အဆုပ်တစ်ခြမ်းပျက်စီးသူတောင် အသက်ဘေးက လွတ်မြောက်ခဲ့သည့် မုယားကြီးရွက်
၁ – သည်းခြေဖျားနဲ့ သွေးအန်ရောဂါ အတွက် – အရွက်ကို ထောင်းကာ သကြားနဲ့ရေသာက္ပါ။
၎ – မီးယပ်အဖြူဆင်းရောဂါအတွက် မုယားကြီးရွက်သတ္ထုရည်နှင့် ပျားရည် ဆတူရောသောက်ပါ။
Credit Global News
Unicode
ကျွန်တော် အခုတင်ပြမယ့် အကြောင်းအရာ ကတော့မယားကြီးရွက် (ခ) မိုးလွှားရွက် အကြောင်းခင်ဗျ။
မိတ်ဆွေတစ်ဦးသည် ချောင်းတစ်အား ဆိုး၍ အထူးကု ဆေးရုံသို့ ပြကြည့်ရာ အဆုပ်တစ်ခြမ်း ပျက်စီးနေကြာင်း သိရ၍ နှစ်လခန့်သာ ခံတော့မည့် အကြောင်း သိရပါသည်။
ထိုမိတ်ဆွေသည် ဆေးရုံမှပြန်လာပြီးနောက် အဘိုးအိုတစ်ဦး၏ အကြံပေးချက်အရ ပုံတွင်ပြထားသည့် မယားကြီးရွက်ကို
သုံးခွက် တစ်ခွက်တင်ကြို၍ နေ့စဉ်သောက်သုံးရာ ယခုဆိုလျှင်ကျန်းမာ၍ လူကောင်းပကတိ ဖြစ်နေပါသည်။
သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းနှင့် အဆုတ်တွင်ဖြစ်တတ်သော အသံအိမ်နာခြင်း၊ လေပြွန်ရောင်ခြင်း၊
ချောင်းဆိုးလျှင် သွေးစ ပါခြင်း၊ သလိပ်ပုတ်ခြင်း၊ ဝါခြင်း၊အဆုပ်တွင်း ရေဝင်ခြင်း၊ လေခို၍အောင့်ခြင်း၊
အနာဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။ဝေဒနာရှင်များ သုံးစွဲကြည့်ကြပါကုန်။
မယားကြီးရွက်၊ မုရားကြီးရွက် ၊မိုးလွှာရွက် အပင်မှာ ၄ ပေ မှ ၈ ပေ အထိ မြင့်သည်။အရွက်မှာ ၄လက်မ မှ ၈ လက်မ အရှည်ရှိသည်။အဖြူ အနီ ၂ မျိုးရှိသည် ။
ပဉ္စငါးပါး အသုံးဝင်သည် ။ဖန်. ခါး. အေး၏ လေကို ပွားစေသည်။အသံကောင်း၏ အစာကြေ၏ နှလုံးအားကောင်း၏ သလိပ် သည်းခြေကိုနိုင်၏ ။
ပန်းနာ အဆုတ် ချောင်းဆိုး. အဖျား အော့အန်. သွေးဝမ်းသွား. နူနာ. တို့ကို ပျောက်စေသည်။မယားကြီးအပင်သည် ကျန်းမာရေးအတွက် ပဉ္စ ငါးပါး အသုံးပြုနိုင်သည်။ဆေးအဘိဓာန်များတွင် အပူနာများကို နိုင်ကြောင်း ဖော်ပြထားသည်။
၁ – သည်းခြေဖျားနဲ့ သွေးအန်ရောဂါ အတွက် – အရွက်ကို ထောင်းကာ သကြားနဲ့ေရေသာက္ပါ။
၂ – ပန်းနာရင်ကျပ်ရောဂါအတွက် မုယားကြီးရွက် သတ္ထုရည်အား ဆီးဖြူသီးအရည်ရောသောက်ပါ။
၃ – ယားနာအမျိုးမျိုးအတွက် မုယားကြီးအရွက်နုနုနင့် နနွင်းခါးကို နွားသေးရည် ရောကာလိမ်းပါ။
၄ – မီးယပ်အဖြူဆင်းရောဂါအတွက် မုယားကြီးရွက်သတ္ထုရည်နှင့် ပျားရည် ဆတူရောသောက်ပါ။
၅ – မီးယပ်အဖြူဆင်းရောဂါအတွက် မုယားကြီးအမြစ် အရည် တစ်န့ ၃ ဇွန်းသောက်။
၆ – ချောင်းဆိုးနှင့် ခယရုဂ်ရောဂါအတွက် မုယားကြီးရွက်ကို ပြုတ်ပြီး အအေးခံ၍ လက်ဖြင့်နှယ်၍ အရည်ညှစ်ယူပါ ၎င်းအရည်ထဲတွင် သကြားခဲထည့်၍ ကျိုသောက်ပါ။
၇ – ပန်းနာ ရင်ကျပ်ရောဂါ မုယားကြီးရွက် သတ္ထုရည်ထဲ သိန္ဓောဆားထည့် ၁ ခွက်စာ ထမင်းစားဇွန်း ၁ ဇွန်းသောက် ။
၈ – ကင်းဆိပ်ဖြေဆေး – ကိုက်သည့်အနာပေါ် ထောင်းပြီး အုံပေးပါ။
၉ – ပါးစပ်အနာရောဂါ – မုယားကြီးရွက် သတ္ထုရည်နှင့် သိန္ဓောကို ရောလိမ်း။
၁၀ – ဆီးအောင့် ရောဂါအတွက် – အရွက်ကို ၃ ခွက် ၁ခွက် ကျိုသောက်ပါ။
၁၁ – နှာခေါင်းသွေးယို – မုယားကြီးရွက်အခြောက်ကို ညက်အောင်ထောင်းပြီး လျှာ၏အထက် အာခေါင်ကို သုတ်လိမ်းပေးပါ။
၁၂ – မျက်ရည်ယို – အရွက်ကိုထောင်ပြီး မျက်စိပေါ်အုံ အိပ်ပေးပါ။
၁၃ – သွားကိုက် သွားနာ – အရွက်ပြုတ်ရည် ငုံပေးပါ။
၁၄ – ချောင်ဆိုးသွေးပါခြင်း. သွေးဝမ်းသွားခြင်း သွေးအန်ခြင်း မီးယပ်ဖြူဆင်းခြင်း မီးယပ်သွေးလွန်ုခြင်း – တို့အတွက် အမြစ်ကို သွေး၍ လည်းကောင်း / အရွက်ကိုပြုတ်၍ ဆေးအသုံးပြုပုံ
အရွက်ပြုတ်ရည်ကျကျ တခါသောက် အကြမ်း ပုဂံ ၁ လုံးစာ ကို မနက်နေ့လည် ည တစ်နေ့ ၃ ကြိမ် သောက်ပါက ၎င်းရောဂါတို့ကို ပျောက်ကင်းနိုင်သည်။
၁၅ – သွေးတိုး. အဆုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ လေပြွန်ရောင် အသံအိုးနာခြင်း. သလိပ်ပုတ်ခြင်း. ဝါခြင်း. အဆုတ်ရေဝင်နာ. အဆုတ်လေဝင်နာ တို့အတွက်.. မယားကြီးရွက်ကို ၃ ခွက် ၁ ခွက် တင်ကျိုပြီး နေ့စဉ်သောက်ပါက ပျောက်ကင်းစေသည်။
အဆုတ်တစ်ခြမ်း ပျက်စီးသူပင် ပြန်လည်ကောင်းမွန်ကြောင်း ခဲ့သည်။မုယားကြီးရွက်သည် အဆုပ်ကင်ဆာသမားများအတွက် အထူးသင့်လျော်သည်။
Credit Global News
Be the first to comment
Leave a Reply
Your email address will not be published.
*