သမီးလေးတွေကို အဝမလွန်စေဖို့ ဒေါ်လာနဲ့ မျှားပြီး ဝိတ်ချဖို့ စီစဉ်ပေးလိုက်တဲ့ နန္ဒာလှိုင်

မင်းသမီးကြီး နန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့ပြီး လက်ရှိမှာတော့ အနုပညာလုပ်ငန်းများကို ရပ်နားလိုက်ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုကို ဦးစီးလုပ်ကိုင်နေသူပါ။

ခင်ပွန်းသည် ဦးဇေသီဟနဲ့ အတူ သမီးလေး ၃ ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးမှာ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ အိမ်ထောင်ထိန်းသိမ်းမှုအပြင် သမီးလေးတွေရဲ့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လုပ်ဖို့ကိုလည်း အခုလို စည်းရုံးရေးဆင်းကာ သမီးလေးတွေကို လေ့ကျင့်ပေးခဲ့တာပါ။

နန္ဒာလှိုင် ပြောခဲ့တာကတော့ ” သမီးသုံး‌ယောက်ကိုနေ့တိုင်းလမ်းလျှေက်ခိုင်းပါတယ်လမ်းလျှေက်ရင်ဖေဖေကတရက် 1USD သတ်မှတ်ပါတယ်မေမေကတော့ .5 USD ဘဲပေးမယ်လို့လျှော့လိုက်တဲ့အပြင်မပြေးတဲ့နေ့အတွက် 1USD လျှော့မယ်လို့(ဒါကအခုမှစ)

လကုန်လို့ပေါင်ချိန်ရင်တပေါင်ကျရင် 2 USD ပေးပါတယ် ပြီးခဲ့တဲ့လတစ်ရက်နေ့ကနေဒီလလယ်ထိဝတီ 7 ပေါင်ကျလို့ 14 USD မေမေက 1 ပေါင်း 15USD iTunes card ဝယ်ရလို့အရမ်းတက်ကြွ ရတီကရက်ပိုင်းလေးနဲ့ 2 ပေါင်ကျ မဒီကတော့ iTunes card လိုချင်တော့ပြေးမယ်ဆိုတာကြီးဘဲ 🙂

ဝတီ တနာရီ၊ ရတီ 30 မိနစ်၊ မဒီ 20 မိနစ် ပြေးရပါတယ် ” ဆိုပြီး သူမရဲ့ သမီးလေးတွေအတွက် လေ့ကျင့်ခန်း စီစဉ်ပေးဖြစ်ပုံလေးတွေကို ပြောပြခဲ့တာပါ။

ပရိတ်သတ်တွေ ထဲမှာလည်း ဝိတ်ကျချင်တယ်ဆိုရင်တော့ မင်းသမီး နန္ဒာလှိုင် သုံးတဲ့ အခုလို ဆုပေး ဒဏ်ပေး စနစ်လေးကလည်း အရမ်းကို အသုံးဝင်မယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Be the first to comment

Leave a Reply

Your email address will not be published.


*