
အခုလို အခ်ိန္အခါမ်ိဳးမွာ ကမာၻကေတာင္ သိသြားတဲ့ သမီးေလး
စိတ္ထားျဖဴတဲ့ကေလးဒီကေလးမေလး(ဖရဲသီးစိတ္ေရာင္းတဲ့ကေလး)ကြၽန္ေတာ္မေလးစားဘဲမေနႏိုင္ေတာ့ဘူး
ကမာၻကသိသြားတဲ့ ဓႏုျဖဴကေစတနာရွင္မေလး
(၁၈-၂-၂၀၂၁)ၾကာသာပေတးေန႔ဆႏၵေဖာ္ထုတ္ပြဲ(၁၂)ရက္ေျမာက္ေန႔
စိတ္ထားျဖဴတဲ့ကေလးဒီကေလးမေလး(ဖရဲသီးစိတ္ေရာင္းတဲ့ကေလး)ကြၽန္ေတာ္မေလးစားဘဲမေနႏိုင္ေတာ့ဘူးကြၽန္ေတာ္တို႔ကေရွ႕ကႀကိဳပြိဳင့္သြားတယ္
သူ႔ေရွ႕ေရာက္ေတာ့အေမာေျပဝယ္စားမလို႔
“သမီး တစ္စိတ္ဘယ္ေလာက္လဲ””တစ္စိတ္ (၂၀၀ )သုံးစိတ္ (၅၀၀) ပါဦးဦး”
“ေအး အဲဒါဆို (၅၀၀ )ဖိုးထည့္””ေရာ့ ရၿပီ ဦးဦး မေပးနဲ႔ စားသြားေနာ္ ျဖစ္ႏိုင္ရင္အခုဆႏၵေဖာ္ထုတ္တဲ့သူေတြအကုန္လုံးကို သမီးက ေကြၽးခ်င္တာ”
အရင္းမရွိေတာ့ရင္ အေမဆူမွာစိုးလို႔””သမီး အရင္းက ဘယ္ေလာက္မို႔လဲ”
“သိဘူး အေမ ကဖရဲသီးတစ္လုံးဝယ္ၿပီးစိတ္ေပးလိုက္တာ”
ခန႔္မွန္းၿပီးအစိတ္ေရၾကည့္လိုက္ေတာ့ ကာလေပါက္ေဈး (၃၅၀၀/၄၀၀၀)
“သမီးတစ္ဗန္းလုံးဦးဝယ္မယ္ (၅၀၀၀) ထား”
“အာ့ေလာက္အျမတ္ သမီးမယူပါဘူး အရင္းဘဲေပး”
“အရင္းက (၂၈၀၀ )ထဲ သမီးအျမတ္လႉပါ့မယ္”
(ေန႔လုပ္မွတစ္ေန႔စားရတဲ့ကေလးကသူ႔အျမတ္ကိုလႉမွာတဲ့ဗ်ာ ကြၽန္ေတာ္အံ့ဩဆြံ႕အသြားတယ္)
“ေအးသမီး အဲဒါဆို ဦးေပးမယ္ သမီးလႉခ်င္တဲ့ဒါနေျမာက္ေအာင္ အခုေဝေပးလိုက္ေတာ့”
“ဟုတ္”
“အကိုႀကီးအမႀကီးတို႔အေမာေျပစားသြားၾကေနာ္
သမီးလႉတာပါ အားမနာပါနဲ႔ စားသြားေနာ္”
(သူ႔အသံဆာဆာေလးျဖင့္ေျပာရင္းလႉေနတာ
သူ႔ကိုၾကည့္ၿပီးကိုယ့္မွာပီတိျဖစ္ ေလးစားရၿပီေလ)
ဆႏၵေဖာ္ထုတ္တဲ့ လူတန္းဆုံးသြားေတာ့
“ဦးဦး ေရ ကုန္သြားၿပီ”
“ေအးေအးသမီးလႉလိုက္ရတာေပ်ာ္လား”
“ေပ်ာ္တာေပါ့ ဒိီထက္ပိုလႉခ်င္ေသးတာ”
“ေအး လႉရမွာေပါ့ ေရာ့သမီး ဖရဲသီးဖိုး”
သူ ပိုက္ဆံကို စစ္ၾကည့္ၿပီး။
” ဦးဦး ပိုက္ဆံပိုေနတယ္”
(သူစိတ္ဓါတ္ပိုေလးစားျပန္ၿပီ ပိုေငြကိုသူမယူ)
“မပိုဘူး သမီး အရင္းက( ၃၀၀၀) ပိုတဲ့( ၃၀၀၀) ကသမီးစိတ္ဓာတ္ကိုေလးစားလို႔ဆုခ်တာ”
(ကိုယ့္အိတ္ကပ္ထဲလဲ ၁၀၀၀ တန္ ၆ ႐ြက္ဘဲက်န္ေတာ့လို႔)
“ဒါနဲ႔ သမီးအသက္ဘယ္ေလာက္ရွိၿပီလဲ”
“(၁၄) ႏွစ္ပါဦးဦး”
(ပိုၿပီးေလးစားရၿပီေလ ပညာမစုံေသးတဲ့ကေလးတစ္ေယာက္ရဲ႕စိတ္ဓါတ္က ပညာတက္ဘြဲ႕ရၿပီးလုပ္ငန္းခြင္မွာက်င္လည္က်က္စားၿပီး CDM ကိုမပါဝင္ႏိုင္ၾကတဲ့လက္ရွိ႐ုံးတက္ေနတဲ့ဝန္ထမ္းေတြထက္သာတယ္)
ဒီေန႔ကိုယ္ေတြ႕ျဖစ္ရပ္မွန္ပါ
တစ္ေန႔လုပ္မွတစ္ေန႔စားမိသားစုကေမြးဖြားထားတဲ့ေလးစားထိုက္တဲ့သမီးငယ္ေလးကိုေလးစားဂုဏ္ယူစြာျဖင့္
credit: ဓႏုျဖဴမာစတာ ဓႏုျဖဴမာစတာ
Unicode
အခုလို အချိန်အခါမျိုးမှာ ကမ္ဘာကတောင် သိသွားတဲ့ သမီးလေး
စိတ်ထားဖြူတဲ့ကလေးဒီကလေးမလေး(ဖရဲသီးစိတ်ရောင်းတဲ့ကလေး)ကျွန်တော်မလေးစားဘဲမနေနိုင်တော့ဘူး
ကမ္ဘာကသိသွားတဲ့ ဓနုဖြူကစေတနာရှင်မလေး
(၁၈-၂-၂၀၂၁)ကြာသာပတေးနေ့ဆန္ဒဖော်ထုတ်ပွဲ(၁၂)ရက်မြောက်နေ့
စိတ်ထားဖြူတဲ့ကလေးဒီကလေးမလေး(ဖရဲသီးစိတ်ရောင်းတဲ့ကလေး)ကျွန်တော်မလေးစားဘဲမနေနိုင်တော့ဘူးကျွန်တော်တို့ကရှေ့ကကြိုပွိုင့်သွားတယ်
သူ့ရှေ့ရောက်တော့အမောပြေဝယ်စားမလို့
“သမီး တစ်စိတ်ဘယ်လောက်လဲ””တစ်စိတ် (၂၀၀ )သုံးစိတ် (၅၀၀) ပါဦးဦး”
“အေး အဲဒါဆို (၅၀၀ )ဖိုးထည့်””ရော့ ရပြီ ဦးဦး မပေးနဲ့ စားသွားနော် ဖြစ်နိုင်ရင်အခုဆန္ဒဖော်ထုတ်တဲ့သူတွေအကုန်လုံးကို သမီးက ကျွေးချင်တာ”
အရင်းမရှိတော့ရင် အမေဆူမှာစိုးလို့””သမီး အရင်းက ဘယ်လောက်မို့လဲ”
“သိဘူး အမေ ကဖရဲသီးတစ်လုံးဝယ်ပြီးစိတ်ပေးလိုက်တာ”
ခန့်မှန်းပြီးအစိတ်ရေကြည့်လိုက်တော့ ကာလပေါက်ဈေး (၃၅၀၀/၄၀၀၀)
“သမီးတစ်ဗန်းလုံးဦးဝယ်မယ် (၅၀၀၀) ထား”
“အာ့လောက်အမြတ် သမီးမယူပါဘူး အရင်းဘဲပေး”
“အရင်းက (၂၈၀၀ )ထဲ သမီးအမြတ်လှူပါ့မယ်”
(နေ့လုပ်မှတစ်နေ့စားရတဲ့ကလေးကသူ့အမြတ်ကိုလှူမှာတဲ့ဗျာ ကျွန်တော်အံ့ဩဆွံ့အသွားတယ်)
“အေးသမီး အဲဒါဆို ဦးပေးမယ် သမီးလှူချင်တဲ့ဒါနမြောက်အောင် အခုဝေပေးလိုက်တော့”
“ဟုတ်”
“အကိုကြီးအမကြီးတို့အမောပြေစားသွားကြနော်
သမီးလှူတာပါ အားမနာပါနဲ့ စားသွားနော်”
(သူ့အသံဆာဆာလေးဖြင့်ပြောရင်းလှူနေတာ
သူ့ကိုကြည့်ပြီးကိုယ့်မှာပီတိဖြစ် လေးစားရပြီလေ)
ဆန္ဒဖော်ထုတ်တဲ့ လူတန်းဆုံးသွားတော့
“ဦးဦး ရေ ကုန်သွားပြီ”
“အေးအေးသမီးလှူလိုက်ရတာပျော်လား”
“ပျော်တာပေါ့ ဒီထက်ပိုလှူချင်သေးတာ”
“အေး လှူရမှာပေါ့ ရော့သမီး ဖရဲသီးဖိုး”
သူ ပိုက်ဆံကို စစ်ကြည့်ပြီး။
” ဦးဦး ပိုက်ဆံပိုနေတယ်”
(သူစိတ်ဓါတ်ပိုလေးစားပြန်ပြီ ပိုငွေကိုသူမယူ)
“မပိုဘူး သမီး အရင်းက( ၃၀၀၀) ပိုတဲ့( ၃၀၀၀) ကသမီးစိတ်ဓာတ်ကိုလေးစားလို့ဆုချတာ”
(ကိုယ့်အိတ်ကပ်ထဲလဲ ၁၀၀၀ တန် ၆ ရွက်ဘဲကျန်တော့လို့)
“ဒါနဲ့ သမီးအသက်ဘယ်လောက်ရှိပြီလဲ”
“(၁၄) နှစ်ပါဦးဦး”
(ပိုပြီးလေးစားရပြီလေ ပညာမစုံသေးတဲ့ကလေးတစ်ယောက်ရဲ့စိတ်ဓါတ်က ပညာတက်ဘွဲ့ရပြီးလုပ်ငန်းခွင်မှာကျင်လည်ကျက်စားပြီး CDM ကိုမပါဝင်နိုင်ကြတဲ့လက်ရှိရုံးတက်နေတဲ့ဝန်ထမ်းတွေထက်သာတယ်)
ဒီနေ့ကိုယ်တွေ့ဖြစ်ရပ်မှန်ပါ
တစ်နေ့လုပ်မှတစ်နေ့စားမိသားစုကမွေးဖွားထားတဲ့လေးစားထိုက်တဲ့သမီးငယ်လေးကိုလေးစားဂုဏ်ယူစွာဖြင့်
credit: ဓနုဖြူမာစတာ ဓနုဖြူမာစတာ
Be the first to comment