CDM ကြောင့် ဆေးရုံမသွားရတဲ့ လူနာတွေကို အခမဲ့ ကုသပေးနေတဲ့သူငယ်ချင်းရဲ့ ဆေးခန်းမှာ ဆေးအကူအဖြစ် ကူညီနေတဲ့ နီနီခင်ဇော်

အခုဖော်ပြပေးချင်တာလေးကတော့ ပရိတ်သတ်အချစ်တော် အဆိုတော်မလေး နီနီခင်ဇော်ရဲ့အကြောင်းလေးပါ။ နီနီခင်ဇော်ဟာ မနေ့က CDMမှာလဲ ကိုယ်တိုင်ပါဝင်ပြီး CDMကြောင့် ဆေးရုံမသွားရတဲ့ လူနာတွေကို အခမဲ့ကုသပေးနေတဲ့ သူမရဲ့သူငယ်ချင်း

ဆေးခန်းမှာ ဆေးအကူအနေနဲ့ ကူညီကုသပေးခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး နီနီခင်ဇော်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ “နီနီ Medical Practice မလုပ်တာ ၈နှစ်ရှိပါပြီ။ အစိုးရဝန်ထမ်းမဟုတ် CDMကို ကိုယ်တိုင်ပါဝင်ခွင့်မရခဲ့လို့

တတ်သိထားတဲ့ပညာနဲ့ CDMကိုဦးဆုံးပါဝင်ခဲ့တဲ့၊ ကျမသူငယ်ချင်း Dr.ထွန်းစရဲ့ CDMကြောင့် ဆေးရုံမသွားရတဲ့လူနာတွေ အခမဲ့ကုသကူညီပေးနေတဲ့ဆေးခန်းမှာ ဒီနေ့ ဆေးအကူအဖြစ်သာ ကူညီခွင့်ရခဲ့ပါတယ်။ စကားကြုံတုန်းပြောချင်တာက အနုပညာ

အလုပ်လုပ်လို့တဲ့ မဆီမဆိုင် တနှစ်တတန်းအောင်ပြီး ဘွဲ့ရပါလျှက် ဆေးကုသခွင့်လိုင်စင် ဆမ ထုတ်မပေးခဲ့တဲ့ ဆေးကောင်စီကိုလည်း တပါတည်းပြောချင်တာက၊ မြန်မာပြည်တခုထဲမှာပဲရှိတဲ့ မမျှတတဲ့စည်းကမ်းတွေကိုလည်း ပြင်စေချင်ပါပီ ဘက်စုံထူးချွန်

လာမယ့် နောက်မျိုးဆက်အတွက်ပါ (ဆရာဝန်ဖြစ်သော်ငြား အခြားအလုပ်လုပ်သူများ ဆမ ရကြပါတယ် အနုပညာအလုပ်တခုသာ မပေးသော) နောက်တခုပြောချင်တာက ထစ်ကနဲဆို ဆရာဝန် အနုပညာရှင်တွေဟာ ကျန်းမာရေးအသိပေးအနေနဲ့ ပြည်သူ့ထံ

ရှေ့ဆုံးက ထွက်ရတာပါ။ အရေးကြီးတာကတော့ CDMတွေ တနိုင်ငံလုံးအမြန်ဆုံး အောင်မြင်ရပါမယ်။ မဟုတ်ရင် နစ်နာရတဲ့သူတွေဟာ ပြည်သူတွေသာဖြစ်ပါလိမ့်မယ်။ CDMလုပ်ပေးကြတဲ့ ကိုထွန်းစအပါအဝင် ကျမ သူငယ်ချင်း ဆရာဝန်များ CDM ကို

Support ပေးသော အခမဲ့ ဆေးရုံဆေးခန်းများ ဝန်ထမ်းများအားလုံးကို လေးစားဦးညွှတ်လျှက် CDMကာလအတွင်း ဆေးခန်းတပတ် ၂ရက်ထိုင် ကူပေးပါမယ်။ နီနီထိုင်တဲ့ရက်တွေ လာပြသမျှ ဆေးဖိုးဝါးခတွေ ဒါနပြုပေးပါမယ်ရှင်”ဆိုပြီး ဖော်ပြလာခဲ့ပါတယ်။

နီနီ ထိုင်မဲ့ ဆေးခန်းလေးက မြောက်ဥက္ကလာက ရွှေဆေးခန်းလေးပဲ ဖြစ်ပါတယ်နော်။ ဖတ်ရှုအားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးအားလုံး ကျေးဇူးအများကြီးတင်ရှိပါတယ်။ သာယာသောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေ။ လိုအက်ဆန္ဒများလဲ ပြည့်ဝကြပါစေ။

Credit Online News

Zawgyi

အခုေဖာ္ျပေပးခ်င္တာေလးကေတာ့ ပရိတ္သတ္အခ်စ္ေတာ္ အဆိုေတာ္မေလး နီနီခင္ေဇာ္ရဲ႕အေၾကာင္းေလးပါ။ နီနီခင္ေဇာ္ဟာ မေန႔က CDMမွာလဲ ကိုယ္တိုင္ပါဝင္ၿပီး CDMေၾကာင့္ ေဆး႐ုံမသြားရတဲ့ လူနာေတြကို အခမဲ့ကုသေပးေနတဲ့ သူမရဲ႕သူငယ္ခ်င္း

ေဆးခန္းမွာ ေဆးအကူအေနနဲ႔ ကူညီကုသေပးခဲ့ပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး နီနီခင္ေဇာ္က သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ “နီနီ Medical Practice မလုပ္တာ ၈ႏွစ္ရွိပါၿပီ။ အစိုးရဝန္ထမ္းမဟုတ္ CDMကို ကိုယ္တိုင္ပါဝင္ခြင့္မရခဲ့လို႔

တတ္သိထားတဲ့ပညာနဲ႔ CDMကိုဦးဆုံးပါဝင္ခဲ့တဲ့၊ က်မသူငယ္ခ်င္း Dr.ထြန္းစရဲ႕ CDMေၾကာင့္ ေဆး႐ုံမသြားရတဲ့လူနာေတြ အခမဲ့ကုသကူညီေပးေနတဲ့ေဆးခန္းမွာ ဒီေန႔ ေဆးအကူအျဖစ္သာ ကူညီခြင့္ရခဲ့ပါတယ္။ စကားႀကဳံတုန္းေျပာခ်င္တာက အႏုပညာ

အလုပ္လုပ္လို႔တဲ့ မဆီမဆိုင္ တႏွစ္တတန္းေအာင္ၿပီး ဘြဲ႕ရပါလွ်က္ ေဆးကုသခြင့္လိုင္စင္ ဆမ ထုတ္မေပးခဲ့တဲ့ ေဆးေကာင္စီကိုလည္း တပါတည္းေျပာခ်င္တာက၊ ျမန္မာျပည္တခုထဲမွာပဲရွိတဲ့ မမွ်တတဲ့စည္းကမ္းေတြကိုလည္း ျပင္ေစခ်င္ပါပီ ဘက္စုံထူးခြၽန္

လာမယ့္ ေနာက္မ်ိဳးဆက္အတြက္ပါ (ဆရာဝန္ျဖစ္ေသာ္ျငား အျခားအလုပ္လုပ္သူမ်ား ဆမ ရၾကပါတယ္ အႏုပညာအလုပ္တခုသာ မေပးေသာ) ေနာက္တခုေျပာခ်င္တာက ထစ္ကနဲဆို ဆရာဝန္ အႏုပညာရွင္ေတြဟာ က်န္းမာေရးအသိေပးအေနနဲ႔ ျပည္သူ႔ထံ

ေရွ႕ဆုံးက ထြက္ရတာပါ။ အေရးႀကီးတာကေတာ့ CDMေတြ တႏိုင္ငံလုံးအျမန္ဆုံး ေအာင္ျမင္ရပါမယ္။ မဟုတ္ရင္ နစ္နာရတဲ့သူေတြဟာ ျပည္သူေတြသာျဖစ္ပါလိမ့္မယ္။ CDMလုပ္ေပးၾကတဲ့ ကိုထြန္းစအပါအဝင္ က်မ သူငယ္ခ်င္း ဆရာဝန္မ်ား CDM ကို

Support ေပးေသာ အခမဲ့ ေဆး႐ုံေဆးခန္းမ်ား ဝန္ထမ္းမ်ားအားလုံးကို ေလးစားဦးၫႊတ္လွ်က္ CDMကာလအတြင္း ေဆးခန္းတပတ္ ၂ရက္ထိုင္ ကူေပးပါမယ္။ နီနီထိုင္တဲ့ရက္ေတြ လာျပသမွ် ေဆးဖိုးဝါးခေတြ ဒါနျပဳေပးပါမယ္ရွင္”ဆိုၿပီး ေဖာ္ျပလာခဲ့ပါတယ္။

နီနီ ထိုင္မဲ့ ေဆးခန္းေလးက ေျမာက္ဥကၠလာက ေ႐ႊေဆးခန္းေလးပဲ ျဖစ္ပါတယ္ေနာ္။ ဖတ္ရႈအားေပးခဲ့ၾကတဲ့ ပရိတ္သတ္ႀကီးအားလုံး ေက်းဇူးအမ်ားႀကီးတင္ရွိပါတယ္။ သာယာေသာေန႔ရက္မ်ား ပိုင္ဆိုင္ႏိုင္ၾကပါေစ။ လိုအက္ဆႏၵမ်ားလဲ ျပည့္ဝၾကပါေစ။

Credit Online News

Be the first to comment

Leave a Reply

Your email address will not be published.


*