အားအရမ်းစိုက်ထုတ်စရာမလိုဘဲ ကိုယ်အလေးချိန်လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေ

ကိုယ်အလေးချိန်လျှော့ချဖို့အတွက် သင့်ကိုယ်သင် ပင်ပန်းနွမ်းနယ်တဲ့ လေ့ကျင့်ခန်းတွေ၊ အစားအသောက်တွေကို ကန့်သတ်ပြီးနှိပ်စက်စရာမလိုပါဘူး။

ဒါပေမယ့်လည်း နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုနဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေမစားဘဲနဲ့တော့လည်း ကိုယ်အလေးချိန်လျှော့ချနိုင်မှာမဟုတ်ပါဘူး။
ပင်ပန်းနွမ်းနယ်တဲ့ အားကစား ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

အရမ်းပင်ပန်တဲ့ လေ့ကျင့်ခန်းတွေအစား လမ်းလျှောက်တာ၊ ဟိုနားဒီနားသွားရင် လမ်းလျှောက်တာမျိုးလုပ်ပေးနိုင်ပါတယ်။ ဈေးဝယ်ထွက်တာ၊ စက်ဘီးနင်းတာ၊ ပြေးတာ၊ လမ်းလျှောက်တာမျိုး လုပ်ပေးနိုင်ပါတယ်။

ပုံမှန်မဟုတ်တဲ့ လေ့ကျင့်ခန်းအစား တက်တက်ကြွကြွနေပါ

ကိုယ့်ကိုကိုယ် လေ့ကျင့်ခန်းလုပ်၇မှရမယ်ဆိုပြီး Gym ကိုသွားလိုက် မသွားလိုက်လုပ်တာထက် ပုံမှန် ရေကူးတာ၊ ကတာ၊ တောင်တက်တာမျိုးကို လုပ်ပေးနိုင်ပါတယ်။ တက်တက်ကြွကြွနေပါ။

နေ့တိုင်း (သို့) တစ်ရက်ခြား ဝိတ်ချိန်ပါ

နေ့တိုင်း (သို့) တစ်ရက်ခြားဝိတ်ချိန်ပါ။ တက်တက်ကြွကြွနေပါ။ အသင့်စားအစားအစာတွေ အဆီအစိမ့်တွေမစားခင် ၂ ခါလောက် စဉ်းစားပါ။

အဆီမပါတဲ့ အစားအစာရြေးစားပါ

အမြဲတမ်းလိုလို အဆီလုံးဝမပါတာဘဲ စားရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးအတွက် အဆီလျှော့စားသင့်ပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ ပါတဲ့ ပါဝင်ပစ္စည်းတွေထဲမှာ Probiotics ပါတာရွေးသောက်ပါ။

ပဲစားပါ

သင့်အစားအစာထဲမှာ ပဲထည့်စားပါ။ ပဲဟာ အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ပရိုတင်းဓာတ် စားပေးပါ

ဝမှာစိုးလို့ အသားလုံးဝမစားဘဲ၊ ပရိုတင်းပါတဲ့အစာအးစာလုံးဝမစားဘဲ မနေသင့်ပါဘူး။ ပရိုတင်းပါတဲ့အစားအစာ စားပေးပါ

ခွက်သေးသေးနဲ့ ပြောင်းစားပါ

ခွက်သေးသေးနဲ့ စားတာဟာ ခွက်ထဲမှာ အစာအပြည့်ရှိတယ်လိုပထင်ရစေပါတယ်။ ဒါ့ကြောင့် အစားများများစားမိခြင်းကို ကာကွယ်ပေးပါတယ်။

ကယ္လိုရီတြက္စားပါ

သင့်တစ်နေ့တာအတွက် သင်စားသုံးမယ့် ကယ်လိုရီတွေကို သေချာစဉ်းစားပြီးစားပါ။

အညွန်းကိုသေချာဖတ်ပါ

သင်ဝယ်သောက်မယ့် အချိုရည်တွေမှာ ကယ်လိုရီဘယ်လောက်ပါသလဲဆိုတာ သေချာဖတ်သင့်ပါတယ်

crd-https://nainglinn.com/

Be the first to comment

Leave a Reply

Your email address will not be published.


*