လူထုလှုပ်ရှားမှုမှာပါဝင်တဲ့မည်သူမဆို အခမဲ့သုံးဆောင်ခွင့်ပေးနေတဲ့ ဈေးသည်အစ်ကိုကို ပြည်သူအချင်းချင်း လေးစားရလို့ Supporting ပြန်ပေးခဲ့တဲ့ ဆောင်းယွန်းစံ

လူထုလှုပ်ရှားမှုမှာပါဝင်တဲ့မည်သူမဆို အခမဲ့သုံးဆောင်ခွင့်ပေးနေတဲ့ ဈေးသည်အစ်ကိုကို တတ်နိုင်သလောက် ကူညီလှူဒါန်းပေးခဲ့တဲ့ ဆောင်းယွန်းစံ။ ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ရက်ပိုင်းဆလာက်က

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လမ်းဘေးအသုပ်စုံဈေးသည်လေးတစ်ယောက်ရဲ့ ဂုဏ်သတင်းကတော့ လူပြောများခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုရင် လမ်းဘေးအသုပ်စုံဈေးသည်လေးက လူထုလှုပ်ရှားမှုမှာပါဝင်ကြတဲ့ မည်သူမဆို သူ့ရဲ့ဆိုင်လေးမှာ

အခမဲ့ဝင်ရောက်သုံးဆောင်နိုင်တယ်ဆိုပြီး ခွင့်ပေးထားတာကြောင့်ပဲဖြစ်ပါတယ်။ ထိုဈေးသည်လေးရဲ့ စိတ်ထားလေးကို လေးစားရတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဆောင်းယွန်းစံဟာ သူရောင်းချတဲ့နေရာကို သွားရောက်ခဲ့ပြီး လိုအပ်တဲ့နေရာမှာအသုံးပြုဖို့အတွက်

တတ်နိုင်သလောက်အလှူငွေများကို ကူညီလှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ဆောင်းယွန်းစံက ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးပြောပြထားရာမှာလည်း “CDMမှာ ပါဝင်လှုပ်ရှားပေးကြရအောင်နော် ဆောင်းအနေနဲ့ အမြဲလှူဖြစ်ပေမဲ့ ဖေ့စ်ဘွတ်ပေါ်တင်လေ့မရှိပါဘူး

ဒါပေမဲ့ အခုတခါတော့ ဆောင်းချစ်ရသူတွေနဲ့ တသားတည်းရှိနေကြောင်း ပြောချင်ပါတယ် အရင်ရက်က CDMမှာပါဝင်တဲ့မည်သူမဆို အခမဲ့သုံးဆောင်ခွင့်ပေးတဲ့ အကိုအတွက် ဆောင်းကနေလည်း ပြည်သူအချင်းချင်း လေးစားရလို့ Supporting ပြန်ပေးခဲ့ပါတယ်။

နောက်ရက်တွေမှာလည်း အတူတူလိုအပ်တဲ့နေရာတိုင်းမှာ ဆောင်းအမြဲ ရှိနေမှာပါရှင့် CDMမှာပါဝင်လှုပ်ရှားပေးဖို့သာ အဓိကပါ ကျန်တဲ့အပိုင်းက ဆောင်းတို့အနုပညာမောင်နှမတွေက ပြည်သူတွေအတွက် အမြဲရှိနေပါမယ်နော်”ဆိုပြီး ရေးသားထားပါတယ်။

ကဲ..ပရိသတ်ကြီးရေ တတ်နိုင်တဲ့ဘက်ကနေ အသုပ်စုံရောင်းတဲ့ ဈေးသည်လေးကို ကူညီလှူဒါန်းပေးခဲ့တဲ့ မင်းသမီးချောလေး ဆောင်းယွန်းစံကို ဂုဏ်ပြုစကားလေးပြောပေးခဲ့ပါဦးနော်။

လေးစားစွာဖြင့် ခရက်ဒစ် Cele News

Zawgyi

လူထုလႈပ္ရွားမႈမွာပါဝင္တဲ့မည္သူမဆို အခမဲ့သုံးေဆာင္ခြင့္ေပးေနတဲ့ ေဈးသည္အစ္ကိုကို တတ္ႏိုင္သေလာက္ ကူညီလႉဒါန္းေပးခဲ့တဲ့ ေဆာင္းယြန္းစံ။ ပရိသတ္ႀကီးေရ ၿပီးခဲ့တဲ့ရက္ပိုင္းဆလာက္က

လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ လမ္းေဘးအသုပ္စုံေဈးသည္ေလးတစ္ေယာက္ရဲ႕ ဂုဏ္သတင္းကေတာ့ လူေျပာမ်ားခဲ့ပါတယ္။ ဘာေၾကာင့္လည္းဆိုရင္ လမ္းေဘးအသုပ္စုံေဈးသည္ေလးက လူထုလႈပ္ရွားမႈမွာပါဝင္ၾကတဲ့ မည္သူမဆို သူ႔ရဲ႕ဆိုင္ေလးမွာ

အခမဲ့ဝင္ေရာက္သုံးေဆာင္ႏိုင္တယ္ဆိုၿပီး ခြင့္ေပးထားတာေၾကာင့္ပဲျဖစ္ပါတယ္။ ထိုေဈးသည္ေလးရဲ႕ စိတ္ထားေလးကို ေလးစားရတဲ့ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး ေဆာင္းယြန္းစံဟာ သူေရာင္းခ်တဲ့ေနရာကို သြားေရာက္ခဲ့ၿပီး လိုအပ္တဲ့ေနရာမွာအသုံးျပဳဖို႔အတြက္

တတ္ႏိုင္သေလာက္အလႉေငြမ်ားကို ကူညီလႉဒါန္းေပးခဲ့ပါတယ္။ ဒါ့အျပင္ ေဆာင္းယြန္းစံက ဒီအေၾကာင္းေလးနဲ႔ပတ္သက္ၿပီးေျပာျပထားရာမွာလည္း “CDMမွာ ပါဝင္လႈပ္ရွားေပးၾကရေအာင္ေနာ္ ေဆာင္းအေနနဲ႔ အၿမဲလႉျဖစ္ေပမဲ့ ေဖ့စ္ဘြတ္ေပၚတင္ေလ့မရွိပါဘူး

ဒါေပမဲ့ အခုတခါေတာ့ ေဆာင္းခ်စ္ရသူေတြနဲ႔ တသားတည္းရွိေနေၾကာင္း ေျပာခ်င္ပါတယ္ အရင္ရက္က CDMမွာပါဝင္တဲ့မည္သူမဆို အခမဲ့သုံးေဆာင္ခြင့္ေပးတဲ့ အကိုအတြက္ ေဆာင္းကေနလည္း ျပည္သူအခ်င္းခ်င္း ေလးစားရလို႔ Supporting ျပန္ေပးခဲ့ပါတယ္။

ေနာက္ရက္ေတြမွာလည္း အတူတူလိုအပ္တဲ့ေနရာတိုင္းမွာ ေဆာင္းအၿမဲ ရွိေနမွာပါရွင့္ CDMမွာပါဝင္လႈပ္ရွားေပးဖို႔သာ အဓိကပါ က်န္တဲ့အပိုင္းက ေဆာင္းတို႔အႏုပညာေမာင္ႏွမေတြက ျပည္သူေတြအတြက္ အၿမဲရွိေနပါမယ္ေနာ္”ဆိုၿပီး ေရးသားထားပါတယ္။

ကဲ..ပရိသတ္ႀကီးေရ တတ္ႏိုင္တဲ့ဘက္ကေန အသုပ္စုံေရာင္းတဲ့ ေဈးသည္ေလးကို ကူညီလႉဒါန္းေပးခဲ့တဲ့ မင္းသမီးေခ်ာေလး ေဆာင္းယြန္းစံကို ဂုဏ္ျပဳစကားေလးေျပာေပးခဲ့ပါဦးေနာ္။

ေလးစားစြာျဖင့္ ခရက္ဒစ္ Cele News

Be the first to comment

Leave a Reply

Your email address will not be published.


*