
Credit yangonday
Unicode
အမျိုးသမီး (၄)ယောက်နဲ့ တရားဝင်တွဲနေတဲ့ ထိုင်းထီပထမဆု (၁၅) စောင်တွဲ ပေါက်ခဲ့သူရုတ်တရက် သေဆုံး
မင်္ဂလာပါ ပရိတ်သတ်ကြီးရေ (၂၀၁၈) ခုနှစ်က ထိုင်းပထမဆု (149840) ၁၄၉ ၈၄၀ နံပါတ် (၁၅) စောင်တွဲ ပေါက်ခဲ့တဲ့ ဥဒေါင်ဌာနီ ခရိုင်က နိုင်စုန်ဖန်စူရမ်ကို
Somparn Suranakul အသက် (၄၀) ဟာ နိုဝင်ဘာလ (၁၉) ရက်နေ့ညက ရုတ်တရက် သေဆုံးခဲ့ကြောင်း ထိုင်းသတင်း မီဒီယာတွေမှာ ဖော်ပြလာခဲ့ပါတယ်။
ဘဝမှာ တဆစ်ချိုး အပြောင်းအလဲဖြစ်သွားခဲ့တဲ့ ဘတ်သန်း (၉၀) ထီသူဌေး စေရာသေး ပေးထားခဲ့တဲ့ သူဌေးဘွဲ့ဟာ ထီပေါက်ပြီး တနှစ်ကျော်မှာ လူမှုရေးဖောက်ပြန်မှုတွေ ဖြစ်လာပြီလို့ သတင်းတွေထွက်ပြီး ဇနီး ကျေးအော် (၄၈) နှစ်နဲ့ တရားဝင် ကွာရှင်းခဲ့တာ လပိုင်းသာ ရှိပါသေးတယ်။
ဇနီးဖြစ်တဲ့ Wanlee Panyasai ဝမ်လီပန်ယာစိုင် ကျေးအော် အသက် (၄၈) နှစ်ဟာ အိမ်ထောင်များသူလို့ နာမည်ကြီးခဲ့သူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ပထမဆုံး ယောက်ကျား ဥရောပ သား သေဆုံး ထံကနေ အမွေသန်း ပေါင်းများစွား ရပြီးထားသူဖြစ်ပါတယ်။
ယခုသေဆုံးသူ ခင်ပွန်းနဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်လာပြီး နှစ်ဦးသဘောတူ ပြတ်စဲ လိုက်တဲ့အခါ ခင်ပွန်းကို ဘတ်ငွေသန်း (၅၀) ပေး ကွာရှင်းလိုက်ပြီလို့ သူကိုယ်တိုင် ကြေငြာလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သေဆုံးသူအမျိုးသားဟာ မိနစ်သုံးဆယ်ကြာ live လွှင့်ပြီး သန်းကြွယ်သူဌေးဘဝနဲ့ ဘယ်လိုနေထိုင်နေတယ်ဆိုတာ ပိုစ့်တင်ခဲ့ပြီး စိန်တွေဝယ်နေတဲ့ ရုပ်သံကိုပါပြသလာခဲ့ပါတယ်။
ထို့နောက် သူနဲ့ တွဲနေတဲ့ အမျိုးသမီး (၄) ယောက်ရှိနေတယ်။ တရားဝင် ယူဖို့တော့ မစဉ်းစားသေးဘူးလို့လည်း ထုတ်ပြောနေတာလည်း မြင်တွေ့ရပါတယ်။
ဘာကြောင့် သေဆုံးရတယ်ဆိုတာနဲ့ ပါတ်သက်ပြီး ဥဒေါင်ဌာနီ ဆေးရုံက တရားဝင် ထုတ်ပြန်တာမတွေ့ရသေးပေမယ့်လည်း သေဆုံးသူဟာ မကြာသေးခင် တစ်ကြိမ်ဖျားနာနေကောင်းဖြစ်ခဲ့ပြီး ပြန်ကောင်းလာပါတယ်။
ဒီရက်ပိုင်းမှာ အားကစားလုပ်နေရင်း အသက်ရူကြပ် လာတယ်ဆိုပြီး ဆေးရုံ တင်ခဲ့ရပါတယ် လို့မိသားစုဝင် တစ်ဦးက ထုတ်ဖေါ်ပြောဆိုကြောင်းထိုင်းသတင်းတွေမှာဖော်ပြလာခဲ့ပါတယ်။
ဖက်ရူအားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။
Credit yangonday
Be the first to comment