ညအချိန်မတော် စိုးရိမ်ရတယ်ဆိုပြီး စာပို့နေတဲ့သူတွေကို နောက်မပိုဖို့ တောင်းပန်လိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ညအချိန်မတော် စိုးရိမ်ရတယ်ဆိုပြီး စာပို့နေတဲ့သူတွေကို နောက်မပိုဖို့ တောင်းပန်လိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိတ်သတ်ကြီးရေ ပြည်သူချစ်သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ဟာဆိုရင် အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လာခဲ့ပြီး ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရယူပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်…။

သူမက အခုလက်ရှိမှာဖြစ်ပွားနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်နေတာပဲဖြစ်ပါတယ်နော်.။

နှိုင်းယှဉ်မြင့်မိုရ်က အခုအခြေအနေမကောင်းဘူး၊စိုးရိမ်ရတယ်ဆိုပြီး ညအချိန်မတော်ကြီးစာပို့နေသူတွေကို နောက်မပို့ကြဖို့ ကြိုတောင်းပန်လိုက်ပါတယ်။နှိုင်းရှင်မြင့်မိုရ်ကတော့ ” အားလုံးကို တစ်ခုလောက်ကြိုတောင်းပန်ထားပါစေ ညည အချိန်မတော်တော့မှ ညမရေ ပြေးတော့..

အခြေအနေမကောင်းဘူး စိုးရိမ်ရတယ်…ဒီညဝင်ဆွဲမယ်တစ်နေရာရာမှာသွာပုန်းနေတော့ ဆိုပြီး စာတွေလာလာပို့ကြတယ်…စိတ်ပူလို့ပြောမှန်းသိပေမယ့် နောက် အဲ့လို စာတွေမပို့ပါနဲ့… ဖမ်းကာမှဖမ်း…ဆွဲကာမှဆွဲ….

ကျွန်မက ပြေးရ ပြောင်းရ နေရာရွှေ့ရအောင် ရာဇဝတ်လူသတ်ကောင် လည်းမဟုတ်ဘူး….ဘာအမှုမှလည်းကျူးလွန်မထားဘူး….ကုန်ကုန်ပြောမယ်….ကျွန်မ ရဲ့ အကောင့်မှာ သူတို့နဲ့ပတ်သက်လို့ ဆဲဆိုပြီးပြောဆိုထားတာတောင် မရှိဘူး “ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။

နှိုင်းရှင်မြင့်မိုရ်ကတော့ ” ဒီအချိန်မှာ မြန်မာနိုင်ငံမှာ နေတဲ့ လူတစ်ယောက် အနေနဲ့ ဒါမျိုးမတရားတာကိုမကြိုက်ဘူးဆိုတာကို ပေါ်တင်ပြောရဲတယ်….ငြိမ်းချမ်းစွာ ထုတ်ဖော်တယ်…အလှူလုပ်တယ်…အရေးကြီးတဲ့သတင်းတွေဆို သူများနည်းတူ ကူးပြီး တင်ပေးတယ် ….

ဒါ ခု တော်တော်များများလုပ်နေကြတဲ့အလုပ်ပဲ….အဲ့အတွက် ကျွန်မကို ညအချိန်မတော်မှ ဟိုပြေးပါလားဒီ ပြေးနေပါလား ဆိုပြီး ကြောက်စိတ်ဝင်အောင် မပြောကြပါနဲ့ .

လူတိုင်းကြောက်တယ် မကြောက်ဘူးဆိုတာ ညာတာဒါပေမယ့် ကြောက်နေရုံနဲ့ပြီးမယ့်ကိစ္စ မဟုတ်ဘူး ကျွန်မက အဆုံးထိ တွေးပြီး အကုန်ပြင်ဆင်ထားပြီးသား…ဘယ်မှမရွှေ့ဘူး “ဆိုပြီး သူမရဲ့ Fb Accမှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်…။

Credit Mdy News

Zawgyi










Credit Mdy News

Be the first to comment

Leave a Reply

Your email address will not be published.


*