မြန်မာနိုင်ငံကို ခရီးမသွားသင့်သည့် အန္တရာယ်အဆင့် ၄ နိုင်ငံအဖြစ် အမေရိကန်သတ်မှတ်

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ပြည်တွင်းမငြိမ်သက်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် အမေရိကန်က ခရီးမသွားရမည့် အန္တရာယ်အဆင့် ၄ ရှိ နိုင်ငံ အ ဖြစ် သတ်မှတ်ထားသည်။

ဖေဖော်ဝါရီ ၁၄ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ အမေရိကန်အစိုးရ၏ မဖြစ်မနေတာဝန်ထမ်းဆောင်ရမည့်သူများမှလွဲပြီး ကျန်လူ နှင့် မိသားစုဝင်များကို မိမိဆန္ဒအလျောက် ပြန်လာခွင့်ပေးကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ (CDC) ကလည်း မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ခရီးမသွားသင့်သည့် အဆင့် ၄ နိုင်ငံအဖြစ်ကျန်း မာရေးဆိုင်ရာ သတိပေးချက်လည်း ထုတ်ပြန်ထားပြီးဖြစ်သည်။

မြန်မာစစ်တပ်က ရွေးကောက်ခံ အစိုးရ တာဝန်ရှိသူများကို ဖမ်းဆီးထိန်းသိမ်းထားသောကြောင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိပြီး ဆက်လက်ဖြစ်ပျက် နေမည်ဟုလည်း မျှော်လင့်ရသည်။

Credit Online News

Zawgyi

ျမန္မာႏိုင္ငံ၌ ကိုဗစ္-၁၉ ကပ္ေရာဂါ၊ ျပည္တြင္းမၿငိမ္သက္မႈႏွင့္ လက္နက္ကိုင္ ပဋိပကၡမ်ားေၾကာင့္ အေမရိကန္က ခရီးမသြားရမည့္ အႏၲရာယ္အဆင့္ ၄ ရွိ ႏိုင္ငံ အ ျဖစ္ သတ္မွတ္ထားသည္။

ေဖေဖာ္ဝါရီ ၁၄ ရက္က အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျမန္မာႏိုင္ငံရွိ အေမရိကန္အစိုးရ၏ မျဖစ္မေနတာဝန္ထမ္းေဆာင္ရမည့္သူမ်ားမွလြဲၿပီး က်န္လူ ႏွင့္ မိသားစုဝင္မ်ားကို မိမိဆႏၵအေလ်ာက္ ျပန္လာခြင့္ေပးေၾကာင္း ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

ေရာဂါကာကြယ္ေရးႏွင့္ထိန္းခ်ဳပ္ေရးစင္တာ (CDC) ကလည္း ျမန္မာႏိုင္ငံတြင္း ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈေၾကာင့္ ခရီးမသြားသင့္သည့္ အဆင့္ ၄ ႏိုင္ငံအျဖစ္က်န္း မာေရးဆိုင္ရာ သတိေပးခ်က္လည္း ထုတ္ျပန္ထားၿပီးျဖစ္သည္။

ျမန္မာစစ္တပ္က ေ႐ြးေကာက္ခံ အစိုးရ တာဝန္ရွိသူမ်ားကို ဖမ္းဆီးထိန္းသိမ္းထားေသာေၾကာင့္ ႏိုင္ငံတစ္ဝန္း ဆႏၵျပမႈမ်ား ျဖစ္ပြားလ်က္ရွိၿပီး ဆက္လက္ျဖစ္ပ်က္ ေနမည္ဟုလည္း ေမွ်ာ္လင့္ရသည္။

Credit Online News

Be the first to comment

Leave a Reply

Your email address will not be published.


*