







Unicode ဖြင့်ဖတ်ပါ

★★★★★

ကျေးရွာမီးလင်းရေးအတွက် အလှူငွေသိန်း(၅၀)မတည်ခဲ့တဲ့အပြင် ရွာသူရွာသားတွေကို ဆန်တစ်တင်းနဲ့ ဆီတစ်ဘူးဆီ လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး

ဖြူဖြူထွေးကတော့ တက္ကသိုလ်ကျောင်းကပွဲကတဆင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ နာမည်ကြီးလာသူတစ်ယောက်ဖြစ်ပါတယ်။ ရိုးသားတဲ့ တောသူလေးပီပီ ပွင့်လင်းလွန်းတဲ့ ဖြူဖြူထွေးက သူမကိုယ်တိုင်လည်း

ချို့တဲ့တဲ့ဘဝမှာ ကြီးပြင်းလာခဲ့ရသူမို့ အခက်အခဲဖြစ်နေသူတွေကို ကူညီပေးနေလျက်ရှိပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းသလို စိတ်ထားလေးလည်း ဖြူစင်တဲ့ ဖြူဖြူထွေးကို ချစ်ခင်အားပေးကြပါတယ်။

ဒီနေ့မှာလည်း ဖြူဖြူထွေးက သူမရဲ့ မွေးရပ်မြေ ကျေးရွာလေး မီးလင်းစေရေးအတွက် အလှူငွေသိန်း(၅၀)မတည်ခဲ့တဲ့အပြင် ရွာသူရွာသားတွေကို ဆန်တစ်တင်းနဲ့ ဆီတစ်ဘူးဆီ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Cele Connections ပရိသတ်တွေ ပီတိဖြစ်ရအောင် ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ဖြူဖြူထွေးကတော့ အောင်မြင်လာတာနဲ့အမျှ လူကြီးမိဘအပေါ် သိတတ်ပြီး ကိုယ့်ရပ်ရွာအကျိုးကို သယ်ပိုးဆောင်ရွက်သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း မွန်မြတ်လှတဲ့ ဖြူဖြူထွေးရဲ့ ကုသိုလ်လေးကိုကြည့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်နော်။

Source: Phyu Phyu Htwe ‘s fb

Bilie – Cele Connections

Be the first to comment

Leave a Reply

Your email address will not be published.


*