၁၅မိိနစ္ တရားထိုင္နည္း

၁၅မိိနစ္ တရားထိုင္နည္း

တစ္ေန႔လၽွင္ (၁၅)မိိနစ္ခန္႔ တရားထိုင္ၾကည့္ပါ။ ထူးျခားေသာ အက်ိဳးေက်းဇူးမ်ား၊ ထူးျခားေသာ ကံေကာင္းမႈမ်ား၊ သင့္ထံသို႔ ဧကန္အျမန္ ေရာက္ရွိလာေပလိမ့္မည္။

အမ်ိဳးသားေယာဂီမ်ားမွာ တင္ပလႅင္ေခြထိုိင္လွ်က္လည္းေကာင္း၊ အမ်ိဳးသမီးေယာဂီမ်ားမွာ မိန္းမထိုင္ က်ံဳ႕ကံ်ဳ႕ထိုင္လွ်က္လည္းေကာင္း ခါးကို မေတာင့္လြန္း၊ မေလ်ာ့မကုန္းလြန္းဘဲ အလိုက္သင့္သလို တာရွည္ထိုင္ႏုိင္ေအာင္ ထားပါ။

ဘယ္လက္၀ါးကို ေအာက္ကထား၍ ညာလက္၀ါးကို အေပၚက ထားရမည္။ ေယာဂီ၏ မ်က္စိကိုလည္း တစ္ခ်ိဳ႕မွိတ္လွ်က္၊ တစ္ခ်ိဳ႕ဖြင့္လွ်က္၊ တစ္ခ်ိဳ႕က ေမွးေမွးထားလွ်က္ မိမိၾကိဳက္သလို ထုိင္ႏုိင္သည္။

ႏွာသီး၀အဖ်ားတြင္္ ထြက္ေလ၀င္ေလတို႔၏ ထိခတ္တိုးေ၀ွ႕ရာ (ဖုသန႒ာန၊ နာသိက ကသိဏ)အရပ္ကေလးကို အသာအယာ သတိကပ္၍ ရွာေဖြရမည္။ ေတြ႕ရွိပါက ယခု လႈပ္သြားသည္မွာ ထြက္ေလေၾကာင့္ဟု သိလွ်င္

လႈပ္သည္သိသည္ႏွင့္ တစ္ၿပိဳင္နက္ ထြက္ေလဟု သိမွတ္ထားပါ။ တစ္ဖန္ ၀င္ေလေၾကာင့္ လႈပ္သြားေသာအခါတြင္လည္း ၀င္ေလဟု မွတ္လိုက္ျခင္းသည္ အာနာပါန ကမၼ႒ာန္းတရား အားထုတ္သည္ မည္ပါေတာ့သည္။

ဤပံုအတိုင္း အာနာပါနကမၼ႒ာန္းကို အားထုတ္တုိင္း အားထုတ္တုိင္း တစ္ႀကိမ္ထိုင္လွ်င္ အနည္းဆံုး (၁၅)မိနစ္ခန္႔ တရားထိုင္ပါ။

“အာနာပါနကမၼ႒ာန္းကိုိ အားထုတ္ေသာ ေယာဂီပုဂၢိဳလ္သည္ သတိိကပ္၍သာလွ်င္ ထြက္သက္ကိုိ ျဖစ္ေစ၏။ ထြက္သက္ကိုိ ထုတ္၏။ သတိိကပ္၍သာလွ်င္ ၀င္သက္ကို ျဖစ္ေစ၏။ ၀င္သက္ကို ႐ႈိက္႐ွဴ၏”(ဤကား သတိၿမဲရာ ပထမ အစီအစဥ္ျဖစ္ပါသည္။)

“ထြက္သက္ေလကိုိ ရွည္ရွည္ထုတ္ေသာ ေယာဂီပုဂၢိဳလ္သည္ ရွည္ရွည္ထုတ္သည္ဟု ေကာင္းစြာသိိ၏။ ၀င္သက္ေလကို ရွည္ရွည္႐ူေသာ ေယာဂီပုဂၢိဳလ္သည္ ရွည္ရွည္႐ႈ႐ႈိက္သည္ဟု ေကာင္းစြာ သိ၏”

“ထြက္သက္ေလကိုိ တိုတိုထုတ္ေသာ ေယာဂီပုဂၢိဳလ္သည္ တိုတိုထုတ္သည္ဟု ေကာင္းစြာသိ၏။ ၀င္သက္ေလကို တိုတို႐ႈ႐ႈိက္ေသာ ေယာဂီပုဂၢိဳလ္သည္ တိုတို႐ႈ႐ႈိက္သည္ဟု ေကာင္းစြာသိ၏”(ဤကား ဒုမွာ တုိ ႐ွည္သိ အစီအစဥ္ျဖစ္ပါသည္။)

“အလံုးစံုေသာ ထြက္သက္၀င္သက္တုိိ႔၏ အစ၊ အလယ္၊ အဆံုး သံုးပါးလံုးကို ထင္ရွားေစလွ်က္ (ခႏၶာကိုယ္တစ္ခုလံုးကို ထိန္လင္းေစလွ်က္) ထြက္သက္ေလကို ထုတ္၏။ ၀င္သက္ေလကို ႐ႈိက္႐ႈ၏”

(ဤကား သံုးခ်က္သိမွာ တတိယာ သို႔မဟုတ္ လံုးစံုလင္းရာ တ-၌သာ အစီအစဥ္ျဖစ္ပါသည္။)

“အ႐ႈိက္အ႐ႈ ျပင္းေသာေၾကာင့္ ႐ုန္႔ရင္းၾကမ္းတမ္းေသာ ထြက္သက္၊ ၀င္သက္ေလတို႔ကို ၿငိမ္းေအးေစလွ်က္၊ ခ်ဳပ္ေပ်ာက္ေစလွ်က္ ထြက္ေလကို ထုတ္မည္၊ ၀င္ေလကို ႐ႈ႐ႈိက္မည္ဟု က်င့္၏”(ဤကား စ-မွာ ၿငိမ္းေစဘိ အစီအစဥ္ျဖစ္ပါသည္။)

“ရံခါအတြင္း၌ ထြက္ေလ၀င္ေလဟူေသာ ကာယ သို႔ိမဟုတ္ ပဋိဘာဂျဖစ္ေသာ အႆာသပႆာသကာယကို အဖန္တလဲလဲ ႐ႈမွတ္ပြားမ်ားအားထုတ္ရမည္။

ရံခါအျပင္၌ (အျပင္ကို ထုတ္၍) ထြက္ေလ၀င္ေလဟူေသာ ကာယ သို႔မဟုတ္ ပဋိဘာဂျဖစ္ေသာ အႆာသပႆာသကာယကို အဖန္တလဲလဲ ႐ႈမွတ္ပြားမ်ားအားထုတ္ရမည္။

ရံခါအတြင္းအျပင္ ႏွစ္ဌာနလံုး၌ ထြက္ေလ၀င္ေလဟူေသာ ကာယ သို႔မဟုတ္ ပဋိဘာဂျဖစ္ေသာ အႆာသပႆာသကာယကို အဖန္တလဲလဲ ႐ႈမွတ္ပြားမ်ားအားထုတ္ရမည္။”

(ဤသည္မွာ အာနာပါနသမထေလးဆင့္လံုးကို ေပါင္း၍ေဟာထားျခင္းျဖစ္ပါသည္)

“ထြက္သက္ေလ၊ ၀င္သက္ေလဟူေသာ ကာယ၌ ျဖစ္ျခင္းသေဘာကို အဖန္တလဲလဲ ရႈမွတ္၍ ေနရာ၏။ ထြက္သက္ေလ၊ ၀င္သက္ေလဟူေသာ ကာယ၌ ပ်က္ျခင္းသေဘာကို အဖန္တလဲလဲ ရႈမွတ္၍လည္း ေနရာ၏။

ထြက္သက္ေလ၊ ၀င္သက္ေလဟူေသာ ကာယ၌ ျဖစ္ျခင္း၊ ပ်က္ျခင္းသေဘာကို အဖန္တလဲလဲ ရႈမွတ္၍လည္း ေနရာ၏။

(ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပႆနာရႈမွတ္ပြားမ်ားရပံု ျဖစ္ပါသည္။)

ထိုကဲ့သို႔ အားထုတ္ေနေသာ ေယာဂီပုဂၢိဳလ္အား သတိိတရား ထင္ၿမဲလာေတာ့သည္။ ထိုသတိ၏ ေသာတာပတၱိမဂ္ဉာဏ္ကို ရျခင္းငွါ၊ အဆင့္ဆင့္ ရင့္က်က္ျခင္းငွါ ျဖစ္လာလွ်င္ ေယာဂီပုဂၢိဳလ္သည္ တဏွာ၊ ဒိ႒ိႏွစ္ပါးကို အမွီသဟဲျပဳစရာမလိုဘဲ ေနႏိုင္စြမ္းရွိလာေတာ့သည္။

ထိုအခါ တစ္ေလာကလံုးတြင္ သို႔မဟုတ္ ခႏၶာငါးပါးဟူေသာ ေလာကတြင္ ‘ငါ့ကိုယ္’ ဟူ၍လည္းေကာင္း၊ ‘ငါ၏ဥစၥာ’ ဟူ၍လည္းေကာင္း တစ္စံုတစ္ခုကိုမွ် စဲြလမ္းျခင္းမရွိ အတၱဒိ႒ိျပဳတ္ေလေတာ့သည္။”

(ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပႆနာရႈမွတ္ပြားမ်ား အားထုတ္ေသာ ေယာဂီပုဂၢိဳလ္အား မဂ္ဖိုလ္ရ၍ အရိယာျဖစ္ပံုကို ျပပါသည္။)

အထက္ပါ ေဖာ္ျပခ်က္မွာ သတိပ႒ာနသုတ္ေတာ္တြင္ ျမတ္စြာဘုရားရွင္ေဟာၾကားေတာ္မူေသာ အာနာပါနက်င့္စဥ္ အစီအစဥ္ျဖစ္ပါသည္။

၀ိပႆနာပုိင္း ရွဳမွတ္ပုံမ်ား

သမထဆုိတာ တေနရာတည္းကုိ စုိက္ရွဳတာပါ၊ ၀ိပႆနာဆုိတာ ခႏၶာကုိယ္တခုလုံးကုိ ျဖန္႔္ရွဴတာလုိ႔ ေျမဇင္းဆရာေတာ္ႀကီးက မိန္႔ေတာ္မူပါတယ္။

သမထယာနိကသမားအတြက္ စတုတၳအဆင့္က်င့္စဥ္မွာ ပဋိဘာဂအလင္းနိမိတ္ရရွိၿပီး ဥပစာဆိုက္သြားၿပီဆုိရင္္ ၀ိပႆနာကို စတင္အားထုတ္ရႈမွတ္ႏိုင္ပါတယ္။

၀ိပႆနာရႈမွတ္ရာတြင္ ရုပ္ကို ရႈမွတ္ရမွာလား၊ နာမ္ကို ရႈမွတ္ရမွလားလုိ႔ ေမးစရာရွိပါတယ္။ စာေပမွာေတာ့ သမထယာနိကလမ္းစဥ္နဲ႔ အားထုတ္သူမ်ားအတြက္ နာမ္ကို ရႈမွတ္ပြားမ်ားရမယ္္လုိ႔ု ဆိုပါတယ္။

ဘာျဖစ္လုိ႔လဲဆုိေတာ့ သမထအားထုတ္မႈ အားေကာင္း၍ သမာဓိ ရင့္သန္ေနတဲ့အတြက္ေၾကာင့္ပါ။ ၀ိိပႆနာသက္သက္ရႈမွတ္ ပြားမ်ားသူမ်ားသူေတြကုိေတာ့ ရုပ္ကို ရႈမွတ္ဖို႔ တိုက္တြန္းထားပါတယ္္။

ရႈနည္း (၃) မ်ိဳး

(၁) သမထအားထုတ္စဥ္က ရရွိခဲ့တဲ့ ပဋိဘာဂ အလင္းနိမိတ္နဲ႔ ေျခဖ်ားကေန ငယ္ထိပ္အထိ တကုိယ္လုံး သတိမလြတ္ေစဘဲ ရွဳျခင္း။

(၂) ေျခဖ်ားမွ ခ်က္ ၊ ခ်က္မွ လည္မ်ိဳ၊ လည္မ်ိဳမွ ငယ္ထိပ္ထိ သုံးပုိင္း ပုိင္း၍ အျပန္ျပန္ အလွန္လွန္ ရွဳမွတ္ျခင္း။

(၃) လက္ေလးသစ္ သုိ႔မဟုတ္ တံေတာင္ေလာက္စီ ပုိင္းၿပီး ရွဳမွတ္ျခင္း ဆုိၿပီး ရွဳမွတ္နည္း (၃) မ်ိဳးရွိပါတယ္။

ခႏၶာကိုယ္အစိတ္္အပိုင္းအလိုက္ ရႈနည္းသံုးမ်ိဳး ကဲြျပားသကဲ့သို႔ အရႈမွတ္ခံ အာရံုအလိုက္ ရႈပြားရာ အစြန္းသံုးပါးကိုလည္း သိသင့္ပါတယ္္။

(၁) ျမင္ရင္ ျမင္တယ္ ၾကားရင္ ၾကားတယ္ လုိ႔မွတ္ျခင္း၊

(၂) မိမိခႏၶာကုိယ္ရဲ့ ငယ္ထိပ္, ေျခေတာက္, လက္စတဲ့ ေနရာေတြမွာ တဖြားဖြား ျဖစ္ပ်က္ေနတာေတြကုိမွတ္ျခင္း၊

(၃) ႏွလုံးအိမ္ကုိ ရွဳမွတ္ျခင္း ဆုိျပီး အစြန္းသုံးပါးရွိပါတယ္။

ဗုဒၶါနဳႆတိပြားမ်ားပုံ

အရဟံ လုိ႔ စိတ္ထဲက ဆုိျပီး ၀င္ေလကုိ ရွဴသြင္းပါ၊ အရဟံလုိ႔ စိတ္ကဆုိၿပီး ထြက္ေလကုိ ျပန္ထုတ္ပါ၊ မိမိစိတ္ ျငိမ္လာၿပီ ဆုိရင္ ဘုရားရွင္ရဲ့ ဂုဏ္ေတာ္အေရာက္ အာရုံျပဳၿပီး ‘ကိေလသာ ကင္းစင္ေတာ္မူေသာ ျမတ္စြာဘုရား’ ဆုိၿပီး ၀င္ေလ ထြက္ေလ တုိင္းမွာ ရွဴမွတ္ေပးပါ ။

ဒီလုိနည္းနဲ႔ အခ်ိန္ရသေလာက္ ပြားမ်ားေပးပါ။ ဘုရားရွင္အေပၚမွာ ၾကည္ညိဳတဲ့စိတ္ေတြ မ်ားလာေလ တရားအလုပ္ လုပ္ရတာ ေခ်ာေမြ႔ လြယ္ကူေလပါပဲ။

ေမတၱာဘာ၀နာပြားမ်ားပုံ

‘အားလုံးေသာ သတၱ၀ါေတြ’ ၀င္ေလ တစ္ခ်က္၊ ‘ခ်မ္းသာၾကပါေစ’ ထြက္ေလ တစ္ခ်က္ ဒီပုံစံနဲ႔ ေမတၱာဘာ၀နာ ပြားမ်ားႏိုင္ပါတယ္။ ကုိယ္ ပြားမ်ားခ်င္တဲ့ပုံစံနဲ႔ ပြားမ်ားႏိုင္ပါတယ္။ ၀င္ေလ ထြက္ေလ ကပ္ျပီး ပြားမ်ားတာက သမာဓိ ပုိရလြယ္ပါတယ္။

မရဏႆတိ(ေသျခင္းတရား ဆင္ျခင္ပုံ)

‘တစ္ေန႔ ေသရမွာ ပါတကား.. တစ္ေန႔ ေသရမွာပါ တကား’ လုိ႔ ဉာဏ္ကေန ျမင္လာေအာင္ ဉာဏ္မွာ ထင္လာေအာင္ ဆင္ျခင္ရပါမယ္။

အသုဘ ဘာ၀နာ(စက္စုပ္ရြံရွာဖြယ္ အျဖစ္ ပြားမ်ားပုံ)

‘ငါ့ရဲ့ ခႏၶာကုိယ္ဟာ စက္စုပ္ စရာၾကီး ပါတကား’ လုိ႔ ခႏၶာကုိယ္ကုိ သုံးပုိင္း ပုိင္းျပီး ပြားမ်ားရပါမယ္။ ပထမဆုံး ပုခုံးအထက္ ဦးေခါင္းပုိင္းကုိ အရင္ ၾကည့္ရပါမယ္၊

မ်က္စိကုိမွိတ္ စိတ္ကုိ ဦးေခါင္းကုိ ပုိ႔ထား၊ ‘ငါ့ရဲ့ ခႏၶာကုိယ္ စုက္ဆုပ္ စရာၾကီး ပါတကား’ လုိ႔ စိတ္ကဆုိျပီး ဦးေခါင္းထဲက ဦးေဏွာက္ေတြ အေျမွးေတြ ျမင္လာတဲ့ အထိ ပြားမ်ားေပးပါ။

ဒုတိယ.. ခါးကေန ပုခုံးအထိ ခႏၶာကုိယ္ အလယ္ပုိင္းကုိ စိတ္နဲ႔ၾကည့္ၿပီး ‘ငါ့ရဲ့ ခႏၶာကုိယ္ဟာ စက္ဆုပ္စရာၾကီး ပါတကား’ လုိ႔ စိ္တ္က ဆင္ျခင္ပြားမ်ားၿပီး အတြင္းပုိင္း အူေတြ, အသည္းေတြ, ေက်ာက္ကပ္ေတြ တစ္ပုံစီ တစ္ပုံစီ ျမင္ေအာင္ ႀကိဳစားပြားမ်ားပါ။

တတိယ.. ခါးေအာက္ပုိင္းအကုန္ ေျခေထာက္အထိ စိုက္ၾကည့္ ပြားမ်ားပါ။ ခႏၶာကုိယ္ကုိ တြယ္တာလြန္း အားႀကီးရင္ တရားအလုပ္မွာ ေႏွာင့္ေႏွးတတ္ပါတယ္။

နာမည္ႀကီး ေခမာေထရီကုိ ၾကည့္ၿပီး သိနုိင္ပါတယ္။ ဒါေၾကာင့္ ခႏၶာကုိယ္ေပၚမွာ တပ္မက္မွဳ ကင္းေအာင္ အသုဘ ဘာ၀နာကုိ ပြားမ်ား ၾကရပါတယ္။

ဒီေလးမ်ိဳးကုိ အခ်ိန္ရတဲ့သူ ရက္မ်ားမ်ား အားထုတ္မယ့္ သူေတြ ႀကိဳးစားအားထုတ္ ပြားမ်ားသင့္ပါတယ္။

ရက္ေတြ အမ်ားႀကီး အခ်ိန္မေပးႏိုင္ရင္ေတာင္ တရားမရွဳမွတ္မီ အခ်ိန္ပုိင္းေလာက္ ဗုဒၶါႏုႆတိနဲ႔ ေမတၱာဘာ၀နာကုိ ၁၀-မိနစ္ သုိ႔မဟုတ္ ၁၅-မိနစ္ ပြားမ်ား သင့္ပါတယ္။ ေမတၱာစြမ္းအားဟာ တကယ့္ကုိ ႀကီးမားလွပါတယ္။

ေန႔စဥ္ (၁၅) မိနစ္ခန္႔ ဝိပႆနာျမတ္တရားအား က်င့္ၾကံပြားမ်ား အားထုတ္ႏိုင္ၾကပါေစ ။

အာနာပါနမွ ဝိပႆနာသို႕

အာနာပါန ဂဏနာ = ေရတြက္နည္း

အာနာပါနႆတိိကမၼ႒ာန္း မွစိတ္အထိုိင္မက်ဘဲ ျဖစ္ေနပါက ေရတြက္တဲ့နည္းေလး သုံးၾကည့္ပါ။

အာနာပါနႆတိကမၼ႒ာန္း လုပ္ငန္းခြင္ အစီအစဥ္တို႔တြင္ ဤအာနာပါန ကမၼ႒ာန္းကိုစတင္အားသစ္လိုေသာ အားထုတ္စ အာဒိကမၼိက အမ်ဳိးေကာင္းသား အမ်ဳိးေကာင္းသၼီးသည္ ေရတြက္ျခင္းဂဏနာနည္းျဖင့္ ဤအာနာပါနကမၼ႒ာန္းကို စတင္၍ ႏွလုံးသြင္းပါ။

ဂေဏေႏၲန စ ပဥၥႏံၷ ေဟ႒ာ န ဌေပတဗၺံ။ ဒသႏံၷ ဥပရိိ န ေနတဗၺံ။ အႏၲရာ ခ႑ံ န ဒေႆတဗံၺ။(၀ိသုဒၶိ၊၁၊၂၇၀။)၀င္သက္ေလ-ထြက္သက္ေလကို ေရတြက္ေသာ ေယာဂါ၀စရပုဂၢိဳလ္သည္ ငါးခုကုန္ေသာ ၀င္သက္ေလထြက္သက္ေလတို႔၏

ေအာက္၌ မတည္ေစအပ္၊ ငါးခုေအာက္ ေလ်ာ့၍ မေရတြက္အပ္။ ဆယ္ခုကုန္ေသာ၀င္သက္ေလ-ထြက္သက္ေလတို႔၏ အထက္၌ မေဆာင္အပ္၊ ဆယ္ခုထက္လည္း ပို၍ မေရတြက္အပ္။ တစ္သုံး-

ငါး – ဤသို႔ စသည္ျဖင့္ အၾကားအၾကား၌ ေရတြက္ျခင္း ျပတ္သည္ကို မျပအပ္။ တစ္နည္းဆိုေသာ္ ႏွစ္ရက္သုံးရက္အတြင္း၌ ေရတြက္ျခင္း ဂဏနာနည္းကို အသုံးမျပဳေသးဘဲ ၀င္သက္ေလ ထြက္သက္ေလ အာ႐ုံ၌ သတိ

ျမဲေအာင္ ႀကိဳးစားၾကည့္ပါ။ ႏွစ္ရက္ သုံးရက္ အတြင္း၌ ၀င္သက္ေလ ထြက္သက္ေလ အာ႐ုံ၌ သတိျမဲခဲ့ေသာ္ေရတြက္ျခင္း ဂဏနာနည္းကို အသုံးမျပဳေတာ့ဘဲ အရွည္-အတိုကို သိေအာင္ အားထုတ္ျခင္းစေသာ ပထမ

အာနာပါနစတုကၠ အစီအရင္အတိုင္း ႀကိဳးစားပါ။ အကယ္၍ ႏွစ္ရက္ သုံးရက္ အတြင္း၌ ၀င္သက္ေလ ထြက္သက္္ေလ အာ႐ုံ၌ သတိက မကပ္ဘဲ ေရွး႐ႈမတည္ဘဲ ရွိေနခဲ့ေသာ္ တစ္ဖန္ ေရတြက္ျခင္း ဂဏနာနည္းကို အသုံးျပဳပါ။

ထိုိသို႔ ေရတြက္ျခင္း ဂဏနာနည္းကို အသုံးျပဳရာ ႏွလုံးသြင္းရာ၌ အၾကားအၾကား၌ ျပတ္ေတာက္ျခင္း မရွိေစရ။အေၾကာင္းကား ဤသို႔တည္း။ ငါးခုကုန္ေသာ ၀င္သက္ေလ-ထြက္သက္ေလတို႔၏ ေအာက္၌ ေရတြက္ျခင္း

ကို တည္ေစေသာ ငါးခုေအာက္ ယုတ္ေလ်ာ့၍ ေရတြက္ေသာ ေယာဂါ၀စရပုဂၢိဳလ္၏ သႏၲာန္၀ယ္ က်ဥ္းေျမာင္းေသာ ေရတြက္ျခင္း အစီအရင္ဟူေသာ အရာဌာန၌ စိတ္၏ျဖစ္ျခင္းသည္ တုန္လႈပ္၏၊ က်ဥ္းေျမာင္းေသာ ႏြားျခံ၌ပိတ္ေလွာင္ခံရေသာ ႏြားအေပါင္းကဲ့သို႔ တုန္လႈပ္ေနတတ္၏။

တစ္ဖန္ ဆယ္ခုကုန္ေသာ ၀င္သက္ေလ-ထြက္္သက္ေလတို႔၏ အထက္၌ ေရတြက္ျခင္း ဂဏနာနည္းကို ေဆာင္ေနေသာ ဆယ္ခုထက္ ပို၍ ေရတြက္ေနေသာ

ေယာဂါ၀စရပုဂၢိဳလ္၏ စိတ္ျဖစ္ျခင္းသည္လည္း ေရတြက္ျခင္း သခၤ်ာကိုသာလွ်င္ မွီ၍ ျဖစ္ေနတတ္၏၊ ၀င္သက္ေလ ထြက္သက္ေလ အာ႐ုံ၌ ဘာ၀နာစိတ္ မျဖစ္ေတာ့ဘဲ ေရတြက္ျခင္း သခၤ်ာေနာက္သို႔သာ အစဥ္လိုက္၍စိတ္ျဖစ္ေနတတ္၏။

အၾကားအၾကား၌ ေရတြက္ျခင္း က်ဳိးမႈ ေပါက္မႈ ျပတ္မႈကို ေဖာ္ျပေနေသာ ေယာဂါ၀စရပုဂၢိဳလ္၏ သႏၲာန္၀ယ္ —- “ငါ၏ ကမၼ႒ာန္းသည္ ဆုံးခန္းတိုင္ေအာင္ အထြတ္အထိပ္သို႔ ေရာက္သည္ ျဖစ္ပါအံ့ေလာ၊ မျဖစ္ပါအံ့ေလာ”ဟု စိတ္သည္ တုန္လႈပ္ေနတတ္၏။

ထိုေၾကာင့္ ဤဆိုအပ္ခဲ့ၿပီးေသာ ငါးခုေအာက္ယုတ္ေလ်ာ့၍ ေရတြက္ျခင္း ဆယ္ခုထက္ပို၍ ေရတြက္ျခင္း အၾကားအၾကား၌ ေရတြက္မႈ က်ဳိးျပတ္ျခင္းတည္းဟူေသာ သုံးမ်ဳိးေသာ အျပစ္တို႔ကို ေရွာင္ၾကဥ္၍ ေရတြက္အပ္ေပသည္။ (၀ိသုဒၶိ၊၁၊၂၇၀။)

ေရတြက္ပုံ – ဝင္ေလထြက္ေလ—-တစ္၊ ဝင္ေလထြက္ေလ—-ႏွစ္ မွစ၍ ဝင္ေလထြက္ေလ—-ရွစ္ ထိဆိုလွ်င္ သင့္ျမတ္လွပါတယ္ ။ေရတြက္တဲ့ အာနာပါနႆတိကမၼ႒ာန္း မွစိတ္အထိုင္က်လာလ်င္ ေရတြက္နည္းကိုလႊတ္ ႏိုင္ပါျပီ။နဂိုရွဳသည့္အတိုင္းျပန္ရွဳပါ ။

“ဖားေအာက္ေတာရဆရာေတာ္”

ဘဒၵႏၲအာစိဏၰBhikkhu’s Dhamma

Unicode

၁၅မိိနစ် တရားထိုင်နည်း

တစ်နေ့လျှင် (၁၅)မိိနစ်ခန့် တရားထိုင်ကြည့်ပါ။ ထူးခြားသော အကျိုးကျေးဇူးများ၊ ထူးခြားသော ကံကောင်းမှုများ၊ သင့်ထံသို့ ဧကန်အမြန် ရောက်ရှိလာပေလိမ့်မည်။

အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိိုင်လျှက်လည်းကောင်း၊ အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။

ဘယ်လက်ဝါးကို အောက်ကထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။

နှာသီးဝအဖျားတွင်် ထွက်လေဝင်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။

တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။

တစ်ဖန် ၀င်လေကြောင့် လှုပ်သွားသောအခါတွင်လည်း ၀င်လေဟု မှတ်လိုက်ခြင်းသည် အာနာပါန ကမ္မဋ္ဌာန်းတရား အားထုတ်သည် မည်ပါတော့သည်။

ဤပုံအတိုင်း အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တိုင်း အားထုတ်တိုင်း တစ်ကြိမ်ထိုင်လျှင် အနည်းဆုံး (၁၅)မိနစ်ခန့် တရားထိုင်ပါ။

“အာနာပါနကမ္မဋ္ဌာန်းကိို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိိကပ်၍သာလျှင် ထွက်သက်ကိို ဖြစ်စေ၏။ ထွက်သက်ကိို ထုတ်၏။

သတိိကပ်၍သာလျှင် ၀င်သက်ကို ဖြစ်စေ၏။ ၀င်သက်ကို ရှိုက်ရှူ၏”(ဤကား သတိမြဲရာ ပထမ အစီအစဉ်ဖြစ်ပါသည်။)

“ထွက်သက်လေကိို ရှည်ရှည်ထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ထုတ်သည်ဟု ကောင်းစွာသိိ၏။ ၀င်သက်လေကို ရှည်ရှည်ရူသော ယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ရှုရှိုက်သည်ဟု ကောင်းစွာ သိ၏”

“ထွက်သက်လေကိို တိုတိုထုတ်သော ယောဂီပုဂ္ဂိုလ်သည် တိုတိုထုတ်သည်ဟု ကောင်းစွာသိ၏။ ၀င်သက်လေကို တိုတိုရှုရှိုက်သော ယောဂီပုဂ္ဂိုလ်သည် တိုတိုရှုရှိုက်သည်ဟု ကောင်းစွာသိ၏”(ဤကား ဒုမှာ တို ရှည်သိ အစီအစဉ်ဖြစ်ပါသည်။)

“အလုံးစုံသော ထွက်သက်ဝင်သက်တိုိ့၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ထင်ရှားစေလျှက် (ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်လင်းစေလျှက်) ထွက်သက်လေကို ထုတ်၏။ ၀င်သက်လေကို ရှိုက်ရှု၏”

(ဤကား သုံးချက်သိမှာ တတိယာ သို့မဟုတ် လုံးစုံလင်းရာ တ-၌သာ အစီအစဉ်ဖြစ်ပါသည်။)

“အရှိုက်အရှု ပြင်းသောကြောင့် ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်၊ ၀င်သက်လေတို့ကို ငြိမ်းအေးစေလျှက်၊ ချုပ်ပျောက်စေလျှက် ထွက်လေကို ထုတ်မည်၊ ၀င်လေကို ရှုရှိုက်မည်ဟု ကျင့်၏”(ဤကား စ-မှာ ငြိမ်းစေဘိ အစီအစဉ်ဖြစ်ပါသည်။)

“ရံခါအတွင်း၌ ထွက်လေဝင်လေဟူသော ကာယ သိို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။

ရံခါအပြင်၌ (အပြင်ကို ထုတ်၍) ထွက်လေဝင်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။

ရံခါအတွင်းအပြင် နှစ်ဌာနလုံး၌ ထွက်လေဝင်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။”

(ဤသည်မှာ အာနာပါနသမထလေးဆင့်လုံးကို ပေါင်း၍ဟောထားခြင်းဖြစ်ပါသည်)

“ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍ နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော

ကာယ၌ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။

(ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများရပုံ ဖြစ်ပါသည်။)

ထိုကဲ့သို့ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား သတိိတရား ထင်မြဲလာတော့သည်။ ထိုသတိ၏ သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းငှါ၊ အဆင့်ဆင့် ရင့်ကျက်ခြင်းငှါ ဖြစ်လာလျှင် ယောဂီပုဂ္ဂိုလ်သည် တဏှာ

၊ ဒိဋ္ဌိနှစ်ပါးကို အမှီသဟဲပြုစရာမလိုဘဲ နေနိုင်စွမ်းရှိလာတော့သည်။ ထိုအခါ တစ်လောကလုံးတွင် သို့မဟုတ် ခန္ဓာငါးပါးဟူသော လောကတွင် ‘ငါ့ကိုယ်’ ဟူ၍လည်းကောင်း၊ ‘ငါ၏ဥစ္စာ’ ဟူ၍လည်းကောင်း တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိ အတ္တဒိဋ္ဌိပြုတ်လေတော့သည်။”

(ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်အား မဂ်ဖိုလ်ရ၍ အရိယာဖြစ်ပုံကို ပြပါသည်။)

အထက်ပါ ဖော်ပြချက်မှာ သတိပဋ္ဌာနသုတ်တော်တွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော အာနာပါနကျင့်စဉ် အစီအစဉ်ဖြစ်ပါသည်။

၀ိပဿနာပိုင်း ရှုမှတ်ပုံများ

သမထဆိုတာ တနေရာတည်းကို စိုက်ရှုတာပါ၊ ၀ိပဿနာဆိုတာ ခန္ဓာကိုယ်တခုလုံးကို ဖြန့််ရှူတာလို့ မြေဇင်းဆရာတော်ကြီးက မိန့်တော်မူပါတယ်။

သမထယာနိကသမားအတွက် စတုတ္ထအဆင့်ကျင့်စဉ်မှာ ပဋိဘာဂအလင်းနိမိတ်ရရှိပြီး ဥပစာဆိုက်သွားပြီဆိုရင်် ၀ိပဿနာကို စတင်အားထုတ်ရှုမှတ်နိုင်ပါတယ်။

၀ိပဿနာရှုမှတ်ရာတွင် ရုပ်ကို ရှုမှတ်ရမှာလား၊ နာမ်ကို ရှုမှတ်ရမှလားလို့ မေးစရာရှိပါတယ်။ စာပေမှာတော့ သမထယာနိကလမ်းစဉ်နဲ့ အားထုတ်သူများအတွက် နာမ်ကို ရှုမှတ်ပွားများရမယ််လို့ု ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမထအားထုတ်မှု အားကောင်း၍ သမာဓိ ရင့်သန်နေတဲ့အတွက်ကြောင့်ပါ။ ၀ိိပဿနာသက်သက်ရှုမှတ် ပွားများသူများသူတွေကိုတော့ ရုပ်ကို ရှုမှတ်ဖို့ တိုက်တွန်းထားပါတယ််။

ရှုနည်း (၃) မျိုး

(၁) သမထအားထုတ်စဉ်က ရရှိခဲ့တဲ့ ပဋိဘာဂ အလင်းနိမိတ်နဲ့ ခြေဖျားကနေ ငယ်ထိပ်အထိ တကိုယ်လုံး သတိမလွတ်စေဘဲ ရှုခြင်း။

(၂) ခြေဖျားမှ ချက် ၊ ချက်မှ လည်မျို၊ လည်မျိုမှ ငယ်ထိပ်ထိ သုံးပိုင်း ပိုင်း၍ အပြန်ပြန် အလှန်လှန် ရှုမှတ်ခြင်း။

(၃) လက်လေးသစ် သို့မဟုတ် တံတောင်လောက်စီ ပိုင်းပြီး ရှုမှတ်ခြင်း ဆိုပြီး ရှုမှတ်နည်း (၃) မျိုးရှိပါတယ်။

ခန္ဓာကိုယ်အစိတ််အပိုင်းအလိုက် ရှုနည်းသုံးမျိုး ကွဲပြားသကဲ့သို့ အရှုမှတ်ခံ အာရုံအလိုက် ရှုပွားရာ အစွန်းသုံးပါးကိုလည်း သိသင့်ပါတယ််။

(၁) မြင်ရင် မြင်တယ် ကြားရင် ကြားတယ် လို့မှတ်ခြင်း၊

(၂) မိမိခန္ဓာကိုယ်ရဲ့ ငယ်ထိပ်, ခြေတောက်, လက်စတဲ့ နေရာတွေမှာ တဖွားဖွား ဖြစ်ပျက်နေတာတွေကိုမှတ်ခြင်း၊

(၃) နှလုံးအိမ်ကို ရှုမှတ်ခြင်း ဆိုပြီး အစွန်းသုံးပါးရှိပါတယ်။

ဗုဒ္ဓါနုဿတိပွားများပုံ

အရဟံ လို့ စိတ်ထဲက ဆိုပြီး ၀င်လေကို ရှူသွင်းပါ၊ အရဟံလို့ စိတ်ကဆိုပြီး ထွက်လေကို ပြန်ထုတ်ပါ၊ မိမိစိတ် ငြိမ်လာပြီ ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော်အရောက် အာရုံပြုပြီး ‘ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား’ ဆိုပြီး ၀င်လေ ထွက်လေ တိုင်းမှာ ရှူမှတ်ပေးပါ ။

ဒီလိုနည်းနဲ့ အချိန်ရသလောက် ပွားများပေးပါ။ ဘုရားရှင်အပေါ်မှာ ကြည်ညိုတဲ့စိတ်တွေ များလာလေ တရားအလုပ် လုပ်ရတာ ချောမွေ့ လွယ်ကူလေပါပဲ။

မေတ္တာဘာဝနာပွားများပုံ

‘အားလုံးသော သတ္တဝါတွေ’ ၀င်လေ တစ်ချက်၊ ‘ချမ်းသာကြပါစေ’ ထွက်လေ တစ်ချက် ဒီပုံစံနဲ့ မေတ္တာဘာဝနာ ပွားများနိုင်ပါတယ်။ ကိုယ် ပွားများချင်တဲ့ပုံစံနဲ့ ပွားများနိုင်ပါတယ်။ ၀င်လေ ထွက်လေ ကပ်ပြီး ပွားများတာက သမာဓိ ပိုရလွယ်ပါတယ်။

မရဏဿတိ(သေခြင်းတရား ဆင်ခြင်ပုံ)

‘တစ်နေ့ သေရမှာ ပါတကား.. တစ်နေ့ သေရမှာပါ တကား’ လို့ ဉာဏ်ကနေ မြင်လာအောင် ဉာဏ်မှာ ထင်လာအောင် ဆင်ခြင်ရပါမယ်။

အသုဘ ဘာဝနာ(စက်စုပ်ရွံရှာဖွယ် အဖြစ် ပွားများပုံ)

‘ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်စုပ် စရာကြီး ပါတကား’ လို့ ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းပြီး ပွားများရပါမယ်။ ပထမဆုံး ပုခုံးအထက် ဦးခေါင်းပိုင်းကို အရင် ကြည့်ရပါမယ်၊

မျက်စိကိုမှိတ် စိတ်ကို ဦးခေါင်းကို ပို့ထား၊ ‘ငါ့ရဲ့ ခန္ဓာကိုယ် စုက်ဆုပ် စရာကြီး ပါတကား’ လို့ စိတ်ကဆိုပြီး ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ မြင်လာတဲ့ အထိ ပွားများပေးပါ။

ဒုတိယ.. ခါးကနေ ပုခုံးအထိ ခန္ဓာကိုယ် အလယ်ပိုင်းကို စိတ်နဲ့ကြည့်ပြီး ‘ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်ဆုပ်စရာကြီး ပါတကား’ လို့ စိ်တ်က ဆင်ခြင်ပွားများပြီး အတွင်းပိုင်း အူတွေ, အသည်းတွေ, ကျောက်ကပ်တွေ တစ်ပုံစီ တစ်ပုံစီ မြင်အောင် ကြိုစားပွားများပါ။

တတိယ.. ခါးအောက်ပိုင်းအကုန် ခြေထောက်အထိ စိုက်ကြည့် ပွားများပါ။ ခန္ဓာကိုယ်ကို တွယ်တာလွန်း အားကြီးရင် တရားအလုပ်မှာ နှောင့်နှေးတတ်ပါတယ်။

နာမည်ကြီး ခေမာထေရီကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ တပ်မက်မှု ကင်းအောင် အသုဘ ဘာဝနာကို ပွားများ ကြရပါတယ်။

ဒီလေးမျိုးကို အချိန်ရတဲ့သူ ရက်များများ အားထုတ်မယ့် သူတွေ ကြိုးစားအားထုတ် ပွားများသင့်ပါတယ်။ ရက်တွေ အများကြီး အချိန်မပေးနိုင်ရင်တောင်

တရားမရှုမှတ်မီ အချိန်ပိုင်းလောက် ဗုဒ္ဓါနုဿတိနဲ့ မေတ္တာဘာဝနာကို ၁၀-မိနစ် သို့မဟုတ် ၁၅-မိနစ် ပွားများ သင့်ပါတယ်။ မေတ္တာစွမ်းအားဟာ တကယ့်ကို ကြီးမားလှပါတယ်။

နေ့စဉ် (၁၅) မိနစ်ခန့် ဝိပဿနာမြတ်တရားအား ကျင့်ကြံပွားများ အားထုတ်နိုင်ကြပါစေ ။

အာနာပါနမှ ဝိပဿနာသို့

အာနာပါန ဂဏနာ = ရေတွက်နည်း

အာနာပါနဿတိိကမ္မဋ္ဌာန်း မှစိတ်အထိိုင်မကျဘဲ ဖြစ်နေပါက ရေတွက်တဲ့နည်းလေး သုံးကြည့်ပါ။

အာနာပါနဿတိကမ္မဋ္ဌာန်း လုပ်ငန်းခွင် အစီအစဉ်တို့တွင် ဤအာနာပါန ကမ္မဋ္ဌာန်းကိုစတင်အားသစ်လိုသေ

ာ အားထုတ်စ အာဒိကမ္မိက အမျိုးကောင်းသား အမျိုးကောင်းသ္မီးသည် ရေတွက်ခြင်းဂဏနာနည်းဖြင့် ဤအာနာပါနကမ္မဋ္ဌာန်းကို စတင်၍ နှလုံးသွင်းပါ။

ဂဏေန္တေန စ ပဥ္စန္နံ ဟေဋ္ဌာ န ဌပေတဗ္ဗံ။ ဒသန္နံ ဥပရိိ န နေတဗ္ဗံ။ အန္တရာ ခဏ္ဍံ န ဒေဿတဗ္ဗံ။(၀ိသုဒ္ဓိ၊၁၊၂၇၀။)၀င်သက်လေ-ထွက်သက်လေကို ရေတွက်သော ယောဂါ၀စရပုဂ္ဂိုလ်သည် ငါးခုကုန်သော ၀င်သက်လေထွက်သက်လေတို့၏

အောက်၌ မတည်စေအပ်၊ ငါးခုအောက် လျော့၍ မရေတွက်အပ်။ ဆယ်ခုကုန်သောဝင်သက်လေ-ထွက်သက်လေတို့၏ အထက်၌ မဆောင်အပ်၊ ဆယ်ခုထက်လည်း ပို၍ မရေတွက်အပ်။ တစ်သုံး-

ငါး – ဤသို့ စသည်ဖြင့် အကြားအကြား၌ ရေတွက်ခြင်း ပြတ်သည်ကို မပြအပ်။ တစ်နည်းဆိုသော် နှစ်ရက်သုံးရက်အတွင်း၌ ရေတွက်ခြင်း ဂဏနာနည်းကို အသုံးမပြုသေးဘဲ ၀င်သက်လေ ထွက်သက်လေ အာရုံ၌ သတိ

မြဲအောင် ကြိုးစားကြည့်ပါ။ နှစ်ရက် သုံးရက် အတွင်း၌ ၀င်သက်လေ ထွက်သက်လေ အာရုံ၌ သတိမြဲခဲ့သော်ရေတွက်ခြင်း ဂဏနာနည်းကို အသုံးမပြုတော့ဘဲ အရှည်-အတိုကို သိအောင် အားထုတ်ခြင်းစသော ပထမ

အာနာပါနစတုက္က အစီအရင်အတိုင်း ကြိုးစားပါ။ အကယ်၍ နှစ်ရက် သုံးရက် အတွင်း၌ ၀င်သက်လေ ထွက်သက််လေ အာရုံ၌ သတိက မကပ်ဘဲ ရှေးရှုမတည်ဘဲ ရှိနေခဲ့သော် တစ်ဖန် ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုပါ။

ထိိုသို့ ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုရာ နှလုံးသွင်းရာ၌ အကြားအကြား၌ ပြတ်တောက်ခြင်း မရှိစေရ။အကြောင်းကား ဤသို့တည်း။ ငါးခုကုန်သော ၀င်သက်လေ-ထွက်သက်လေတို့၏ အောက်၌ ရေတွက်ခြင်း

ကို တည်စေသော ငါးခုအောက် ယုတ်လျော့၍ ရေတွက်သော ယောဂါ၀စရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ကျဉ်းမြောင်းသော ရေတွက်ခြင်း အစီအရင်ဟူသော အရာဌာန၌ စိတ်၏ဖြစ်ခြင်းသည် တုန်လှုပ်၏၊ ကျဉ်းမြောင်းသော နွားခြံ၌ပိတ်လှောင်ခံရသော နွားအပေါင်းကဲ့သို့ တုန်လှုပ်နေတတ်၏။

တစ်ဖန် ဆယ်ခုကုန်သော ၀င်သက်လေ-ထွက််သက်လေတို့၏ အထက်၌ ရေတွက်ခြင်း ဂဏနာနည်းကို ဆောင်နေသော ဆယ်ခုထက် ပို၍ ရေတွက်နေသော

ယောဂါ၀စရပုဂ္ဂိုလ်၏ စိတ်ဖြစ်ခြင်းသည်လည်း ရေတွက်ခြင်း သင်္ချာကိုသာလျှင် မှီ၍ ဖြစ်နေတတ်၏၊ ၀င်သက်လေ ထွက်သက်လေ အာရုံ၌ ဘာဝနာစိတ် မဖြစ်တော့ဘဲ ရေတွက်ခြင်း သင်္ချာနောက်သို့သာ အစဉ်လိုက်၍စိတ်ဖြစ်နေတတ်၏။

အကြားအကြား၌ ရေတွက်ခြင်း ကျိုးမှု ပေါက်မှု ပြတ်မှုကို ဖော်ပြနေသော ယောဂါ၀စရပုဂ္ဂိုလ်၏ သန္တာန်ဝယ် —- “ငါ၏ ကမ္မဋ္ဌာန်းသည် ဆုံးခန်းတိုင်အောင် အထွတ်အထိပ်သို့ ရောက်သည် ဖြစ်ပါအံ့လော၊ မဖြစ်ပါအံ့လော”ဟု စိတ်သည် တုန်လှုပ်နေတတ်၏။

ထိုကြောင့် ဤဆိုအပ်ခဲ့ပြီးသော ငါးခုအောက်ယုတ်လျော့၍ ရေတွက်ခြင်း ဆယ်ခုထက်ပို၍ ရေတွက်ခြင်း အကြားအကြား၌ ရေတွက်မှု ကျိုးပြတ်ခြင်းတည်းဟူသော သုံးမျိုးသော အပြစ်တို့ကို ရှောင်ကြဉ်၍ ရေတွက်အပ်ပေသည်။ (၀ိသုဒ္ဓိ၊၁၊၂၇၀။)

ရေတွက်ပုံ – ဝင်လေထွက်လေ—-တစ်၊ ဝင်လေထွက်လေ—-နှစ် မှစ၍ ဝင်လေထွက်လေ—-ရှစ် ထိဆိုလျှင် သင့်မြတ်လှပါတယ် ။

ရေတွက်တဲ့ အာနာပါနဿတိကမ္မဋ္ဌာန်း မှစိတ်အထိုင်ကျလာလျင် ရေတွက်နည်းကိုလွှတ် နိုင်ပါပြီ။နဂိုရှုသည့်အတိုင်းပြန်ရှုပါ ။

“ဖားအောက်တောရဆရာတော်”

ဘဒ္ဒန္တအာစိဏ္ဏBhikkhu’s Dhamma

Be the first to comment

Leave a Reply

Your email address will not be published.


*