







Source: Chit Thu Wai’ s fb


Unicode ဖြင့်ဖတ်ပါ

★★★★★

အမှိုက်ပုံဘေးမှာ တဲထိုးပြီးနေရတဲ့ ချို့တဲ့မိသားစုတွေအတွက် ကြက်ဥများလှူဒါန်းခဲ့တဲ့ ချစ်သုဝေနဲ့ လင်းလင်းရဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

အဆိုတော် လင်းလင်းနဲ့ သရုပ်ဆောင် ချစ်သုဝေတို့ကတော့ စိတ်တူကိုယ်တူနဲ့ ရှေ့သွားနောက်လိုက်ညီတဲ့ ဇနီးမောင်နှံနှစ်ယောက် ဖြစ်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေက သမီးလေးတွေနာမည်နဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းက လက်ရှိ ကပ်ရောဂါကာလတွေမှာ အခက်အခဲဖြစ်နေပြီး လိုအပ်နေတဲ့ နေရာတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

မနေ့က မေလ (၂၂) ရက်နေ့မှာလည်း ရန်ကုန်မြို့နေလူထုများရဲ့ ထွက်ရှိသမျှအမှိုက်တွေကို နောက်ဆုံးစွန့်ပစ်ရာ အမှိုက်ပုံထဲက တစ်ခုဖြစ်တဲ့ ထားဝယ်ချောင်အမှိုက်ပုံဘေးတွင်

နေထိုင်သော မိသားစုများအား တစ်အိမ်ထောင်လျှင် ကြက်ဥအလုံး (၃၀) နှုန်းဖြင့် ခေတ်သစ်ဖောင်ဒေးရှင်းမှ အိမ်တိုင်ရာရောက်သွားရောက်မျှဝေခဲ့ပါတယ်လို့ သိရပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းကတော့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ မတည်ငွေကနေစတင်ပြီး အခုဆိုရင် (၇) ရက်သားသမီး အလှူရှင်တွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကူညီထောက်ပံ့ပေးမှုတွေ

ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အလှူရှင်တွေနဲ့တကွ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ ကောင်းမှုလေးကိုကြည့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်။

Source: Chit Thu Wai’ s fb

Bilie – Cele Connections

Be the first to comment

Leave a Reply

Your email address will not be published.


*