ပါးရိုက်တဲ့အခန်းမှာပီပြင်အောင်လို့ တကယ်ရိုက်ခိုင်းခဲ့တဲ့ မိုက်မိုက်ရဲ့အနုပညာလောဘကို မချီးကျူးဘဲမနေနိုင်ဘူးလို့ ဆိုလာတဲ့ ခင်သဇင်









Source-Khin ThinZin

Unicode ဖြင့်ဖတ်ပါ

★★★★★

ပရိသတ်ရဲ့အချစ်တော်မင်းသမီးလေး ခင်သဇင်ကတော့ လေယာဉ်မယ်ဘဝကနေ သရုပ်ဆောင်တစ်ယောက်အဖြစ်ကူးပြောင်းလာသူလေးဖြစ်ပြီး အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်လာရပြီဖြစ်ပါတယ်။

လတ်တလော MRTV-4 မှာထုတ်လွှင့်ပြသနေတဲ့ အချစ်ဖွဲ့လေညှင်းဇာတ်လမ်းတွဲမှာလည်း ဗီလိန်ကာရိုက်တာကနေ အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားတာပါတယ်။

ဒီနေ့မှာတော့ ခင်သဇင်က အချစ်ဖွဲ့လေညှင်းဇာတ်လမ်းတွဲ မှာသူမနဲ့အတူတွဲဖက်သရုပ်ဆောင်တဲ့ မိုက်မိုက်ရဲ့ အနုပညာလောဘနဲ့ပတ်သက်ပြီး အခုလိုပဲချီးကျူးစကားဆိုလာခဲ့ပါတယ်။

သူမကတော့“ ဒီနေ့ ပါးရိုက်တဲ့ အခန်းမှာ မိုက်မိုက်က သူကိုယ်တိုင် တကယ်ရိုက်ခိုင်းခဲ့တာပါ..သရုပ်ဆောင်ပညာကို တကယ်ကို ရူးသွပ်ပြီး အိုက်တင်ကို change တဲ့ နေရာမှာ အလွန်တော်ပါတယ် .

. စိုက်ကြည့်နေတဲ့ ပရိသတ် မပျင်းရအောင် စက္ကန့်ပိုင်းအတွင်း အိုက်တင်တွေကို ကစားနိုင်ပါတယ် ..ပါးကလည်း သူတကယ် အရိုက်ခံခဲ့လို့ .. ရှူတင် တဖွဲ့လုံး ရုတ်တရက်လန့်သွားခဲ့ပါတယ် ..

သူက မရိုက်ခင် အမ ကျွန်တော့်ကို တကယ်ရိုက်ပေးနော် ဆိုပြီး ကမ်းလှမ်းလာခဲ့တာပါ …ဒါရိုက်တာက အစ နားကြပ်ကြီး တပ်ထားတော့ ပါးရိုက်သံက ပြင်းတော့ သူ့နားတောင် အူသွားတယ် ပြောခဲ့ပါသေးတယ်

😂မိုက်မိုက်ရဲ့ အနုပညာ လောဘကို ကို မချီးကျူးပဲ မနေနိုင်လို့ ဒီကနေ အားပေးချီးကျူးလျှက်ပါ မောင်လေးရေ..တချက်တချက်ဆူလိုက်ရင် ပျက်ပြီး ငယ်သွားတဲ့ မျက်နှာ ..

ဘဝ တက်လမ်း အတွက် အားကိုး တကြီး မျက်နှာ အကုန် ပိုင်နိုင်ပါတယ် .. 👏🏻👏🏻👏🏻”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်ကနေရေးသားထားတာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ……။

Source-Khin ThinZin

Be the first to comment

Leave a Reply

Your email address will not be published.


*