မန်းရွှေစက်တော်ဘုရားပွဲကို အချိန်နှင့်လူဦးရေ ကန့်သတ် ဖူးမြော်ခွင့်ပြုမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းရွှေစက်တော်ဘုရားပွဲကို ကိုဗစ် ညွှန်ကြားချက်များနှင့်အညီ နှစ်စဉ် ဖွင့်လှစ်နေကြဖြစ်သည့်အတိုင်း

ဖေဖော်ဝါရီလ ၁၆ရက် နေ့တွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ပိုင်းတွင် ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်၌ အတည်ပြုခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပက အ ဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦး ထွန်းေ၀ ကပြောသည်။

“ ဒီနှစ် ရွှေစက်တော်ဘုရားပွဲတော်ဖွင့်ပွဲက ဖေဖော်ဝါရီလ ၁၆ ရက်၊ တပို့တွဲ လဆန်း ၅ ရက် နေ့မှာပြုလုပ်ရမှာ ဖြစ်ပါတယ်။ နှစ်စဉ်လည်း ဒီအတိုင်းပါပဲ။ ဘုရားဖူူး ခွင့် တော့ ပြုပြီပေါ့။ တပို့လဆန်း ၅ ရက်နေ့ဆိုတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ကျတာပေါ့။

အဲဒီ နေ့ ဖွင့်ပြီးမှ ဘုရားဖူး ကိုခွင့် ပြုမယ် ပေါ့။ ရွှေတိဂုံတို့ ခွင့်ပြုသလို ဆောင်ရွက်သွားမယ်ပေါ့။ အနယ်နယ်အရပ်ရပ်က လာကြမှာဆိုတော့ လာရောက်ဖူးမြော်သူဦးရေ အပေါ် မူတည်ပြီး ဖွင့်ပေးရမှာပေါ့။ ကိုဗစ်ညွှန်ကြားနဲ့အညီပေါ့။

ရောက်လာတဲ့လူအပေါ်မှာ မူတည်ပြီး အဝင်အထွက် ခွင့်ပြုဖို့ အစည်းအဝေးက ဆုံးဖြတ်ထားတာပါ” ဟု ဦးထွန်းဝေက ပြောသည်။

မန်းရွှေစက် တော် ဘုရားပွဲ တော်ကို ကိုဗစ်ကာလ တွင် ယခင်နှစ် ပွဲတော်များ အတိုင်း ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ရန် အစီအစဉ်မရှိသော်လည်း

ကိုဗစ်စည်းကမ်း ချက် များ နှင့်အညီ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လာရောက် ဖူးမြော်သည့် လူဦး ရေအပေါ်မူတည်ပြီး ကန့်သတ်ဖူးမြော်ရန် ညွှန်ကြားထား ကြောင်း သိ ရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲကို ဒေသဓလေ့ထုံးစံအရ မဖြစ်မနေပြုလုပ်ပေးရခြင်းဖြစ်ပြီး ပြုလုပ်ရန် ပျက်ကွက်သည့်အခါသဘာဝဘေးအန္တရာယ် တစ်ခုခုနှင့်ကြုံတွေ့ရတတ်သည့် အယူများရှိခဲ့ကြောင်း လည်းသိရသည်။

နှစ်စဉ် မန်းရွှေစက်တော် ဘုရားပွဲ တော်ကို တပို့တွဲ လဆန်း ၅ ရက်နေ့ ဖေဖော်ဝါရီမှ မြန်မာ နှစ် ဆန်း ၁ ရက် ဧပြီလအထိ ရက်ပေါင်း ၆၀ ကြာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက် ကြခြင်း ဖြစ်ကာ တစ်နေ့လျှင်ပျမ်းမျှ လူဦးရေ သောင်းနှင့်ချီလာရောက်ကြခြင်းဖြစ်ကြောင်းသိရသည်။

Credit Online News

Zawgyi

Be the first to comment

Leave a Reply

Your email address will not be published.

*