အိမ်ခြေ(၁၀၀)ကျော်တို့အား ဆန်(၃)ပြည်၊ဆီ(၅၅)ကျပ်သား၊ငွေ(၃၀၀၀)တို့ကို လှူဒါန်းခဲ့တဲ့ သရုပ်ဆောင်ဒိန်းဒေါင်

ပရိသတ်ကြီးရေ ဟာသလူရွှင်တော်တစ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင်ကတော့ ဇာတ်ပို့သရုပ်ဆောင်လည်းဖြစ်လို့ ဗီဒီယိုဇာတ်ကားတွေ၊ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးပါတယ်နော်။

ဒိန်းဒေါင်ရဲ့ ဟာသလေးတွေကို ပရိသတ်တွေကလည်း သဘောကျကြလို့ ယနေ့အချိန်ထိတိုင် တစ်ခဲနက်အားပေးနေကြတာဖြစ်ပါတယ်။ဒိန်းဒေါင်က ခင်လှိုင်နဲ့လည်း အတွဲညီပြီး အနုပညာအလုပ်တွေကို အတူတူလုပ်ဆောင်ခဲ့ကြပါတယ်။

ဒိန်းဒေါင်က ကိုယ်ပိုင်မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသစွာနဲ့ မိသားစုကိုစောင့်ရှောက်နေတာဖြစ်ပါတယ်။

ဒိန်းဒေါင်ရဲ့ အနုအရည်အသွေးတွေကို ပရိသတ်တွေကလည်းလက်ခံအားပေးကြလို့ အနုပညာလောကမှာ နေရာတစ်နေရာကနေရပ်တည်နေတာပါနော်။ဒိန်းဒေါင် စိတ်သဘောထားလည်းပြည့်ဝပြီး မာန်မာနကင်းမဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒိန်းဒေါင်က အလှူအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက်ကို မကြာခဏလှူဒါန်းနေတာဖြစ်ပါတယ်။ယခုcovid19ကာလမှာဆိုရင်လည်း လိုအပ်တဲ့သူတွေကို တတ်နိုင်သလောက်ကူညီပေးနေတာပါနော်။

အခုဆိုရင်လည်း ဒိန်းဒေါင်က”ဆန်3ပြည် ဆီ55ကျပ်သား ငွေ3000ကျပ် အိမ်ခြေ100ကျော်တို့အားလှူဒါန်းပြီးပါပြီအလှူရှင်များကူညီပေးကြသောပရဟိတညီကိုမောင်နှမများအားလုံးသာဓုပါ”ဆိုပြီး အလှူပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*