
ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်ပြီး ဒီမိုကရေစီရရှိရေးအတွက် တောင်းဆိုရင်း ဝန်ထမ်းတွေကိုလည်း အလုပ်မသွားဖို့ တောင်းဆိုနေကြတဲ့ အလင်းရောင်၊ခင်ဝင့်ဝါနဲ့ ရတနာဗိုလ်
နိုင်ငံကျော် သရုပ်ဆောင်များဖြစ်တဲ့ အလင်းရောင်၊ ခင်ဝင့်ဝါနဲ့ ရတနာဗိုလ်တို့ ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ အသီးသီးရရှိ ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။
သက်တူရွယ်တူတွေ ဖြစ်သလို သူငယ်ချင်း အရင်းကြီးတွေလည်းဖြစ်တဲ့ အလင်းရောင်၊ ခင်ဝင့်ဝါနဲ့ ရတနာဗိုလ်က လက်ရှိမှာတော့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အလုပ်တွေကို ရပ်နားထားပြီး ဒီမိုကရေစီရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာလည်း အလင်းရောင်၊ ခင်ဝင့်ဝါနဲ့ ရတနာဗိုလ်တို့က အစိုးရ ဘဏ်ဝန်ထမ်းတွေရှိရာ အစိုးရရုံးတွေရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြပြီး
ဝန်ထမ်းတွေကို CDM မှာ ပါဝင်ဖို့ လေးလေးနက်နက် တောင်းဆိုနေကြတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် အလင်းရောင်နဲ့ ခင်ဝင့်ဝါတို့ရဲ့ လှုပ်ရှားမှုလေးကို မျှဝေတင်ဆက်ပေး လိုက်ပါတယ်နော်။
အလင်းရောင်၊ ခင်ဝင့်ဝါနဲ့ ရတနာဗိုလ် တို့ကတော့ နာမည်ကြီး အနုပညာရှင်တွေ ဖြစ်ပေမယ့် ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်ပြီး ဒီမိုကရေစီရရှိရေးအတွက် တောင်းဆိုရင်း ဝန်ထမ်းတွေကိုလည်း အလုပ်မသွားဖို့ တောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။
Source: Alinnyaung’s fb
Credit:Cele Connections
Zawgyi
Source: Alinnyaung’s fb
Be the first to comment