အဘိုးနှင့်အဘွားကို အလုပ်ကြမ်းလုပ်ကာ ရှာကျွေးနေတဲ့ ၁၀နှစ်သမီးလေး

အဘိုးနှင့်အဘွားကို အလုပ်ကြမ်းလုပ်ကာ ရှာကျွေးနေတဲ့ ၁၀နှစ်သမီးလေး

မိမိကိုကျွေးမွေးပြုစုပေးခဲ့တဲ့သူကို ကျေးဇူးဆပ်တယ်ဆိုတာ မွန်မြတ်တဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။ မိဘတွေအဘိုးအဘွားတွေကို လုပ်ကျွေးပြုစုတယ်ဆိုတာကလည်း နတ်လူချီးမွမ်းတဲ့အလုပ်ပဲဖြစ်ပါတယ်။

ယခုအခါမှာတော့ နိုင်ငံတကာသတင်းများအကြားမှာ ၁၀နှစ်သမီးလေးတစ်ဦးအကြောင်း ဖော်ပြလာကြပါတယ်။ အဆိုပါ မိန်းကလေးကတော့ အလုပ်ကြမ်းလုပ်ကိုင်ကာ အဘိုးနှင့်အဘွားကို လုပ်ကျွေးနေသူပါ။

သူမရဲ့နာမည်ကိုတော့ မီဒီယာတွေက ငှဲ့ကွက်သောအားဖြင့် မဖော်ပြခဲ့ပါဘူး။ သူမကတော့ တရုတ်ပြည်မကြီးမှာ နေထိုင်သူတစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့ဘဝကတော့ အလွန်ကို ကံဆိုးခဲ့ပါတယ်။ သူမရဲ့အဖေကတော့ အလွန်ကိုကြမ်းတမ်းခဲ့တဲ့မတော်တဆတစ်ခုမှာ အသက်သေဆုံးသွားခဲ့ရပါတယ်။

သူမရဲ့အဖေသေဆုံးသွားခဲ့ပြီးတဲ့နောက်မှာလည်း ကံဆိုးမိုးမှောင်ကျမှုတွေက မရပ်တန့်ခဲ့ပါဘူး။

သူမရဲ့အမေက သူမအဖေဆုံးပြီးတဲ့နောက်မှာ အခြားယောကျာ်းတစ်ယောက်၏နောက်ကိုလိုက်ကာ သူမတို့ကို ထားရစ်ခဲ့ပါတယ်။ အဖေလည်းဆုံး အမေလဲမရှိတဲ့နောက်မှာတော့ အဆိုပါ မိန်းကလေးတို့မိသားစုမှာ အဘိုးနှင့်အဘွား၂ယောက်သာ ကျန်ရှိတော့ပါတယ်။

အဘိုးနှင့်အဘွားကအလွန်အိုမင်းနေတဲ့အတွက် အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် အဆိုပါ၁၀နှစ်အရွယ်မိန်းကလေးက အလုပ်ကြမ်းလုပ်ကာ အဘိုးနှင့်အဘွားကိုရှာကျွေးနေခြင်းဖြစ်ပါတယ်။

credit Online News

Zawgyi

အဘိုးႏွင့္အဘြားကို အလုပ္ၾကမ္းလုပ္ကာ ရွာေကြၽးေနတဲ့ ၁၀ႏွစ္သမီးေလး

မိမိကိုေကြၽးေမြးျပဳစုေပးခဲ့တဲ့သူကို ေက်းဇူးဆပ္တယ္ဆိုတာ မြန္ျမတ္တဲ့အလုပ္တစ္ခုပဲျဖစ္ပါတယ္။ မိဘေတြအဘိုးအဘြားေတြကို လုပ္ေကြၽးျပဳစုတယ္ဆိုတာကလည္း နတ္လူခ်ီးမြမ္းတဲ့အလုပ္ပဲျဖစ္ပါတယ္။

ယခုအခါမွာေတာ့ ႏိုင္ငံတကာသတင္းမ်ားအၾကားမွာ ၁၀ႏွစ္သမီးေလးတစ္ဦးအေၾကာင္း ေဖာ္ျပလာၾကပါတယ္။ အဆိုပါ မိန္းကေလးကေတာ့ အလုပ္ၾကမ္းလုပ္ကိုင္ကာ အဘိုးႏွင့္အဘြားကို လုပ္ေကြၽးေနသူပါ။

သူမရဲ႕နာမည္ကိုေတာ့ မီဒီယာေတြက ငွဲ႔ကြက္ေသာအားျဖင့္ မေဖာ္ျပခဲ့ပါဘူး။ သူမကေတာ့ တ႐ုတ္ျပည္မႀကီးမွာ ေနထိုင္သူတစ္ဦးပဲျဖစ္ပါတယ္။ သူမရဲ႕ဘဝကေတာ့ အလြန္ကို ကံဆိုးခဲ့ပါတယ္။ သူမရဲ႕အေဖကေတာ့ အလြန္ကိုၾကမ္းတမ္းခဲ့တဲ့မေတာ္တဆတစ္ခုမွာ အသက္ေသဆုံးသြားခဲ့ရပါတယ္။

သူမရဲ႕အေဖေသဆုံးသြားခဲ့ၿပီးတဲ့ေနာက္မွာလည္း ကံဆိုးမိုးေမွာင္က်မႈေတြက မရပ္တန႔္ခဲ့ပါဘူး။

သူမရဲ႕အေမက သူမအေဖဆုံးၿပီးတဲ့ေနာက္မွာ အျခားေယာက်ာ္းတစ္ေယာက္၏ေနာက္ကိုလိုက္ကာ သူမတို႔ကို ထားရစ္ခဲ့ပါတယ္။ အေဖလည္းဆုံး အေမလဲမရွိတဲ့ေနာက္မွာေတာ့ အဆိုပါ မိန္းကေလးတို႔မိသားစုမွာ အဘိုးႏွင့္အဘြား၂ေယာက္သာ က်န္ရွိေတာ့ပါတယ္။

အဘိုးႏွင့္အဘြားကအလြန္အိုမင္းေနတဲ့အတြက္ အလုပ္မလုပ္ႏိုင္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ အဆိုပါ၁၀ႏွစ္အ႐ြယ္မိန္းကေလးက အလုပ္ၾကမ္းလုပ္ကာ အဘိုးႏွင့္အဘြားကိုရွာေကြၽးေနျခင္းျဖစ္ပါတယ္။

credit Online News

Be the first to comment

Leave a Reply

Your email address will not be published.


*