
Unicode
ရွှေအတုအစစ် ခွဲခြားနည်း
ရွှေကိုအတုလားအစစ်လားဆိုတာအမြင်နဲ့အလွယ်တကူ ဆုံးဖြတ်လို့မရပါဘူး ဗဟုသုတရစေရန်မျှဝေပေးလိုက် ပါတယ်ရှင့်
သံလိုက်ကိုအသုံးပြုစမ်းသပ်ခြင်း သံလိုက်ကိုအသုံးပြုပြီးစမ်းသပ်တဲ့အခါရွှေအစစ်ဆိုရင် သံလိုက်နဲ့ ကပ်ပါလာခြင်းမျိုးမရှိဘဲ ရွှေအတုဆိုရင် သတ္တုပါဝင်တဲ့အတွက် သံလိုက်နဲ့ ကပ်ပါလာတာကို ကြည့်ပြီး ခွဲခြားနိုင်ပါတယ်..
ရေ ကိုအသုံးပြုစမ်းသပ်ခြင်း
ရေဖြည့်ထားတဲ့ ဖန်ခွက်ထဲသို့ ရွှေကိုနစ်ကြည့်လိုက်တဲ့ အခါ စစ်မှန်တဲ့ရွှေဟာ သိပ်သည်းဆများတဲ့သတ္တုဖြစ်တဲ့ အတွက်ကြောင့် ရေထဲသို့ချက်ခြင်း နစ်မြုပ်သွားတာ တွေ့ရမှာပါ
ရေပေါ်ပေါလောပေါ်နေမယ်ဆိုရင်တော့ ရွှေအစစ် မဟုတ်ကြောင်း သိရှိနိုင်ပါတယ်။
တစ်ခုသတိထားရမှာကတော့သိပ်သည်းဆများတဲ့ သတ္တုကိုအသုံးပြုထားမယ်ဆိုရင်တော့နစ်မြုပ်သွားနိုင်တာမို ့ရေကိုအသုံးပြုစမ်းသပ်တဲ့အခါအထူးသတိပြုရန်လိုအပ်ပါတယ်ရှင့်
ရှာလကာရည်ကို အသုံးပြုစမ်းသပ် ခြင်း
မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ရှာလကာရည်ကို အသုံးပြုပြီးတော့လည်း ရွှေအတုနဲ့အစစ်ကို လွယ်လွယ်ကူကူခွဲခြားနိုင်ပါတယ်
စမ်းသပ်စစ်ဆေးမယ့် ရွှေကို ရှာလကာရည်နဲ့ ထိတွေ့ လိုက်တဲ့အချိန်မှာ အရောင်ပြောင်းသွားခြင်းမျိုးမရှိရင်တော့ရွှေအစစ် ဖြစ်ကြောင်း သိနိုင်ပါတယ်
အရောင်ပြောင်းလဲသွားတယ်ဆိုရင်တော့ ရွှေအစစ်မဟုတ်ကြောင်း သိရှိရမှာဖြစ်ပါတယ်။
နိုက်ထရစ် အက်စစ်ဖြင့် စမ်းသပ်ခြင်း
ရွှေကို နိုက်ထရစ် အက်စစ်ဖြင့် စိမ်ကြည့်တဲ့အခါ ရွှေအစစ်ဆိုရင်တော့ အက်စစ်နဲ့ဓာတ်ပြုခြင်းမရှိပဲ နဂိုမူလအရောင်တိုင်းရှိနေမှာပါ
ရွှေအတုဆိုရင်တော အက်စစ်နဲ့ဓာတ်ပြုသွားပြီးတော့ သတ္တုရဲ့ မူလအရောင်ပေါ်ထွက်လာမှာဖြစ်ပါတယ်
ဒီနည်းလမ်းလေးတွေကတော ရွှေအတု အစစ်ကို လွယ်ကူတဲ့နည်းလမ်းတွေ နဲ့ ခွဲခြားနိုင်တဲ့ နည်းလမ်း တစ်ချို့ဖြစ်ပါတယ်ရှင့်
World Golden business advisor
Be the first to comment