ကြၽန္ေတာ္ ႐ြံ႕ခဲ့တဲ့ အေဖ့ရဲ႕ ဖိနပ္စုတ္ေလး တစ္ရံ

`ေမာင္ေဇာ္ဝင္း . . .ဧည့္သည္’

အေဆာင္စာက်က္ခန္းမွာ စာက်က္ေနတဲ့က်ေနာ္ ဆရာမအသံေၾကာင့္ ဧည့္ခန္းဘက္ကိုထြက္လာခဲ့ တယ္.. ဧည့္ခန္းဖိနပ္ခြၽတ္မွာေတာ့ အျမႇီးပ်က္ၿပီး စုပ္ျပတ္ေနတဲ့ ဖိနပ္တရံ က်ေနာ္ႏွာေခါင္းရႈံ႕လိုက္မိတယ္၊

ဧည့္ခန္းထဲဝင္မိေတာ့ ကုလားထိုင္မွာထိုင္ၿပီး ကြမ္းေသြးေတြရဲေနတဲ့ သြားေတြေပၚေအာင္ ၿပဳံးေနတဲ့အေဖ အဝတ္အစား ကလဲ ဖ႐ိုဖရဲ.. `သား´အေဖသားအတြက္ င႐ုပ္သီးေၾကာ္ရယ္ ေျမပဲေၾကာ္ရယ္ မုန႔္ဖိုးရယ္လာပို႔တာေလ..



အေဖက ေျပာေျပာဆိုဆို င႐ုပ္သီးေၾကာ္ပုလင္း ေျမပဲေၾကာ္ပုလင္း မုန႔္ဖိုးေငြတခ်ိဳ႕ထုပ္ေပးရင္း က်ေနာ္ကို ၿပဳံးၾကည့္ေနတယ္…

အေဖရယ္ လူႀကဳံနဲ႔ေပးလိုက္ေရာေပါ့ လာရင္လဲ အဝတ္အစားသပ္သပ္ရပ္ရပ္နဲ႔ လာေပါ့ . . . အခုဟာကစုပ္ျပက္ေနတာဘဲ အေဖ့ဖိနပ္ကလဲ အျမႇီးပ်က္စုပ္ျပက္ေနတာဘဲ အျခားသူငယ္ခ်င္းေတြ႕ရင္ သားသိကၡာ က်မွာေပါ့..

အင္းပါသားရယ္ မတၱရာမွာ အသီးအႏွံပို႔ရင္း သားကိုမေတြ႕တာၾကာလို႔ အေဖေတြ႕ခ်င္လို႔ မႏၲေလးဆင္းလာတာပါကြယ္ ေနာက္လာရင္အေဖ သပ္သပ္ရပ္ရပ္ လာခဲ့ပါ့မယ္ အေဖျပန္မယ္ေနာ္သား က်န္းမာေရးဂ႐ုစိုက္အုံး… ေခါင္းငိုက္စိုက္နဲ႔ျပန္သြားတဲ့အေဖကို ၾကည့္ရင္း စိတ္ထဲတမ်ိဳးျဖစ္မိသြားသည္။

ဒီေနာက္ပိုင္း အေဖေပၚမလာေတာ့ပါ က်ေနာ္တို႔ေနတာ မတၱရာ ၿမိဳ႕နယ္ ေက်ာက္တံတာ႐ြာမွ (၁၀)မိုင္ေလာက္ဝင္ရတဲ့ ႐ြာေလးတ႐ြာမွာ အသီအႏွံေတြ စိုက္စားတဲ့မိသားစုေလးေပါ့.. အမႏွစ္ေယာက္ရွိေပမဲ့ ႐ြာမူလတန္းေက်ာင္းေလးမွာ (၄) တန္းအထိ ပညာသင္ခဲ့ရတာ

အငယ္ဆုံးသား က်ေနာ္ကေတာ့ အလယ္တန္းကို မတၱရာမွာထား (၉)တန္းေအာင္ (၁၀)တန္းေရာက္ေတာ့ အေဖက ပညာတက္ေစခ်င္သည့္အတြက္ အေမတားသည့္ၾကားက မႏၲေလး ကေဘာ္ဒါတခုမွာ ေက်ာင္းအိပ္ေက်ာင္းစား ပို႔ကာ ေက်ာင္းထားေပးသည္၊



က်ေနာ္တို႔ (၁၀)တန္းစာေမးပြဲးနီးလာၿပီ အေဖက မႏၲေလးမလာေတာ့ မႀကီး တလည့္ မေလး တလည့္သာလာသည္ အေဖကိုေမးေတာ့ အေဖ စိုက္ခင္းေတြကို စိတ္မခ်လို႔မလာတာတဲ့ အမေတြမ်က္ႏွာမေကာင္း ဘာလို႔လဲ ေမးေတာ့ခရီးပန္းလို႔တဲ့..

(၁၀)တန္းေတြစာေမးပြဲၿပီးေတာ့ မႀကီးလာႀကိဳတယ္ ႐ြာအဝင္လမ္းမႀကီးေဘး ေျပးလြားရင္ အိမ္ဝင္းထဲသို႔ ေရာက္ေတာ့ အေဖ အေမ သားျပန္လာၿပီေလ စာေမးပြဲလဲေျဖႏိုင္တယ္ လို႔ေျပာၿပီးေျပးဝင္လာေတာ့ အေမက`သား´လို႔ေအာ္ရင္ ေျပးဖက္ငိုပါေလေရာ မႀကီးနဲ႔မေလးလည္း ဝိုင္းဖက္ငိုၾကတယ္ေလ၊

အာ့ၾကမွ အေမအေဖေရာဟင္… သား မင္းအေဖ ပိုးထိလို႔ဆုံးတာ(၁)လေလာက္ရွိၿပီကြဲ႕.. `ဗ်ာ´ အဲ့တာ ဘာလို႔ မေျပာတာလဲ အေမ.. နင့္အေဖကမေျပာရဘူးတဲ့ ငါ့သားစာေမးပြဲအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္မယ္တဲ့

သားေဘာ္ဒါေၾကးအတြက္ မတၱရာကသီးႏွံပြဲ႐ုံက ေငြေတြထုတ္ထားတာ ျပန္ဆပ္ေနရေတာ့ မိသားစုစားဖို႔ညဖက္နင့္အေဖ ငါးရွာရတယ္ေလ . . . နင့္ပညာေရးအတြက္ သူ႔မွာအဝတ္အစားေတာင္ မဝယ္ႏိုင္ဘူး အစုပ္နဲ႔ မိန္းမနဲ႔သမီးအပ်ိဳ (၂) ေယာက္ အတြက္ ဦးစားေပးရေသးတယ္ေလ



ဟိုမွာနင္အေဖစီးခဲ့တဲ့ဖိနပ္ေလး ၾကည့္ပါဦးသားရယ္ ညဖက္ငါးရွာရင္း ပိုးထိတာ သိတဲ့အခ်ိန္ေနာက္က်သြားၿပီးေလ အေမတို႔အသက္မွီ႐ုံေလး ေနာက္ဆုံးအသက္ေငြ႕ေငြ႕မွာ မွာသြားေသးတယ္

တကယ္လို႔သူေသသြားရင္ သားကို စာေမးပြဲၿပီးမွေျပာပါတဲ့ ၿပီးေတာ့သားကိုဘြဲ႕ရေအာင္ထားပါလို႔ မွာသြားေသးတယ္သားရယ္ ဟင့္ ဟင့္ဟင့္..၊

က်ေနာ္မ်က္ရည္ေတြက်ရင္း ေနာင္တေတြနဲ႔ ေခါင္ရင္းမွာ ေထာင္ထားတဲ့အေဖ့ ဖိနပ္စုပ္ေလး ရင္မွာပိုက္ရင္း အားရပါးရေအာ္လိုက္မိပါတယ္ . . . `အေဖ….

Credit Original Uploader



Unicode

`မောင်ဇော်ဝင်း . . .ဧည့်သည်’

အဆောင်စာကျက်ခန်းမှာ စာကျက်နေတဲ့ကျနော် ဆရာမအသံကြောင့် ဧည့်ခန်းဘက်ကိုထွက်လာခဲ့ တယ်.. ဧည့်ခန်းဖိနပ်ချွတ်မှာတော့ အမြှီးပျက်ပြီး စုပ်ပြတ်နေတဲ့ ဖိနပ်တရံ ကျနော်နှာခေါင်းရှုံ့လိုက်မိတယ်၊

ဧည့်ခန်းထဲဝင်မိတော့ ကုလားထိုင်မှာထိုင်ပြီး ကွမ်းသွေးတွေရဲနေတဲ့ သွားတွေပေါ်အောင် ပြုံးနေတဲ့အဖေ အဝတ်အစား ကလဲ ဖရိုဖရဲ.. `သား´အဖေသားအတွက် ငရုပ်သီးကြော်ရယ် မြေပဲကြော်ရယ် မုန့်ဖိုးရယ်လာပို့တာလေ..



အဖေက ပြောပြောဆိုဆို ငရုပ်သီးကြော်ပုလင်း မြေပဲကြော်ပုလင်း မုန့်ဖိုးငွေတချို့ထုပ်ပေးရင်း ကျနော်ကို ပြုံးကြည့်နေတယ်…

အဖေရယ် လူကြုံနဲ့ပေးလိုက်ရောပေါ့ လာရင်လဲ အဝတ်အစားသပ်သပ်ရပ်ရပ်နဲ့ လာပေါ့ . . . အခုဟာကစုပ်ပြက်နေတာဘဲ အဖေ့ဖိနပ်ကလဲ အမြှီးပျက်စုပ်ပြက်နေတာဘဲ အခြားသူငယ်ချင်းတွေ့ရင် သားသိက္ခာ ကျမှာပေါ့..

အင်းပါသားရယ် မတ္တရာမှာ အသီးအနှံပို့ရင်း သားကိုမတွေ့တာကြာလို့ အဖေတွေ့ချင်လို့ မန္တလေးဆင်းလာတာပါကွယ် နောက်လာရင်အဖေ သပ်သပ်ရပ်ရပ် လာခဲ့ပါ့မယ် အဖေပြန်မယ်နော်သား ကျန်းမာရေးဂရုစိုက်အုံး… ခေါင်းငိုက်စိုက်နဲ့ပြန်သွားတဲ့အဖေကို ကြည့်ရင်း စိတ်ထဲတမျိုးဖြစ်မိသွားသည်။

ဒီနောက်ပိုင်း အဖေပေါ်မလာတော့ပါ ကျနော်တို့နေတာ မတ္တရာ မြို့နယ် ကျောက်တံတာရွာမှ (၁၀)မိုင်လောက်ဝင်ရတဲ့ ရွာလေးတရွာမှာ အသီအနှံတွေ စိုက်စားတဲ့မိသားစုလေးပေါ့.. အမနှစ်ယောက်ရှိပေမဲ့ ရွာမူလတန်းကျောင်းလေးမှာ (၄) တန်းအထိ ပညာသင်ခဲ့ရတာ

အငယ်ဆုံးသား ကျနော်ကတော့ အလယ်တန်းကို မတ္တရာမှာထား (၉)တန်းအောင် (၁၀)တန်းရောက်တော့ အဖေက ပညာတက်စေချင်သည့်အတွက် အမေတားသည့်ကြားက မန္တလေး ကဘော်ဒါတခုမှာ ကျောင်းအိပ်ကျောင်းစား ပို့ကာ ကျောင်းထားပေးသည်၊



ကျနော်တို့ (၁၀)တန်းစာမေးပွဲးနီးလာပြီ အဖေက မန္တလေးမလာတော့ မကြီး တလည့် မလေး တလည့်သာလာသည် အဖေကိုမေးတော့ အဖေ စိုက်ခင်းတွေကို စိတ်မချလို့မလာတာတဲ့ အမတွေမျက်နှာမကောင်း ဘာလို့လဲ မေးတော့ခရီးပန်းလို့တဲ့..

(၁၀)တန်းတွေစာမေးပွဲပြီးတော့ မကြီးလာကြိုတယ် ရွာအဝင်လမ်းမကြီးဘေး ပြေးလွားရင် အိမ်ဝင်းထဲသို့ ရောက်တော့ အဖေ အမေ သားပြန်လာပြီလေ စာမေးပွဲလဲဖြေနိုင်တယ် လို့ပြောပြီးပြေးဝင်လာတော့ အမေက`သား´လို့အော်ရင် ပြေးဖက်ငိုပါလေရော မကြီးနဲ့မလေးလည်း ဝိုင်းဖက်ငိုကြတယ်လေ၊

အာ့ကြမှ အမေအဖေရောဟင်… သား မင်းအဖေ ပိုးထိလို့ဆုံးတာ(၁)လလောက်ရှိပြီကွဲ့.. `ဗျာ´ အဲ့တာ ဘာလို့ မပြောတာလဲ အမေ.. နင့်အဖေကမပြောရဘူးတဲ့ ငါ့သားစာမေးပွဲအတွက် စိတ်အနှောင့်အယှက်ဖြစ်မယ်တဲ့

သားဘော်ဒါကြေးအတွက် မတ္တရာကသီးနှံပွဲရုံက ငွေတွေထုတ်ထားတာ ပြန်ဆပ်နေရတော့ မိသားစုစားဖို့ညဖက်နင့်အဖေ ငါးရှာရတယ်လေ . . . နင့်ပညာရေးအတွက် သူ့မှာအဝတ်အစားတောင် မဝယ်နိုင်ဘူး အစုပ်နဲ့ မိန်းမနဲ့သမီးအပျို (၂) ယောက် အတွက် ဦးစားပေးရသေးတယ်လေ



ဟိုမှာနင်အဖေစီးခဲ့တဲ့ဖိနပ်လေး ကြည့်ပါဦးသားရယ် ညဖက်ငါးရှာရင်း ပိုးထိတာ သိတဲ့အချိန်နောက်ကျသွားပြီးလေ အမေတို့အသက်မှီရုံလေး နောက်ဆုံးအသက်ငွေ့ငွေ့မှာ မှာသွားသေးတယ်

တကယ်လို့သူသေသွားရင် သားကို စာမေးပွဲပြီးမှပြောပါတဲ့ ပြီးတော့သားကိုဘွဲ့ရအောင်ထားပါလို့ မှာသွားသေးတယ်သားရယ် ဟင့် ဟင့်ဟင့်..၊

ကျနော်မျက်ရည်တွေကျရင်း နောင်တတွေနဲ့ ခေါင်ရင်းမှာ ထောင်ထားတဲ့အဖေ့ ဖိနပ်စုပ်လေး ရင်မှာပိုက်ရင်း အားရပါးရအော်လိုက်မိပါတယ် . . . `အဖေ….

Credit Original Uploader

Be the first to comment

Leave a Reply

Your email address will not be published.


*