ဧရာမ နှာခေါင်းစည်းပုံစံ ဖက်ရှင်လွယ်အိတ်များ အွန်လိုင်းတွင် ရောင်းချလာ

COVID-19 ကပ်ရောဂါကြောင့် လတ်တလော လူတွေအပြင်ထွက်ကြတဲ့အခါ ဗိုင်းရပ်စ်ကာကွယ်ဖို့ နှာခေါင်းစည်းတွေ မပါမဖြစ် တပ်ဆင် သွားကြရပါတယ်။

အရင်တုန်းက နှာခေါင်းစည်းတွေကို ခွဲစိတ်ခန်းတွေ၊ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ၊ ဓာတုဗေဒနဲ့ ဆေးဝါးဌာနတွေမှာသာလျှင် တပ်ဆင်အသုံးပြုကြတာ

များကြပေမယ့် ဒီနေ့ခေတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် လူတိုင်း လိုလို နှာခေါင်းစည်းတွေကို တပ်ဆင်သွားလာနေကြရတာမှာ ဖက်ရှင်တစ်ခုလိုတောင် ဖြစ်လာခဲ့ပါပြီ။

တစ်ခါသုံး နှာခေါင်းစည်းတွေအပြင် အဝတ်အထည်စတွေနဲ့ ချုပ်လုပ်တဲ့ ပြန်လည်သန့်စင် အသုံးပြုနိုင်တဲ့ အဝတ်နှာခေါင်းစည်းတွေရော လူတွေအသုံးပြုလာကြပြီး တစ်ချို့ဆိုရင်

နှာခေါင်းစည်းတွေကို ဆန်းသစ်တဲ့ စိတ်ကူးတွေနဲ့ ပေါင်းစပ်ဖန်တီးပြီး ပိုပြီး အသုံးအဆင်ပြေစေ တဲ့ ပုံစံတွေနဲ့ အသုံးပြုလာကြတာကိုတောင် တွေ့ကြရမှာပါ။

ဒီတစ်ခါမှာတော့ လူတွေရဲ့အမြင်မှာပိုပြီး နေသားကျလာပြီဖြစ်တဲ့ နှာခေါင်းစည်းပုံစံကိုမှ ဒီနေ့ ခေတ်ရေစီးကြောင်း ဖက်ရှင်ပုံစံ တစ်ခု အနေနဲ့ ဧရာမနှာခေါင်းစည်းပုံစံ လွယ်အိတ်အဖြစ် ပေါင်းစပ်ဖန်တီး ထုတ်လုပ်လာတာ ဖြစ်ပါတယ်။

ဧရာမအရွယ်အစားရှိတဲ့ ခွဲစိတ်ခန်းနှာခေါင်းစည်းပုံစံနဲ့ လွယ်အိတ်ဖြစ်ပြီး တွစ်တာမှာ နမူနာပုံနဲ့ ပို့စ်တင်လိုက်ချိန်မှာတင် စိတ်ဝင်စားကြပြီး ဝယ်ယူအားပေး လိုသူတွေလည်း ပေါ်ထွက်လာခဲ့ ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အဝတ်အထည်နဲ့ ပုံနှိပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Arlie Percetakan Kain က ဒီနှာခေါင်းစည်းပုံစံ လွယ်အိတ်ဒီဇိုင်းကို ထွင်လိုက်တာဖြစ်ပြီး မေလ ၁၈ ရက်ထိ အမှာစာတွေကို ကြိုတင်လက်ခံခဲ့တာ ဖြစ်ပါတယ်။

လွယ်အိတ်ကို ဝယ်သူကိုယ်တိုင်က ချုပ်လုပ်ရတဲ့ပုံစံမျိုးနဲ့ ရောင်းချသွားမှာဖြစ်ပြီး အထည်စ၊ လွယ်ကြိုး၊ အချုပ်အလုပ် ဆက်စပ်ပစ္စည်း တွေနဲ့ ချုပ်လုပ်ပုံလမ်းညွှန် ပါရှိမယ်လို့ သိရပါတယ်။

အွန်လိုင်းက မှာယူထားတဲ့ သူတွေကို မေလ ၂၆ ရက်ကစပြီး ဧရာမနှာခေါင်းစည်းပုံ လွယ်အိတ်တွေ စတင် ပို့ဆောင်ပေးသွားမယ် လို့လည်း ဆိုပါတယ်။

Source – ပြည်မြန်မာ

Be the first to comment

Leave a Reply

Your email address will not be published.


*