ဆရာဝန်အများစုရဲ့ လေးစား အတုယူအားကျရသော အသက်ရှင်နေဆဲဖြစ်တဲ့ သူရဲကောင်းကြီး ဒေါက်တာ နာဂသိန်းလှိုင်အကြောင်း

ဆရာဝန်အများစုရဲ့ လေးစား အတုယူအားကျရသော အသက်ရှင်နေဆဲဖြစ်တဲ့ သူရဲကောင်းကြီး ဒေါက်တာ နာဂသိန်းလှိုင်အကြောင်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အသက်ရှင်နေဆဲ ဟီးရိုး တစ်ယောက်အဖြစ် သိခွင့်ရခဲ့ပါတယ်။ လေးစား အားကျ ခွင့်ရခဲ့ပါတယ်။ သူက ဆရာဝန် ထုံဆေးပညာရှင် တစ်ယောက်ပြောရင် ပြတ်တယ် လုပ်ရင်ရှင်းတယ်။

တော်ရုံလူ မဖြုံတဲ့ နာဂတောင်တန်း ဒေသက ရိုးသားလှတဲ့ တိုင်းရင်းသားတွေဆီကို ရောက်တယ် ရိုးရိုးလေးပြောရရင် ဆေးလောကတစ်ခုရဲ့အရွေ့အတွက် တိုက်ပွဲ ဝင်လိုက်လို့ ဒီနိုင်ငံရဲ့ အခေါင်ဆုံးနဲ့အကြမ်းဆုံး နေရာတွေထဲကတစ်ခု ဖြစ်တဲ့ ဇင်္ဂလိန်ခန္တီးဒေသကို သူရောက်တယ်။

သူရောက်တဲ့ နေရာမှာ သူရပ်တယ်။ ခိုင်ခိုင် မာမာမြဲမြဲ မြံမြံ သူ့နှလုံးသားက သူ့သဘောထားအတွက် မာကျောတယ်။ သူ့ခံယူချက်အတွက် မာကျောတယ်။

ရိုးသားလှတဲ့ တိုင်းရင်းသားတွေနဲ့ကျပျော့ ပျောင်းတယ်နွေးထွေးတယ် တစ်ချိန်မှာတော့ သူကနာဂနတ် ဖြစ်လာခဲ့ပါတယ်။ ခန္တီးဒေ သရဲ့ပုံရိပ်ဖြစ် လာတယ်။ ရိုးသားလွန်းတဲ့တိုင်းရင်းသားတွေရဲ့ နှလုံးသားကပုံရိပ်အတိုင်း သူထင်ရှားလာတယ်။

နာဂနတ် (သို့မဟုတ်) ငယ်နာမည်က ဟုတ်ဝမ် အင်္ဂလိပ်ကျောင်းနေတုန်း နာမည်က အက်ဒဝပ်သွန်မဆင်ဟုတ်ဝမ် နောက်အ ထက်တန်း ကျောင်းမှာမောင်သိန်းလှိုင် ပြီးတော့ဒေါက်တာသိန်းလှိုင် ပြီးတော့ ဗမာတစ် နိုင်ငံလုံးဆိုင်ရာဆရာဝန်ငယ်များအ သင်းကအတွင်းရေးမှူး ဒေါက်တာသိန်းလှိုင်

ခန္တီးမှာတာ ဝန်ကျသွားတဲ့ဒေါက်တာသိန်းလှိုင် မြန်မာ့ဆေးလောကထဲကနာဂသိန်းလှိုင် သက်ရှိထင်ရှားရတနာထဲကရှားပါးရတနာလို့ဆိုရလောက်တဲ့ ဆရာကြီးနာဂ သိန်းလှိုင်ပါ။

ထက်လည်းထက် ချိုလည်းချိုတဲ့ ဓားသွားပေါ်ကပျားရည်စက်။အုပ်စိုးသူ လူတန်းစားကိုပျစ်ပျစ်နှစ်နှစ် ပြောတတ်သူတဲ့။ သူက သမိုင်းတစ်ခုလုံးစာကိုတာဝန်ကျေတဲ့တရုတ်စပ် မြန်မာတစ်ယောက်။

သူ့နာမည်ရေရွတ်ရတာတင် သူ့ပုံရိပ်တွေကိုလေးစားအားကျစေသူတစ်ယောက်။လူတစ်ယောက်တာဝန်၊ သမိုင်းပေး တာဝန်ကိုကျေပွန်သူတစ်ယောက်ဖြစ်တဲ့ မြန်မာပြည် ဆေးလောကသားတွေရဲ့စံပြ၊သူ့ကိုသိတဲ့လူငယ်တိုင်းရဲ့ဟီးရိုးကြီးဖြစ်တဲ့ ဆရာကြီးနာဂသိန်းလှိုင်။

ရှေ့ကတပ်ရတဲ့ဒေါက်တာဆိုတဲ့ဂုဏ်ပုဒ်ထက် နာဂသိန်းလှိုင်ဆိုတဲ့ဂုဏ် ပုဒ်က ပိုပြီး ကြီးကျယ်တယ်ထင်မိလို့ပိုပြီးလည်းချစ်မြတ်နိုးမိတာမို့ဒေါက်တာကိုမတပ်လိုက်တာခွင့်လွှတ်ပါ။

ထက်တဲ့ ဓားကိုထက်တဲ့ ကလောင်နဲ့သွေးထားတယ်။ ဆရာ ကြီးနာဂသိန်းလှိုင်အ ကြောင်းကို ဆရာညီ ပုလေးကရေးထားတယ်။ ထက်တဲ့ဓားနဲ့ထက်တဲ့ကလောင်စိတ်တွေဆာလောင်တိုင်း ဖတ်နေဖြစ့်မယ့် စာအုပ်ထက်မြက်တဲ့ ဓား သွားပေါ်က ချို မြမြပျား ရည်စက်မှာ ဖတ်ရှူနိုင်ပါတယ်။

ခုလိုအချိန်မျိုးမှာ တိုင်းပြည်အရေး စိတ်မအေးရပြီမို့ တတပ်တအား ပါဝင်လာတဲ့ ဆ ရာကြီးကို လေးစားဂုဏ်ပြု သောအားဖြင့် ဖတ်ရှု့အားပေးကြတဲ့ ပရိတ်သတ်ကြီးအား လုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်။

Credit Online News

Zawgyi

ဆရာဝန္အမ်ားစုရဲ႕ ေလးစား အတုယူအားက်ရေသာ အသက္ရွင္ေနဆဲျဖစ္တဲ့ သူရဲေကာင္းႀကီး ေဒါက္တာ နာဂသိန္းလႈိင္အေၾကာင္း

မဂၤလာပါ ခ်စ္ပရိတ္သတ္ႀကီးေရ ခုေျပာျပမယ့္ အေၾကာင္းေလးကေတာ့ အသက္ရွင္ေနဆဲ ဟီး႐ိုး တစ္ေယာက္အျဖစ္ သိခြင့္ရခဲ့ပါတယ္။ ေလးစား အားက် ခြင့္ရခဲ့ပါတယ္။ သူက ဆရာဝန္ ထုံေဆးပညာရွင္ တစ္ေယာက္ေျပာရင္ ျပတ္တယ္ လုပ္ရင္ရွင္းတယ္။

ေတာ္႐ုံလူ မၿဖဳံတဲ့ နာဂေတာင္တန္း ေဒသက ႐ိုးသားလွတဲ့ တိုင္းရင္းသားေတြဆီကို ေရာက္တယ္ ႐ိုး႐ိုးေလးေျပာရရင္ ေဆးေလာကတစ္ခုရဲ႕အေ႐ြ႕အတြက္ တိုက္ပြဲ ဝင္လိုက္လို႔ ဒီႏိုင္ငံရဲ႕ အေခါင္ဆုံးနဲ႔အၾကမ္းဆုံး ေနရာေတြထဲကတစ္ခု ျဖစ္တဲ့ ဇဂၤလိန္ခႏၲီးေဒသကို သူေရာက္တယ္။

သူေရာက္တဲ့ ေနရာမွာ သူရပ္တယ္။ ခိုင္ခိုင္ မာမာၿမဲၿမဲ ၿမံၿမံ သူ႔ႏွလုံးသားက သူ႔သေဘာထားအတြက္ မာေက်ာတယ္။ သူ႔ခံယူခ်က္အတြက္ မာေက်ာတယ္။

႐ိုးသားလွတဲ့ တိုင္းရင္းသားေတြနဲ႔က်ေပ်ာ့ ေပ်ာင္းတယ္ေႏြးေထြးတယ္ တစ္ခ်ိန္မွာေတာ့ သူကနာဂနတ္ ျဖစ္လာခဲ့ပါတယ္။ ခႏၲီးေဒ သရဲ႕ပုံရိပ္ျဖစ္ လာတယ္။ ႐ိုးသားလြန္းတဲ့တိုင္းရင္းသားေတြရဲ႕ ႏွလုံးသားကပုံရိပ္အတိုင္း သူထင္ရွားလာတယ္။

နာဂနတ္ (သို႔မဟုတ္) ငယ္နာမည္က ဟုတ္ဝမ္ အဂၤလိပ္ေက်ာင္းေနတုန္း နာမည္က အက္ဒဝပ္သြန္မဆင္ဟုတ္ဝမ္ ေနာက္အ ထက္တန္း ေက်ာင္းမွာေမာင္သိန္းလႈိင္ ၿပီးေတာ့ေဒါက္တာသိန္းလႈိင္ ၿပီးေတာ့ ဗမာတစ္ ႏိုင္ငံလုံးဆိုင္ရာဆရာဝန္ငယ္မ်ားအ သင္းကအတြင္းေရးမႉး ေဒါက္တာသိန္းလႈိင္

ခႏၲီးမွာတာ ဝန္က်သြားတဲ့ေဒါက္တာသိန္းလႈိင္ ျမန္မာ့ေဆးေလာကထဲကနာဂသိန္းလႈိင္ သက္ရွိထင္ရွားရတနာထဲကရွားပါးရတနာလို႔ဆိုရေလာက္တဲ့ ဆရာႀကီးနာဂ သိန္းလႈိင္ပါ။

ထက္လည္းထက္ ခ်ိဳလည္းခ်ိဳတဲ့ ဓားသြားေပၚကပ်ားရည္စက္။အုပ္စိုးသူ လူတန္းစားကိုပ်စ္ပ်စ္ႏွစ္ႏွစ္ ေျပာတတ္သူတဲ့။ သူက သမိုင္းတစ္ခုလုံးစာကိုတာဝန္ေက်တဲ့တ႐ုတ္စပ္ ျမန္မာတစ္ေယာက္။

သူ႔နာမည္ေရ႐ြတ္ရတာတင္ သူ႔ပုံရိပ္ေတြကိုေလးစားအားက်ေစသူတစ္ေယာက္။လူတစ္ေယာက္တာဝန္၊ သမိုင္းေပး တာဝန္ကိုေက်ပြန္သူတစ္ေယာက္ျဖစ္တဲ့ ျမန္မာျပည္ ေဆးေလာကသားေတြရဲ႕စံျပ၊သူ႔ကိုသိတဲ့လူငယ္တိုင္းရဲ႕ဟီး႐ိုးႀကီးျဖစ္တဲ့ ဆရာႀကီးနာဂသိန္းလႈိင္။

ေရွ႕ကတပ္ရတဲ့ေဒါက္တာဆိုတဲ့ဂုဏ္ပုဒ္ထက္ နာဂသိန္းလႈိင္ဆိုတဲ့ဂုဏ္ ပုဒ္က ပိုၿပီး ႀကီးက်ယ္တယ္ထင္မိလို႔ပိုၿပီးလည္းခ်စ္ျမတ္ႏိုးမိတာမို႔ေဒါက္တာကိုမတပ္လိုက္တာခြင့္လႊတ္ပါ။

ထက္တဲ့ ဓားကိုထက္တဲ့ ကေလာင္နဲ႔ေသြးထားတယ္။ ဆရာ ႀကီးနာဂသိန္းလႈိင္အ ေၾကာင္းကို ဆရာညီ ပုေလးကေရးထားတယ္။ ထက္တဲ့ဓားနဲ႔ထက္တဲ့ကေလာင္စိတ္ေတြဆာေလာင္တိုင္း ဖတ္ေနျဖစ့္မယ့္ စာအုပ္ထက္ျမက္တဲ့ ဓား သြားေပၚက ခ်ိဳ ျမျမပ်ား ရည္စက္မွာ ဖတ္ရႉႏိုင္ပါတယ္။

ခုလိုအခ်ိန္မ်ိဳးမွာ တိုင္းျပည္အေရး စိတ္မေအးရၿပီမို႔ တတပ္တအား ပါဝင္လာတဲ့ ဆ ရာႀကီးကို ေလးစားဂုဏ္ျပဳ ေသာအားျဖင့္ ဖတ္ရႈ႕အားေပးၾကတဲ့ ပရိတ္သတ္ႀကီးအား လုံးလည္း သာယာ ေပ်ာ္႐ႊင္တဲ့ ေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္။

Credit Online News

Be the first to comment

Leave a Reply

Your email address will not be published.


*