မိဘေတြမသိခင္ ေတာလည္သြားတဲ့ေကာင္ေလး၊ အေဖာ္အျဖစ္ သမင္ေလးကိုပါ ေခၚလာခဲ့

မိဘေတြမသိဘဲ တစ္ဦးတည္း ေတာထဲကို ေလွ်ာက္သြားခဲ့တဲ့ (၄)ႏွစ္အရြယ္ ေကာင္ေလးတစ္ေယာက္ကေတာ့ သမင္းေလးတစ္ေကာင္ကို အိမ္ေခၚၿပီး ျပန္ေရာက္လာခဲ့ပါတယ္။

အဆုိပါ ေကာင္ေလးနဲ႔ သမင္ေလးဟာ သူငယ္ခ်င္းေတြအျဖစ္ ရင္းနီးေနၾကၿပီး၊ မိဘေတြက သူတုိ႔သားေလးကို ေတာထဲမသြားဖုိ႔ ေျပာတဲ့ၾကားက အခုလုိ ျဖစ္ပ်က္ခဲ့တာပါ။

မိခင္ရဲ႕အမည္မွာ Stephanie Brown ျဖစ္ပါတယ္။ သူမရဲ႕သားေလးအမည္ကေတာ့ Dominic ျဖစ္ပါတယ္။ သူဟာ အိမ္အျပင္မွာ ကစားရတာကို အလြန္ႏွစ္ၿခိဳက္ၿပီး ေတာ္ေတာ္မ်ားမ်ားေသာ အခ်ိန္ေတြမွာေတာ့ ေနအိမ္ပတ္ပတ္လည္မွာသာ ေလွ်ာက္ကစားေနေလ့ ရွိပါတယ္။

တကယ္ေတာ့ သူတုိ႔မိသားစုဟာ ဗာဂ်ီးနီယားျပည္နယ္က Massanutten Resort မွာ အပန္းေျဖအားလပ္ရက္ ယူေနၾကတာပါ။ အနီးအနားမွာက Shenandoah National Park ေဘးမဲ့ဥယ်ာဥ္တည္ရွိၿပီး၊ အဲဒီအတြင္းကို မိဘေတြမသိဘဲ သြားသြားကစားကာ သမင္ေလးနဲ႔ မိတ္ေဆြဖြဲ႕ခဲ့တာျဖစ္ပါတယ္။

သူတုိ႔သားအမိသားအဖေတြ အားလပ္ရက္ကုန္လုိ႔ Northern Neck မွာတည္ရွိတဲ့ ေနအိမ္ကို ျပန္ဖုိ႔ ျပင္ဆင္ေနတုန္းဒ သားျဖစ္သူ Dominic က သူ႔ရဲ႕သူငယ္ခ်င္းနဲ႔ ေဆာ့ကစားေနတာကို အမွတ္မထင္ လွမ္းျမင္လုိက္တာပါ မိခင္ Brown ကေတာ့ အေတာ္ေလး ထိတ္လန္႔သြားၿပီး၊

ခဏေလာက္ေတာ့ ေျပာစရာစကား မရွိဘဲ စြံ႕အေနခဲ့တယ္လုိ႔ ဆုိပါတယ္။ သားျဖစ္သူနဲ႔အတူ အေဖာ္သမင္ေလးဟာ အိမ္ထဲကို ဝင္လုမတက္ ျဖစ္ေနပါတယ္။ သမင္ေလးက Brown ကို ခပ္စိမ္းစိမ္း ၾကည့္ေနေပမယ့္ Dominic အနားကေန မခြာပါဘူး။

ေနာက္ေတာ့မွ Brown က ဖုန္းနဲ႔ဓာတ္ပုံေတြ ႐ုိက္ယူဖုိ႔ စိတ္ကူးရသြားတာပါ။ သမင္ေလးကေတာ့ သူရဲ႕မိခင္ သမင္မႀကီးနဲ႔အတူ ေဘးမဲ့ဥယ်ာဥ္ထဲမွာ က်န္ရစ္ခဲ့ပါတယ္။ ဒီဓာတ္ပုံေတြကို Brown က လူမႈကြန္ရက္ေပၚ ျပန္လည္မွ်ေဝခဲ့ရာ ျပန္လည္မွ်ေဝသူ (၂၈၀၀၀)အထိ ရွိခဲ့ပါတယ္။

လင္းေဇာ္ကုိ

Ref ; IndiaTimes

Unicode

မိဘတွေမသိဘဲ တစ်ဦးတည်း တောထဲကို လျှောက်သွားခဲ့တဲ့ (၄)နှစ်အရွယ် ကောင်လေးတစ်ယောက်ကတော့ သမင်းလေးတစ်ကောင်ကို အိမ်ခေါ်ပြီး ပြန်ရောက်လာခဲ့ပါတယ်။

အဆိုပါ ကောင်လေးနဲ့ သမင်လေးဟာ သူငယ်ချင်းတွေအဖြစ် ရင်းနီးနေကြပြီး၊ မိဘတွေက သူတို့သားလေးကို တောထဲမသွားဖို့ ပြောတဲ့ကြားက အခုလို ဖြစ်ပျက်ခဲ့တာပါ။

မိခင်ရဲ့အမည်မှာ Stephanie Brown ဖြစ်ပါတယ်။ သူမရဲ့သားလေးအမည်ကတော့ Dominic ဖြစ်ပါတယ်။ သူဟာ အိမ်အပြင်မှာ ကစားရတာကို အလွန်နှစ်ခြိုက်ပြီး တော်တော်များများသော အချိန်တွေမှာတော့ နေအိမ်ပတ်ပတ်လည်မှာသာ လျှောက်ကစားနေလေ့ ရှိပါတယ်။

တကယ်တော့ သူတို့မိသားစုဟာ ဗာဂျီးနီယားပြည်နယ်က Massanutten Resort မှာ အပန်းဖြေအားလပ်ရက် ယူနေကြတာပါ။ အနီးအနားမှာက Shenandoah National Park ဘေးမဲ့ဥယျာဉ်တည်ရှိပြီး၊ အဲဒီအတွင်းကို မိဘတွေမသိဘဲ သွားသွားကစားကာ သမင်လေးနဲ့ မိတ်ဆွေဖွဲ့ခဲ့တာဖြစ်ပါတယ်။

သူတို့သားအမိသားအဖတွေ အားလပ်ရက်ကုန်လို့ Northern Neck မှာတည်ရှိတဲ့ နေအိမ်ကို ပြန်ဖို့ ပြင်ဆင်နေတုန်းဒ သားဖြစ်သူ Dominic က သူ့ရဲ့သူငယ်ချင်းနဲ့ ဆော့ကစားနေတာကို အမှတ်မထင် လှမ်းမြင်လိုက်တာပါ မိခင် Brown ကတော့ အတော်လေး ထိတ်လန့်သွားပြီး၊

ခဏလောက်တော့ ပြောစရာစကား မရှိဘဲ စွံ့အနေခဲ့တယ်လို့ ဆိုပါတယ်။ သားဖြစ်သူနဲ့အတူ အဖော်သမင်လေးဟာ အိမ်ထဲကို ဝင်လုမတက် ဖြစ်နေပါတယ်။ သမင်လေးက Brown ကို ခပ်စိမ်းစိမ်း ကြည့်နေပေမယ့် Dominic အနားကနေ မခွာပါဘူး။

နောက်တော့မှ Brown က ဖုန်းနဲ့ဓာတ်ပုံတွေ ရိုက်ယူဖို့ စိတ်ကူးရသွားတာပါ။ သမင်လေးကတော့ သူရဲ့မိခင် သမင်မကြီးနဲ့အတူ ဘေးမဲ့ဥယျာဉ်ထဲမှာ ကျန်ရစ်ခဲ့ပါတယ်။ ဒီဓာတ်ပုံတွေကို Brown က လူမှုကွန်ရက်ပေါ် ပြန်လည်မျှဝေခဲ့ရာ ပြန်လည်မျှဝေသူ (၂၈၀၀၀)အထိ ရှိခဲ့ပါတယ်။

လင်းဇော်ကို

Ref ; IndiaTimes

Be the first to comment

Leave a Reply

Your email address will not be published.


*