လူနွမ်းသော်လည်း မေတ္တာမခမ်းသူလေး မေတ္တာရောင်ပြန် ဟပ်လေပြီ

အစာအိမ်ရောဂါနဲ့အဖေကိုရှာကျွေးရင်း ငြိမ်းချမ်းရေးဆန္ဒပြသူတွေကို ၃ ရက်ဆက်တိုက် လင်ပန်းထဲက ဖရဲသီးကို လိုက်ဝေပေးနေတဲ့ကောင်မလေးနှစ်ယောက်ကို ဇာဏီမှူးအမည်ရှိတဲ့

အဖွဲ့က စုံစမ်းပြီး အလှူငွေသွားရောက်လှူဒါန်းခဲ့တယ်ဟု သိရပါတယ်။အကာရံတွေ မလုံတဲ့အိမ်လေးတစ်လုံးမှာ အဖေဖြစ်သူအစာအိမ်ရောဂါသည်ကို နေ့စဉ်ခေါင်းပေါ်လင်ပန်းတင်

နီးစပ်ရာ ဖရဲသီးသည်တွေမှာ အော်ဒါမှာပြီး တစ်လမ်းဝင်တစ်လမ်းထွက် ဖရဲသီးလိုက်ရောင်းနေတဲ့ ညီအမနှစ်ဦးဟာ လွန်ခဲ့သည့် ရက်အနည်းက လမ်းပေါ်ဆန္ဒပြထွက်လာကြတဲ့ လူတွေကို

ဖရဲသီးလိုက် ဝေပေးနေတယ်ဟု သိရပါတယ်။ လိုက်ဝေပေးရင်း ၃ ရက်နေ့မြောက်မှာတော့ ဇာဏီမှူး ဟုအမည်သိရတဲ့အဖွဲ့က ခလေးမလေးတို့ရဲ့ နေအိမ်ကို စုံစမ်းပြီး တတ်နိုင်တဲ့ဘက်က

စေတနာကိုတုန့်ပြန်တဲ့အနေတဲ့ အလှူငွေ ကျပ် ၅ သောင်းသွားရောက် လှူဒါန်းခဲ့တယ်ဟု သိရပါတယ်။လူနေငရဲခန်း စိတ်နေဘုံဖြား လူဆင်းရဲပေမဲ့ စိတ်ထားမြင့်မြတ်တယ်ဟု စသည်ဖြင့်

အွန်လိုင်းမှာ ချီးမွန်းခံနေရကြရတာကြောင့် လေးစားဂုဏ်ပြုသော်အားဖြင့် အဖွဲ့သားများအနေနဲ့ ညောင်စေ့လောက်လှူ ညောင်ပင်ကြီးရပါစေဟု ထပ်လောင်းဆုတောင်းပေးပါသည်။

Credit Online News

Zawgyi

အစာအိမ္ေရာဂါနဲ႔အေဖကိုရွာေကြၽးရင္း ၿငိမ္းခ်မ္းေရးဆႏၵျပသူေတြကို ၃ ရက္ဆက္တိုက္ လင္ပန္းထဲက ဖရဲသီးကို လိုက္ေဝေပးေနတဲ့ေကာင္မေလးႏွစ္ေယာက္ကို ဇာဏီမႉးအမည္ရွိတဲ့

အဖြဲ႕က စုံစမ္းၿပီး အလႉေငြသြားေရာက္လႉဒါန္းခဲ့တယ္ဟု သိရပါတယ္။အကာရံေတြ မလုံတဲ့အိမ္ေလးတစ္လုံးမွာ အေဖျဖစ္သူအစာအိမ္ေရာဂါသည္ကို ေန႔စဥ္ေခါင္းေပၚလင္ပန္းတင္

နီးစပ္ရာ ဖရဲသီးသည္ေတြမွာ ေအာ္ဒါမွာၿပီး တစ္လမ္းဝင္တစ္လမ္းထြက္ ဖရဲသီးလိုက္ေရာင္းေနတဲ့ ညီအမႏွစ္ဦးဟာ လြန္ခဲ့သည့္ ရက္အနည္းက လမ္းေပၚဆႏၵျပထြက္လာၾကတဲ့ လူေတြကို

ဖရဲသီးလိုက္ ေဝေပးေနတယ္ဟု သိရပါတယ္။ လိုက္ေဝေပးရင္း ၃ ရက္ေန႔ေျမာက္မွာေတာ့ ဇာဏီမႉး ဟုအမည္သိရတဲ့အဖြဲ႕က ခေလးမေလးတို႔ရဲ႕ ေနအိမ္ကို စုံစမ္းၿပီး တတ္ႏိုင္တဲ့ဘက္က

ေစတနာကိုတုန႔္ျပန္တဲ့အေနတဲ့ အလႉေငြ က်ပ္ ၅ ေသာင္းသြားေရာက္ လႉဒါန္းခဲ့တယ္ဟု သိရပါတယ္။လူေနငရဲခန္း စိတ္ေနဘုံျဖား လူဆင္းရဲေပမဲ့ စိတ္ထားျမင့္ျမတ္တယ္ဟု စသည္ျဖင့္

အြန္လိုင္းမွာ ခ်ီးမြန္းခံေနရၾကရတာေၾကာင့္ ေလးစားဂုဏ္ျပဳေသာ္အားျဖင့္ အဖြဲ႕သားမ်ားအေနနဲ႔ ေညာင္ေစ့ေလာက္လႉ ေညာင္ပင္ႀကီးရပါေစဟု ထပ္ေလာင္းဆုေတာင္းေပးပါသည္။

Credit Online News

Be the first to comment

Leave a Reply

Your email address will not be published.


*