ထုတ်လုပ်သူ ကိုဝေမင်းမောင် ကိုယ်တိုင် ချီးကျူးခဲ့ရတဲ့ မင်းသား နေတိုးရဲ့ တာဝန်သိတတ်မှု

ပရိသတ်တွေရဲ့အချစ်တော် မင်းသားချောနေတိုးကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်မင်းသားချောတစ်ဦးဖြစ်သလို ယောက်ျားပီသပြီးဆွဲဆောက်မှုရှိတဲ့ ဟန်ပန်ပုံရိပ်တွေအပြင်

ပရိသတ်တွေအပေါ် လေးစားချစ်ခင်တတ်တဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေကလည်း အမြဲအချစ်ပိုနေကြတာပါ..။

ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေကို ရရှိထားသလို သရုပ်ဆောင်အပြင် အခြားအနုပညာပိုင်းတွေမှာလည်း

ထူးချွန်သူမို့ စွယ်စုံရမင်းသားတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးချစ်ခင်မှုတွေကိုလည်း ရရှိထားသူပါ..။

ကိုနေတိုးကတော့ သရုပ်ဆောင်ပီပြင်ရုံသာမက အနုပညာလောကမှာ ရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကတောင် အမြဲတမ်း ချီးကျူးလေးစားရတဲ့ မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း 7th Sense Creation ရဲ့ ပဲ့ကိုင်ရှင် ကိုဝမေင်းမောင်ကိုယ်တိုင် ချီးကျူးခဲ့ရတဲ့အကြောင်းလေးကို ဖော်ပြပေးလိုက်ရပါတယ်နော်။

ကိုဝေမင်းမောင်ကတော့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေပြီး အခုလို ချီးကျူး ရေးသားခဲ့ပါတယ်။” မင်းသား နဲ့ ထုတ်လုပ်သူ မှားနေရော့သလား မှတ်ရတယ် 😁😁😁

လက်ရှိကာလမှာ ထိန်းထိန်းသိမ်းသိမ်း ချင့်ချင့်ချိန်ချိန်လေး လုပ်ဖို့ ကိုယ်ကို အမြဲနားချနေတဲ့ မင်းသား …ရိုက်ပြီးရုပ်ရှင်ဇာတ်ကားတွေ ရုံတင်နိုင်ဖို့နဲ့ ဆုံးရှုံးမှုမကြီးမားဖို့ စိတ်ပူပန်နေသူက မင်းသား …

ရိုက်ပီးသွားရင်လည်း အမြဲတာဝန်ယူလိုစိတ်အပြည့်ရှိတဲ့ မင်းသားပါ..အကြီးပီသ သလို မိသားစုစိတ်အပြည့်နဲ့ အမြဲတွေးတတ်တဲ့ အကိုတယောက်နဲ့ အလုပ်လုပ်ခွင့်ရနေခြင်းကလည်း မင်္ဂလာတစ်ပါးပါပဲ ….Thanks Bro …..” ဆိုပြီး ထုတ်ဖော်ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးလည်း မင်းသား နေတိုးရဲ့ စိတ်နေစိတ်ထားနဲ့ ပက်သက်ပြီး မှတ်ချက်လေးတွေ ပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Be the first to comment

Leave a Reply

Your email address will not be published.


*