီး ၊ မ်က္စိအျမင္အာရံုကို ကုသဖို႔အတြက္ ေငြေၾကးမ႐ွိေၾကာင္းလည္း အဘိုးအိုကေျပာျပခဲ့ပါတယ္ ။

အခ်ိဳ႕ေသာ ခရီးသြားမ်ားက အဘိုးအိုအားေတြ႔႐ွိၿပီး စားစရာမ်ားေပးကမ္းလႉဒါန္းခဲ့ၾကၿပီး ၊ Ms Wipaporn ကေတာ့ အဘိုးအိုအတြက္ ခရီးလမ္းစရိတ္အနည္းငယ္ကူညီေပးခဲ့ေၾကာင္း ႏွင့္ အဘိုးအိုမွာေတာ့ သူ၏ရြာသို႔ ဆက္ၿပီး စက္ဘီးစီးျပန္သြားခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine

Source: worldofbuzz

unicode version

Covid – 19 ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့အချိန်ကာလမှာ နိုင်ငံအတော်များများက အောက်ခြေအလုပ်သမားများဟာ အလုပ်လက်မဲ့ဖြစ်လာခဲ့ကြတဲ့အပြင် ၊ ဝင်ငွေတွေလည်း မရှိကြတော့လို့်

တစ်ချို့ဆိုရင် ဆာလောင်ပြီးခက်ခဲကြမ်းတမ်းတဲ့အဖြစ်မျိုးနဲ့ ကြုံတွေ့နေရလျက်ရှိပါတယ် ။

ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက အဘိုးအိုတစ်ယောက်ဟာ လုံခြုံရေးဝန်ထမ်းအလုပ်ကနေအလပ်ထုတ်ခံခဲ့ရလို့ ရွေးချယ်စရာမရှိတော့ဘဲ သူ၏မွေးရပ်မြေရွာဆီသို့ စက်ဘီးစီးပြီးပြန်ခဲ့ရတဲ့အဖြစ်ဟာ social media ပေါ်မှာ အတော်လေးလူပြောများနေလျက်ရှိပါတယ် ။

အဘိုးအိုရဲ့အဖြစ်ဟာ ပိုပြီးဝမ်းနည်းစေခဲ့တာကတော့ လက်ထဲမှာပိုက်ဆံမရှိတော့လို့ ခရီးတစ်လျှောက် စားစရာ နှင့် သောက်ရေတို့ကိုပါ မဝယ်နိုင်ခဲ့လို့ပါဘဲ ။

အဘိုးအိုဟာ ထိုင်းနိုင်ငံ ၊ Rayong မြို့ကနေ Ubon Ratchathani မြို့ရောက်တဲ့အထိ စက်ဘီးစီးပြန်နိုင်ဖို့ရည်ရွယ်ထားပြီး ခရီးအရှည်မှာ 630 km အထိ ရှိတဲ့အတွက် အဘိုးအိုတစ်ယောက်အနေနဲ့ ရွာပြန်ရောက်နိုင်ဖို့ ရက်အနည်းငယ်ကြာနိုင်သေးကြောင်း သိရှိရပါတယ် ။

အဘိုးအိုကို တွေ့ရှိခဲ့တဲ့ Ms Wipaporn ၏ပြောပြချက်အရ အဘိုးအိုဟာ လုံခြုံရေးဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားသေးပြီး အတော်လေးအားနည်းနေပြီး မောပန်နေပုံရကြောင်း သိရှိရပါတယ်။

ထို့အပြင် အဘိုးအိုဟာ အမြင်အာရုံအားနဲနေခဲ့ပြီး ၊ မျက်စိအမြင်အာရုံကို ကုသဖို့အတွက် ငွေကြေးမရှိကြောင်းလည်း အဘိုးအိုကပြောပြခဲ့ပါတယ် ။

အချို့သော ခရီးသွားများက အဘိုးအိုအားတွေ့ရှိပြီး စားစရာများပေးကမ်းလှူဒါန်းခဲ့ကြပြီး ၊ Ms Wipaporn ကတော့ အဘိုးအိုအတွက် ခရီးလမ်းစရိတ်အနည်းငယ်ကူညီပေးခဲ့ကြောင်း နှင့် အဘိုးအိုမှာတော့ သူ၏ရွာသို့ ဆက်ပြီး စက်ဘီးစီးပြန်သွားခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine

Source: worldofbuzz

Be the first to comment

Leave a Reply

Your email address will not be published.


*