သိထားသင့္တဲ့ အိမ္တြင္း ပစၥည္းအခ်ိဳ႕ရဲ႕သက္တမ္းကုန္ဆုံးရက္မ်ား

သိထားသင့္တဲ့ အိမ္တြင္း ပစၥည္းအခ်ိဳ႕ရဲ႕သက္တမ္းကုန္ဆုံးရက္ေတြ



အိမ္တိုင္းမွာလုပ္ေလ့ရွိတဲ့အရာေတြက ပစၥည္းေတြကို ၾကာရွည္စြာသုံးစြဲတာ၊ တစ္ခုခုပ်က္စီးသြားရင္ျပန္ၿပီးသုံးမယ္ဆိုၿပီးလႊင့္မ

ပစ္ရက္ပဲသိမ္းထားတာေတြ၊ အသစ္မလဲပဲပစၥည္းေဟာင္းေတြကို အထပ္ထပ္သုံးစြဲေနတာမ်ိဳးေတြပဲ ျဖစ္ပါတယ္။

ဒါ့အျပင္အိမ္ကိုထိန္းသိမ္းတဲ့သူေတြလုပ္တတ္တဲ့အယူအဆအမွားေတြလည္း ရွိေနပါေသးတယ္။



သက္တမ္းကုန္ဆုံးရက္မရွိဘူးထင္ၿပီးပစၥည္းေတြကို သုံးစြဲတာေတြရွိေနတာေၾကာင့္အိမ္တြင္းပစၥည္းအခ်ိဳ႕ရဲ႕သက္တမ္းကုန္ဆုံးရက္ကို ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္

(၁) သြားတိုက္တံ



သြားႏွင့္ခံတြင္းက်န္းမာေရးအတြက္သြားဆရာဝန္ေတြကသြားတိုက္တံကို ၃ လကိုတစ္ႀကိမ္လဲလွယ္ဖို႔ အႀကံျပဳထားပါတယ္။ ၃ လထက္ပိုၿပီး ၾကာေအာင္ သုံးစြဲတဲ့အခါသြားတိုက္တံမွာဘတ္တီးရီးယားပိုးမႊားေတြ၊ေရာဂါပိုးေတြကပ္ညိႏိုင္ေျခအမ်ားအျပားရွိေနလို႔ ၃ လ ထက္ ပိုၾကာေအာင္မသုံးသင့္ပါဘူး။

(၂) တဘက္ (သို႔) ကိုယ္သုတ္ပုဝါ မ်က္ႏွာသုတ္ပုဝါ



ပုဝါေတြကေတာ့အခ်ိန္ၾကာၾကာ အသုံးျပဳလို႔ရပါတယ္။ဒါေပမယ့္သန႔္ရွင္းမႈနဲ႔ တစ္ကိုယ္ရည္က်န္းမာေရးအတြက္ပုဝါေတြကိုတစ္ႏွစ္ႏွစ္ႏွစ္ထက္ပိုၿပီးအသုံးမျပဳသင့္ပါဘူး။

(၃) ဘီး

ဘီးေတြကိုအိမ္ေတြမွာႏွစ္နဲ႔ခ်ီေအာင္ အသုံးျပဳၾကေလ့ရွိပါတယ္။ဒါေပမဲ့ဘီးေတြကိုႏွစ္တိုင္းအသစ္တစ္ေခ်ာင္းလဲေပးသင့္သလိုအပတ္တိုင္းသန႔္ရွင္းေရး လုပ္ေပးသင့္ပါတယ္။

(၄) ေခါင္းအုံး



အိမ္ေတြအေတာ္မ်ားမ်ားကေခါင္းအုံးေတြကိုႏွစ္ေပါင္မ်ားစြာၾကာေအာင္သိမ္း ဆည္းအသုံးျပဳၾကပါတယ္။ဒါေပမဲ့ေခါင္းအုံးေတြကႏွစ္ၾကာလာတာနဲ႔အမွ် ပုံသ႑ာန္ပ်က္ယြင္းလာၿပီးပိုးမႊားေတြနဲ႔ ဖုန္မႈန႔္ေတြခိုေအာင္းရာေနရာျဖစ္လာၿပီး

သင့္က်န္းမာေရးအတြက္ထိခိုက္ႏိုင္ပါတယ္။ဒါေၾကာင့္ေခါင္းအုံးေတြကို ၁ ႏွစ္ ၂ ႏွစ္ထက္ပိုအသုံးမျပဳပဲအသစ္လဲလွယ္ေပးျခင္းကအိမ္အတြက္သန႔္ရွင္းမႈေရာ က်န္းမာေရးအတြက္ပါအေထာက္အကူ ျဖစ္ေစပါတယ္။



(၅) ေရေမႊး

ေရေမႊးကိုႏွစ္ေတြအၾကာႀကီးသုံးလို႔ရတဲ့ အရာလို႔သင္သိထားရင္ေတာ့အဲ့ဒီအသိကမွားပါတယ္။ေရေမႊးေတြကိုပုလင္းအဖုံးဖြင့္ၿပီးရင္ဖြင့္တဲ့အခ်ိန္ကေနတစ္ႏွစ္ ႏွစ္ႏွစ္ၾကာေအာင္သုံးစြဲႏိုင္ပါတယ္။ ပု လင္းအသစ္ဆိုရင္ေတာ့သူတို႔ရဲ႕ သက္ တမ္းက ၃ ႏွစ္ျဖစ္ပါတယ္။



(၆) အမ်ိဳးသမီး အေပၚဝတ္အတြင္းခံ

အမ်ိဳးသမီးအတြင္းခံအဝတ္ေတြကိုပုံမွန္ေလွ်ာ္ဖြတ္ရတဲ့အဝတ္ အစားထဲမွာပါဝင္ပါတယ္။အတြင္းဝတ္ေတြကိုႏွစ္ၾကာၾကာ မသုံးသင့္ပါဘူး။တစ္ႏွစ္ႏွစ္ႏွစ္ထက္ ပိုၾကာတဲ့အခါသူတို႔ကေလ်ာ့ရဲမႈေတြ ရွိလာသလိုပုံစံေတြလည္းပ်က္သြားတတ္ပါတယ္။



ဒါ့အျပင္ရင္သားကိုပုံစံတက် ထိန္းႏိုင္မႈကိုလည္းေလ်ာ့က်သြားတာေၾကာင့္ ၂ ႏွစ္ထက္ေတာ့ပိုမဝတ္ဆင္သင့္ပါဘူး။

(၇) ဟင္းခတ္အေမႊးအႀကိဳင္



အိမ္ေထာင္ရွင္မအမ်ားစုကဟင္းခတ္ပစၥည္းေတြအေျခာက္ အျခမ္းေတြကို ၾကာရွည္စြာသိုေလွာင္ထားၿပီးလိုတဲ့အခါ ထုတ္ခ်က္တာမ်ိဳးေတြလုပ္တတ္ၾကပါတယ္။

တကယ္တမ္းမွာေတာ့ဟင္းခတ္အေမႊးအႀကိဳင္ေတြကိုသုံးႏွစ္ထက္ပိုၿပီး မသိုေလွာင္ထားသင့္သလို ၃ ႏွစ္ထက္ေက်ာ္တဲ့ဟင္းခတ္အေမႊးအႀကိဳင္ေတြကိုလည္းမသုံးစြဲသင့္ပါတယ္။



ဒီကာလကို ေက်ာ္သြားရင္ဟင္းခတ္အေမႊးအႀကိဳင္ေတြရဲ႕အာနိသင္ေတြကပ်က္သြားတာေၾကာင့္မသုံးသင့္ပါဘူး။အားလုံးပဲ သန႔္ ရွင္းၿပီးစနစ္က်တဲ့အိမ္ေတြျဖစ္ေအာင္ဖန္တီးႏိုင္ၾကပါေစေနာ္။

Credit Global News



Unicode

သိထားသင့်တဲ့ အိမ်တွင်း ပစ္စည်းအချို့ရဲ့သက်တမ်းကုန်ဆုံးရက်တွေ



အိမ်တိုင်းမှာလုပ်လေ့ရှိတဲ့အရာတွေက ပစ္စည်းတွေကို ကြာရှည်စွာသုံးစွဲတာ၊ တစ်ခုခုပျက်စီးသွားရင်ပြန်ပြီးသုံးမယ်ဆိုပြီးလွှင့်မ

ပစ်ရက်ပဲသိမ်းထားတာတွေ၊ အသစ်မလဲပဲပစ္စည်းဟောင်းတွေကို အထပ်ထပ်သုံးစွဲနေတာမျိုးတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင်အိမ်ကိုထိန်းသိမ်းတဲ့သူတွေလုပ်တတ်တဲ့အယူအဆအမှားတွေလည်း ရှိနေပါသေးတယ်။



သက်တမ်းကုန်ဆုံးရက်မရှိဘူးထင်ပြီးပစ္စည်းတွေကို သုံးစွဲတာတွေရှိနေတာကြောင့်အိမ်တွင်းပစ္စည်းအချို့ရဲ့သက်တမ်းကုန်ဆုံးရက်ကို ဖော်ပြပေးလိုက်ရပါတယ်နော်

(၁) သွားတိုက်တံ



သွားနှင့်ခံတွင်းကျန်းမာရေးအတွက်သွားဆရာဝန်တွေကသွားတိုက်တံကို ၃ လကိုတစ်ကြိမ်လဲလှယ်ဖို့ အကြံပြုထားပါတယ်။ ၃ လထက်ပိုပြီး ကြာအောင် သုံးစွဲတဲ့အခါသွားတိုက်တံမှာဘတ်တီးရီးယားပိုးမွှားတွေ၊ရောဂါပိုးတွေကပ်ညိနိုင်ခြေအများအပြားရှိနေလို့ ၃ လ ထက် ပိုကြာအောင်မသုံးသင့်ပါဘူး။

(၂) တဘက် (သို့) ကိုယ်သုတ်ပုဝါ မျက်နှာသုတ်ပုဝါ



ပုဝါတွေကတော့အချိန်ကြာကြာ အသုံးပြုလို့ရပါတယ်။ဒါပေမယ့်သန့်ရှင်းမှုနဲ့ တစ်ကိုယ်ရည်ကျန်းမာရေးအတွက်ပုဝါတွေကိုတစ်နှစ်နှစ်နှစ်ထက်ပိုပြီးအသုံးမပြုသင့်ပါဘူး။

(၃) ဘီး

ဘီးတွေကိုအိမ်တွေမှာနှစ်နဲ့ချီအောင် အသုံးပြုကြလေ့ရှိပါတယ်။ဒါပေမဲ့ဘီးတွေကိုနှစ်တိုင်းအသစ်တစ်ချောင်းလဲပေးသင့်သလိုအပတ်တိုင်းသန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

(၄) ခေါင်းအုံး



အိမ်တွေအတော်များများကခေါင်းအုံးတွေကိုနှစ်ပေါင်များစွာကြာအောင်သိမ်း ဆည်းအသုံးပြုကြပါတယ်။ဒါပေမဲ့ခေါင်းအုံးတွေကနှစ်ကြာလာတာနဲ့အမျှ ပုံသဏ္ဍာန်ပျက်ယွင်းလာပြီးပိုးမွှားတွေနဲ့ ဖုန်မှုန့်တွေခိုအောင်းရာနေရာဖြစ်လာပြီး

သင့်ကျန်းမာရေးအတွက်ထိခိုက်နိုင်ပါတယ်။ဒါကြောင့်ခေါင်းအုံးတွေကို ၁ နှစ် ၂ နှစ်ထက်ပိုအသုံးမပြုပဲအသစ်လဲလှယ်ပေးခြင်းကအိမ်အတွက်သန့်ရှင်းမှုရော ကျန်းမာရေးအတွက်ပါအထောက်အကူ ဖြစ်စေပါတယ်။



(၅) ရေမွှေး

ရေမွှေးကိုနှစ်တွေအကြာကြီးသုံးလို့ရတဲ့ အရာလို့သင်သိထားရင်တော့အဲ့ဒီအသိကမှားပါတယ်။ရေမွှေးတွေကိုပုလင်းအဖုံးဖွင့်ပြီးရင်ဖွင့်တဲ့အချိန်ကနေတစ်နှစ် နှစ်နှစ်ကြာအောင်သုံးစွဲနိုင်ပါတယ်။ ပု လင်းအသစ်ဆိုရင်တော့သူတို့ရဲ့ သက် တမ်းက ၃ နှစ်ဖြစ်ပါတယ်။



(၆) အမျိုးသမီး အပေါ်ဝတ်အတွင်းခံ

အမျိုးသမီးအတွင်းခံအဝတ်တွေကိုပုံမှန်လျှော်ဖွတ်ရတဲ့အဝတ် အစားထဲမှာပါဝင်ပါတယ်။အတွင်းဝတ်တွေကိုနှစ်ကြာကြာ မသုံးသင့်ပါဘူး။တစ်နှစ်နှစ်နှစ်ထက် ပိုကြာတဲ့အခါသူတို့ကလျော့ရဲမှုတွေ ရှိလာသလိုပုံစံတွေလည်းပျက်သွားတတ်ပါတယ်။



ဒါ့အပြင်ရင်သားကိုပုံစံတကျ ထိန်းနိုင်မှုကိုလည်းလျော့ကျသွားတာကြောင့် ၂ နှစ်ထက်တော့ပိုမဝတ်ဆင်သင့်ပါဘူး။

(၇) ဟင်းခတ်အမွှေးအကြိုင်



အိမ်ထောင်ရှင်မအများစုကဟင်းခတ်ပစ္စည်းတွေအခြောက် အခြမ်းတွေကို ကြာရှည်စွာသိုလှောင်ထားပြီးလိုတဲ့အခါ ထုတ်ချက်တာမျိုးတွေလုပ်တတ်ကြပါတယ်။

တကယ်တမ်းမှာတော့ဟင်းခတ်အမွှေးအကြိုင်တွေကိုသုံးနှစ်ထက်ပိုပြီး မသိုလှောင်ထားသင့်သလို ၃ နှစ်ထက်ကျော်တဲ့ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်းမသုံးစွဲသင့်ပါတယ်။



ဒီကာလကို ကျော်သွားရင်ဟင်းခတ်အမွှေးအကြိုင်တွေရဲ့အာနိသင်တွေကပျက်သွားတာကြောင့်မသုံးသင့်ပါဘူး။အားလုံးပဲ သန့် ရှင်းပြီးစနစ်ကျတဲ့အိမ်တွေဖြစ်အောင်ဖန်တီးနိုင်ကြပါစေနော်။

Credit Global News

Be the first to comment

Leave a Reply

Your email address will not be published.


*