လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်တွေကို ဝမ်းနည်းစွာပြောလာတဲ့ အောင်လအန်ဆန်း

လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်တွေကို ဝမ်းနည်းစွာပြောလာတဲ့ အောင်လအန်ဆန်း

One Championship က MMA ကစားသမား မြန်မာနိုင်ငံသား အောင်လအန်ဆန်းဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်နေပြီး

လက်ရှိဖြစ်ပေါ်နေသောအခြေအနေမှာ ပြည်သူ တွေအနေနဲ့ စည်းစည်းလုံးလုံး နဲ့ လုပ်ရမယ့်အရာတွေကို ထိထိရောက်ရောက် အာရုံစိုက်ပြီးတော့ ဆက်လက်လုပ်ဆောင်သွားဖို့လိုအပ်တယ်လို့ဆုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာက

တစ်ဆင့် ဖေဖော်ဝါရီ ၈ ရက်နေ့ ညပိုင်းကဆိုတာပါ။ ပြီးခဲ့တဲ့တစ်ပတ်လုံးကကျွန်တော့်အတွက်တော့အခက်ခဲဆုံးကာလဖြစ်ခဲ့တယ်။မြန်မာနိုင်ငံမှာ၊ မမျှော်လင့်ပဲနဲ့ ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ ပြည်သူ့ အစိုးရကို စစ်တပ်က

အာဏာသိမ်းယူမှုဖြစ်ပွားခဲ့တယ်။ဒီဖြစ်ရပ်ကြောင့်နောက်ဆက်တွဲ အကြောင်းအရာတွေလည်း ထပ်ပြီးဖြစ်ခဲ့ရတာ။ ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်ပျက်သွားတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် တော်တော်လေး ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ကျွန်တော့်ပရိသတ်တွေသိဖို့လိုတဲ့အကြောင်းအရာတချို့ကိုပြောပြရရင်ကျွန်တော့်အဖိုးက ဒုတိယကမ္ဘာစစ်အတွင်းမှာ ကချင်ရိုင်ဖယ်တပ်ရင်းနဲ့အတူ ဗမာ့တပ်မတော် အတွက်စစ်မှုထမ်းခဲ့ပါတယ်။

ဒါပေမယ့် အဲဒီနောက် ကချင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် အတွင်းမှာ ကျွန်တော့်ဦးလေးနှစ်ယောက်တပ်မတော်နဲ့ဖြစ်ပွားတဲ့ စစ်ပွဲတွေမှာအသက်ဆုံးရှူံးခဲ့ရပါတယ်။တခြားပြောပြစရာအဖြစ်အပျက်အကြောင်းအရာတွေ ရှိနေသေးပေမယ့်လည်း

ဒါကိုပြောပြရတဲ့အဓိက ဆိုလိုရင်းက ကျွန်တော်အားလုံးရဲ့ နာကျင်မှုတွေကိုထပ်တူ ခံစားရတယ်ဆိုတာပါ။နောက်တစ်ခုက ကျွန်တော်ကလူအများရှေ့မှာ စကားပြောစွမ်းရည်မကောင်းပါဘူး။ အထူးသဖြင့်နိုင်ငံရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ

ပြောဆိုတဲ့နေရာမှာ မပြောတတ်မဆိုတတ်နဲ့ ပြောချင်တဲ့အကြောင်းအရာကို နားလည်မှုမလွဲအောင် ပြောနိုင်ဖို့ အရမ်းအားနည်းပါတယ်။ကျွန်တော်ထုတ်ဖော်မပြောပြတတ်ပေမယ့် ကျွန်တော့်ဘာအတွက် ကိုယ့်ကိုယ်ကိုလိုလိုလားလား စတေးခံရဲသလဲ။

လို့ကိုယ့်ကိုယ်ကိုမေးကြည့်တဲ့အခါရလာတဲ့ ကျွန်တော့်ရဲ့အဖြေက အရမ်းရိုး ရှင်းပါတယ်။ ကျွန်တော့်မိသားစုအတွက်ပါ။မြန်မာနိုင်ငံဆိုတဲ့ကျွန်တော့်မိသားစုမှာ တိုင်းရင်းသား ပေါင်းစုံနဲ့ ဘာသာတရားအသင်းအဖွဲ့အားလုံးပါဝင်ပါတယ်။

တချိန်ချိန်မှာကျွန်တော်သည်ကမ္ဘာမြေပေါ်ကထွက်ခွာသွားတဲ့အခါ နောင်လာမယ့်မျိုးဆက်သစ်လူငယ်တွေအတွက် ကျွန်တော်တို့နေထိုင်ရှင်သန်ခဲ့တဲ့ အခြေအနေထက်ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖြစ်စေချင်ပါတယ်။လက်ရှိဖြစ်နေတဲ့အခြေအနေမှာ

ကျွန်တော်မြန်မာပြည်သူတွေနဲ့အတူ၊တသားတည်းရပ်တည်ပါတယ်။ပြီးတော့ ကျွန်တော်တို့စည်းစည်းလုံးလုံးနဲ့ လုပ်ရမယ့် အရာတွေကို ထိထိရောက်ရောက် အာရုံစိုက်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။အန်တီစုနဲ့အတူ ထိန်းသိမ်းခံထားရတဲ့

ပါတီဝင်တွေ အမြန်ဆုံး လွတ်မြောက်ပြီး မြန်မာပြည်သူ တွေ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို အမြန်ဆုံးပြန်လည်ရရှိပါစေလို့လည်း ဆုတောင်းပါနေပါတယ်။၂၀၂၀ အထွေထွေရွေးကောက်ပွဲရလာဒ်ကို

အသိအမှတ်ပြုပြီးတော့ အခြေအနေတွေ ပုံမှန်အတိုင်းပြန်လည်တည်ငြိမ်လာပြီး အားလုံးပိုမိုကောင်းမွန်တဲ့ဘဝတွေမှာ ရှင်သန်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်။ဘုရားသခင်

ကောင်းကြီးမင်္ဂလာနဲ့အတူ၊ မြန်မာ ပြည်ကြီးငြိမ်းချမ်းစွာနဲ့ တရားမျှတပြီး စည်းလုံးမှုများရရှိနိုင်ပါစေ။ အားလုံးကိုချစ်ခင်တဲ့ အောင်လအန်ဆန်း ဆိုပြီးတော့ ရေးသားဖော်ပြထားတာဘဲ ဖြစ်ပါတယ်နော်။

Credit Online News

Unicode

လက္ရွိျဖစ္ပ်က္ေနတဲ့ အရာေတြနဲ႔ပတ္သက္ၿပီး သူရဲ႕ခံစားခ်က္ေတြကို ဝမ္းနည္းစြာေျပာလာတဲ့ ေအာင္လအန္ဆန္း

One Championship က MMA ကစားသမား ျမန္မာႏိုင္ငံသား ေအာင္လအန္ဆန္းဟာ ျမန္မာႏိုင္ငံရဲ႕ အေျခအေနေၾကာင့္ ဝမ္းနည္းစိတ္မေကာင္းျဖစ္ေနၿပီး

လက္ရွိျဖစ္ေပၚေနေသာအေျခအေနမွာ ျပည္သူ ေတြအေနနဲ႔ စည္းစည္းလုံးလုံး နဲ႔ လုပ္ရမယ့္အရာေတြကို ထိထိေရာက္ေရာက္ အာ႐ုံစိုက္ၿပီးေတာ့ ဆက္လက္လုပ္ေဆာင္သြားဖို႔လိုအပ္တယ္လို႔ဆုၿပီး သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာက

တစ္ဆင့္ ေဖေဖာ္ဝါရီ ၈ ရက္ေန႔ ညပိုင္းကဆိုတာပါ။ ၿပီးခဲ့တဲ့တစ္ပတ္လုံးကကြၽန္ေတာ့္အတြက္ေတာ့အခက္ခဲဆုံးကာလျဖစ္ခဲ့တယ္။ျမန္မာႏိုင္ငံမွာ၊ မေမွ်ာ္လင့္ပဲနဲ႔ ျပည္သူက ေ႐ြးခ်ယ္တင္ေျမာက္ထားတဲ့ ျပည္သူ႔ အစိုးရကို စစ္တပ္က

အာဏာသိမ္းယူမႈျဖစ္ပြားခဲ့တယ္။ဒီျဖစ္ရပ္ေၾကာင့္ေနာက္ဆက္တြဲ အေၾကာင္းအရာေတြလည္း ထပ္ၿပီးျဖစ္ခဲ့ရတာ။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ျဖစ္ပ်က္သြားတဲ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနေၾကာင့္ ေတာ္ေတာ္ေလး ဝမ္းနည္းစိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။

ကြၽန္ေတာ့္ပရိသတ္ေတြသိဖို႔လိုတဲ့အေၾကာင္းအရာတခ်ိဳ႕ကိုေျပာျပရရင္ကြၽန္ေတာ့္အဖိုးက ဒုတိယကမာၻစစ္အတြင္းမွာ ကခ်င္႐ိုင္ဖယ္တပ္ရင္းနဲ႔အတူ ဗမာ့တပ္မေတာ္ အတြက္စစ္မႈထမ္းခဲ့ပါတယ္။

ဒါေပမယ့္ အဲဒီေနာက္ ကခ်င္ျပည္နယ္မွာျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္ အတြင္းမွာ ကြၽန္ေတာ့္ဦးေလးႏွစ္ေယာက္တပ္မေတာ္နဲ႔ျဖစ္ပြားတဲ့ စစ္ပြဲေတြမွာအသက္ဆုံးရႉံးခဲ့ရပါတယ္။တျခားေျပာျပစရာအျဖစ္အပ်က္အေၾကာင္းအရာေတြ ရွိေနေသးေပမယ့္လည္း

ဒါကိုေျပာျပရတဲ့အဓိက ဆိုလိုရင္းက ကြၽန္ေတာ္အားလုံးရဲ႕ နာက်င္မႈေတြကိုထပ္တူ ခံစားရတယ္ဆိုတာပါ။ေနာက္တစ္ခုက ကြၽန္ေတာ္ကလူအမ်ားေရွ႕မွာ စကားေျပာစြမ္းရည္မေကာင္းပါဘူး။ အထူးသျဖင့္ႏိုင္ငံေရးနဲ႔ ပတ္သက္တဲ့အေၾကာင္းအရာေတြ

ေျပာဆိုတဲ့ေနရာမွာ မေျပာတတ္မဆိုတတ္နဲ႔ ေျပာခ်င္တဲ့အေၾကာင္းအရာကို နားလည္မႈမလြဲေအာင္ ေျပာႏိုင္ဖို႔ အရမ္းအားနည္းပါတယ္။ကြၽန္ေတာ္ထုတ္ေဖာ္မေျပာျပတတ္ေပမယ့္ ကြၽန္ေတာ့္ဘာအတြက္ ကိုယ့္ကိုယ္ကိုလိုလိုလားလား စေတးခံရဲသလဲ။

လို႔ကိုယ့္ကိုယ္ကိုေမးၾကည့္တဲ့အခါရလာတဲ့ ကြၽန္ေတာ့္ရဲ႕အေျဖက အရမ္း႐ိုး ရွင္းပါတယ္။ ကြၽန္ေတာ့္မိသားစုအတြက္ပါ။ျမန္မာႏိုင္ငံဆိုတဲ့ကြၽန္ေတာ့္မိသားစုမွာ တိုင္းရင္းသား ေပါင္းစုံနဲ႔ ဘာသာတရားအသင္းအဖြဲ႕အားလုံးပါဝင္ပါတယ္။

တခ်ိန္ခ်ိန္မွာကြၽန္ေတာ္သည္ကမာၻေျမေပၚကထြက္ခြာသြားတဲ့အခါ ေနာင္လာမယ့္မ်ိဳးဆက္သစ္လူငယ္ေတြအတြက္ ကြၽန္ေတာ္တို႔ေနထိုင္ရွင္သန္ခဲ့တဲ့ အေျခအေနထက္ပိုမိုေကာင္းမြန္တဲ့ အနာဂတ္ျဖစ္ေစခ်င္ပါတယ္။လက္ရွိျဖစ္ေနတဲ့အေျခအေနမွာ

ကြၽန္ေတာ္ျမန္မာျပည္သူေတြနဲ႔အတူ၊တသားတည္းရပ္တည္ပါတယ္။ၿပီးေတာ့ ကြၽန္ေတာ္တို႔စည္းစည္းလုံးလုံးနဲ႔ လုပ္ရမယ့္ အရာေတြကို ထိထိေရာက္ေရာက္ အာ႐ုံစိုက္ၿပီး ဆက္လက္လုပ္ေဆာင္သြားဖို႔လိုအပ္ပါတယ္။အန္တီစုနဲ႔အတူ ထိန္းသိမ္းခံထားရတဲ့

ပါတီဝင္ေတြ အျမန္ဆုံး လြတ္ေျမာက္ၿပီး ျမန္မာျပည္သူ ေတြ စစ္မွန္တဲ့ဒီမိုကေရစီစနစ္ကို အျမန္ဆုံးျပန္လည္ရရွိပါေစလို႔လည္း ဆုေတာင္းပါေနပါတယ္။၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲရလာဒ္ကို

အသိအမွတ္ျပဳၿပီးေတာ့ အေျခအေနေတြ ပုံမွန္အတိုင္းျပန္လည္တည္ၿငိမ္လာၿပီး အားလုံးပိုမိုေကာင္းမြန္တဲ့ဘဝေတြမွာ ရွင္သန္ႏိုင္ၾကပါေစလို႔ဆႏၵျပဳပါတယ္။ဘုရားသခင္

ေကာင္းႀကီးမဂၤလာနဲ႔အတူ၊ ျမန္မာ ျပည္ႀကီးၿငိမ္းခ်မ္းစြာနဲ႔ တရားမွ်တၿပီး စည္းလုံးမႈမ်ားရရွိႏိုင္ပါေစ။ အားလုံးကိုခ်စ္ခင္တဲ့ ေအာင္လအန္ဆန္း ဆိုၿပီးေတာ့ ေရးသားေဖာ္ျပထားတာဘဲ ျဖစ္ပါတယ္ေနာ္။

Credit Online News

Be the first to comment

Leave a Reply

Your email address will not be published.


*