သနပ္ခါးလိမ္းတဲ့ ပ်ိဳေမမ်ား သတိထားသင့္သည့္ သနပ္ခါးေသြးနည္း

သနပ္ခါးဟာ ျမန္မာျပည္မွာသာ ရွိတဲ့ တန္ဖိုးထားရမယ့္ ႐ိုးရာ လိမ္းျခယ္စရာ လို႔ ဆိုရမွာပါ… ေႏြမွာ ေအးၿပီး ေဆာင္းမွာေႏြးတဲ့ သနပ္ခါးကို ျမန္မာမိန္းကေလးေတြ ကေလးေတြက ႏွစ္သက္စြာ လိမ္းျခယ္ၾကတာပါ…..

အသားအေရကိုလည္း လွပေစတဲ့အျပင္ က်က္သေရရွိရွိလွေစတာေၾကာင့္ သနပ္ခါးလိမ္းထားတဲ့ မိန္းမပ်ိဳေလးေတြဆို ျမင္သူက ခ်စ္ခင္ႏွစ္သက္ၾကတာပဲ ျဖစ္ပါတယ္….

ဒီလို အဘက္ဘက္က အသုံးဝင္တဲ့ သနပ္ခါးကို ေက်ာက္ပ်ဥ္အသစ္နဲ႔ ေသြးလိမ္းတဲ့အခါမွာ သတိထားရမွာေတြ ရွိပါတယ္..ေရထည့္ၿပီး သနပ္ခါးတုံးနဲ႔ ေသြးလိုက္႐ုံနဲ႔ မရပါဘူး….

ဘယ္လို ေသြးရမလဲဆိုတာကို ေအာက္မွာ ေဖာ္ျပေပးထားပါတယ္…ပ်ိဳေမတို႔ သတိထားရေအာင္ပါ…

“ေက်ာက္သား အစစ္ကိုထြင္းထားတဲ့ ေက်ာက္ပ်ဥ္ ျဖစ္ျဖစ္ ဘိလပ္ေျမ လိုမ်ိဳးကို ပုံျပဳထားတဲ့ ေက်ာက္ပ်ဥ္ျဖစ္ျဖစ္ ပထမဦးဆုံး အသုံးမျပဳခင္မွာ ဝယ္လာတဲ့ေက်ာက္ပ်ဥ္ ကိုေရစင္စင္ ေဆးၿပီး ေက်ာက္ပ်ဥ္ကို ေရပုန္းထဲကို ထည့္ၿပီးေရနဲ႔ တစ္ညစိမ္ထားပါ

…ေနာက္တစ္ရက္မွာ နႏြန္းတက္နဲ႔ ဆီ+ဆား နဲ႔ကို ေသြးၿပီး တစ္ေနကုန္ ေနလွမ္းထားရပါတယ္ …ဆီေျခာက္ေတာ့မွ သနပ္ခါးေက်ာက္ပ်ဥ္ကို ေရထပ္ေဆးၿပီး မိမိႀကိဳက္ႏွစ္သက္ရာ သနပ္ခါးတုံး ကိုေသြးရပါတယ္ …

ထြက္လာတဲ့ သနပ္ခါး ကေလးေတြက ညက္ေနၿပီး တစ္ေနကုန္ ပါးျပင္ေပၚ အရာထင္ေနပါတယ္တဲ့ …ေမေမေျပာျပတယ္ ေက်ာက္ပ်ဥ္ ေပၚသနပ္ခါး ေသြးတာ ေလ့က်င့္ခန္း တစ္ခုလုပ္တာနဲ႔ တူတူပဲတဲ့ …

ဒါေပမယ့္ ၾကမ္းျပင္ေပၚ ခ်ေသြးရတာ မဟုတ္ပဲ မိမိခါးအလည္ေလာက္ အျမင့္ရွိတဲ့ ေနရာမွာ ထားၿပီးေသြးရမယ္တဲ့ သနပ္ခါး ကို အားစိုက္ေသြးေနရေတာ့ ေလ့က်င့္ခန္းလုပ္ေနတယ္လို႔ မထင္ရေပမယ့္ ႏွစ္နဲ႔ခ်ီၿပီး ေ

န႔စဥ္ေသြးေနရေတာ့ လက္ေမာင္းႂကြက္သြားေတြက ပိုၿပီးသန္မာတယ္ …။ေပ်ာ့ၿပီး႐ြဲက်ျခင္းမ်ိဳးမျဖစ္ဘူးတဲ့ဘယ္ညာေတာ့ လွည့္ေသြးေပါ့တဲ့ င႐ုပ္သီးေထာင္း တာလဲအတူတူပဲတဲ့ …” လို႔ ဆိုထားပါတယ္…

ကဲ ပ်ိဳေမတို႔လည္း ေက်ာက္ပ်ဥ္အသစ္နဲ႔ သနပ္ခါးေသြးနည္းေလးကို သိသြားၿပီး က်န္းမာေရးအရ ဘယ္လိုအက်ိဳးရေစလည္း ဆိုတာကို သိရွိသြားမယ္လို႔ ထင္ပါတယ္.

.ျမန္မာမေလးတိုင္းဟာ သနပ္ခါးေသြးလိမ္းၾကတာမို႔ သူတို႔ သိေအာင္လည္း ဒီစာေလးကို ျပန္လည္ Share ေပးႏိုင္ပါတယ္ေနာ္..

Writer ; Kwee (Jeeptoolay)

Photo Source ; Internet

Unicode

သနပ်ခါးဟာ မြန်မာပြည်မှာသာ ရှိတဲ့ တန်ဖိုးထားရမယ့် ရိုးရာ လိမ်းခြယ်စရာ လို့ ဆိုရမှာပါ… နွေမှာ အေးပြီး ဆောင်းမှာနွေးတဲ့ သနပ်ခါးကို မြန်မာမိန်းကလေးတွေ ကလေးတွေက နှစ်သက်စွာ လိမ်းခြယ်ကြတာပါ…..

အသားအရေကိုလည်း လှပစေတဲ့အပြင် ကျက်သရေရှိရှိလှစေတာကြောင့် သနပ်ခါးလိမ်းထားတဲ့ မိန်းမပျိုလေးတွေဆို မြင်သူက ချစ်ခင်နှစ်သက်ကြတာပဲ ဖြစ်ပါတယ်….

ဒီလို အဘက်ဘက်က အသုံးဝင်တဲ့ သနပ်ခါးကို ကျောက်ပျဉ်အသစ်နဲ့ သွေးလိမ်းတဲ့အခါမှာ သတိထားရမှာတွေ ရှိပါတယ်..ရေထည့်ပြီး သနပ်ခါးတုံးနဲ့ သွေးလိုက်ရုံနဲ့ မရပါဘူး….

ဘယ်လို သွေးရမလဲဆိုတာကို အောက်မှာ ဖော်ပြပေးထားပါတယ်…ပျိုမေတို့ သတိထားရအောင်ပါ…

“ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကို ပုံပြုထားတဲ့ ကျောက်ပျဉ်ဖြစ်ဖြစ် ပထမဦးဆုံး အသုံးမပြုခင်မှာ ဝယ်လာတဲ့ကျောက်ပျဉ် ကိုရေစင်စင်

ဆေးပြီး ကျောက်ပျဉ်ကို ရေပုန်းထဲကို ထည့်ပြီးရေနဲ့ တစ်ညစိမ်ထားပါ …နောက်တစ်ရက်မှာ နနွန်းတက်နဲ့ ဆီ+ဆား နဲ့ကို သွေးပြီး တစ်နေကုန် နေလှမ်းထားရပါတယ်

…ဆီခြောက်တော့မှ သနပ်ခါးကျောက်ပျဉ်ကို ရေထပ်ဆေးပြီး မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ် …

ထွက်လာတဲ့ သနပ်ခါး ကလေးတွေက ညက်နေပြီး တစ်နေကုန် ပါးပြင်ပေါ် အရာထင်နေပါတယ်တဲ့ …မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခုလုပ်တာနဲ့ တူတူပဲတဲ့ …

ဒါပေမယ့် ကြမ်းပြင်ပေါ် ချသွေးရတာ မဟုတ်ပဲ မိမိခါးအလည်လောက် အမြင့်ရှိတဲ့ နေရာမှာ ထားပြီးသွေးရမယ်တဲ့ သနပ်ခါး ကို အားစိုက်သွေးနေရတော့ လေ့ကျင့်ခန်းလုပ်နေတယ်လို့ မထင်ရပေမယ့်

နှစ်နဲ့ချီပြီး နေ့စဉ်သွေးနေရတော့ လက်မောင်းကြွက်သွားတွေက ပိုပြီးသန်မာတယ် …။ပျော့ပြီးရွဲကျခြင်းမျိုးမဖြစ်ဘူးတဲ့ဘယ်ညာတော့ လှည့်သွေးပေါ့တဲ့ ငရုပ်သီးထောင်း တာလဲအတူတူပဲတဲ့ …” လို့ ဆိုထားပါတယ်…

ကဲ ပျိုမေတို့လည်း ကျောက်ပျဉ်အသစ်နဲ့ သနပ်ခါးသွေးနည်းလေးကို သိသွားပြီး ကျန်းမာရေးအရ ဘယ်လိုအကျိုးရစေလည်း ဆိုတာကို သိရှိသွားမယ်လို့ ထင်ပါတယ်..

မြန်မာမလေးတိုင်းဟာ သနပ်ခါးသွေးလိမ်းကြတာမို့ သူတို့ သိအောင်လည်း ဒီစာလေးကို ပြန်လည် Share ပေးနိုင်ပါတယ်နော်..

Writer ; Kwee (Jeeptoolay)

Photo Source ; Internet

Be the first to comment

Leave a Reply

Your email address will not be published.


*