ဝက္လက္ၿမိဳ႕ မေဈးကို မနက္တိုင္း ေဈးလာဝယ္တဲ့ ဥစၥာေစာင့္မေလး အေၾကာင္း

ကယ္ၾကပါအုံးေတာ္…ကယ္ၾကပါ အုံးေတာ္

ေအာ္သံၾကားလို႔ ၾကည့္ လိုက္တာ အေဖ့ညီမ ေဒၚေလး ျဖစ္သူ ေဒၚလုံးယဥ္ (ေခၚ) ေဒၚစပ္ ရဲ႕ ေအာ္သံ ျဖစ္ေနပါတယ္။

ေဒၚေလးအိမ္ကို သြားၾကည့္ လိုက္ေတာ့ အိပ္ယာထဲမွာ သတိေမ့ၿပီးေနပါတယ္။အိမ္နီးပတ္ဝန္းက်င္မွ လူႀကီးမ်ား လူငယ္မ်ားလဲ ဝိုင္းအုံလာၿပီး ယပ္ခပ္သူ ယပ္ခပ္၊ႏွိပ္ႏွယ္ေပးသူေပးႏွင့္ ဝိုင္းအုံေနပါတယ္။

ဆရာဝန္သြားေခၚဖို႔နဲ႔ ႐ြာဦး ဘုန္းေတာ္ႀကီးပင့္ေလ်ာက္ ဖို႔ေျပာေနၾကတာကိုလည္း ၾကားေနရပါတယ္။ မၾကာခင္ ၿမိဳ႕မွ ဆရာဝန္ႀကီးေရာက္လာၿပီး လိုအပ္တာလုပ္ေဆာင္ေပးပါတယ္။ေဒၚေလး သတိရလာပါၿပီ။

ေဒၚေလးက သူ႔အျဖစ္ကို အခုလို ေျပာျပပါတယ္။က်မ ဒီေန႔မနက္ အိပ္ယာက ထၿပီး ၿမိဳ႕ကို ေဈးဝယ္သြားပါတယ္။ေဈးဝယ္ၿပီးေတာ့ ျပန္အလာ ႐ြာအေနာက္ ဘက္မွာရွိတဲ့ ခ်မ္းသာႀကီး ဘုရားနားေရာက္ေတာ့ “ေရာ့ပါေအ…ညည္းကို ခ်စ္လို႔ပါေအ”

ဆိုတဲ့အသံကိုၾကားလို႔ ေနာက္ ကို လွည့္ၾကည့္လိုက္ေတာ့ အနီဝမ္းဆက္ နဲ႔ ေ႐ႊလင္ပန္းကို ေခါင္းမွာ ႐ြက္ကာ ဆံပင္ဖြားလားခ်ထားတဲ့ မိန္းကေလးျဖစ္ေနတာကို ေတြ႕ရပါတယ္။

အဲ့ဒါနဲ႔ က်မလည္း ဘုန္းေတာ္ႀကီးေျပာတဲ့ ဥစၥာေစာင့္ ျဖစ္မွာပဲ ဆိုၿပီးေနာက္ လွည့္မၾကည့္ေတာ့ပဲ အိမ္ကို ေအာ္ၿပီးေျပး လာခဲ့ပါတယ္။

အဲ့ဒါကေတာ့ လြန္ခဲ့တဲ့ ႏွစ္ ၃၀ ေလာက္က ျဖစ္ရပ္မွန္ ဇာတ္လမ္း တစ္ပုဒ္ ျဖစ္ပါတယ္။ ေဒၚေလး အခုအသက္ ၇၂ ႏွစ္ ရွိပါၿပီ။သက္ရွိထင္ရွားရွိေနဆဲပါ။

က်ေနာ္ ဒီျဖစ္ရပ္မွန္ဇာတ္လမ္းကို တင္ျပခ်င္ပင္မဲ့လည္း ဥစၥာေစာင့္တို႔ ၊စုန္း၊တေစၦ၊ သဘက္ ကိစၥေတြဟာ ခရီးသြားလာရာမွာ ဘုရားဂုဏ္ေတာ္ေတြ ကိုသာ အာ႐ုံ ျပဳၿပီး သြားတတ္ တဲ့ အေၾကာင္းမ်ားေၾကာင့္ ဒီလို ကိစၥမ်ိဳးကို ေရးဖို႔ အာ႐ုံမရခဲ့ပါဘူး။

ဒါပင္မဲ့ ကိုယ့္မ်က္စိနဲ႔ မျမင္ရလို႔ မရွိဘူး၊ မေတြ႕ဘူးလို႔ေတာ့ ေျပာလို႔မရပါဘူး။ သာမန္မ်က္စိနဲ႔ မျမင္ရလို႔ ပါဝါ မ်က္မွန္နဲ႔ တပ္ၿပီး ၾကည့္မွ ျမင္ရတာေတြလဲ ရွိပါတယ္။ စာေရးဆရာ စစ္ကိုင္း ဦးဖိုးသင္းေျပာတဲ့ စကားလိုပဲ ဒီလို ကိစၥဆိုတာ ရွိတဲ့သူေတာ့ ရွိမွာေပါ့တဲ့။

က်ေနာ္တို႔ ႐ြာဦး ဘုန္းေတာ္ႀကီးေျပာဖူးပါတယ္။ ႐ြာရဲ႕ အေနာက္ဖက္ မွာရွိတဲ့ ေ႐ႊျမင္တင္ ဘုရားနဲ႔ ခ်မ္းသာႀကီးဘုရား ႏွစ္ဆူဟာ ဟံလင္း ျပဴမင္း ၿပဳံးမင္း ေမာင္ႏွမ တစ္စု တည္ၾကတဲ့ ဘုရားမ်ားျဖစ္ပါသတဲ့ဟံလင္းၿမိဳ႕ေဟာင္းကေန လွမ္းေမွ်ာ္ၾကည့္လိုက္ရင္ ဒီဘုရားေတြ ျမင္ရပါသတဲ့။

တည္တုန္းက တစ္ခ်ိန္တည္း တစ္ၿပိဳင္ တည္း ၿပီးေအာင္ တည္ၾကတဲ့ ဘုရားေတြ ျဖစ္ပါတယ္။

အဲ့ဒါေတြကေတာ့ ဟံလင္း ေ႐ႊဂူႀကီး၊ေ႐ႊျမင္တင္နဲ႔ ဆင္းကြက္က ေ႐ႊဂူႀကီးဘုရားေတြ ျဖစ္ပါသတဲ့။ယခု ေ႐ႊျမင္တင္ ျမတ္စြာဘုရားဟာ ဟံလင္းမွ ေ႐ႊဂူႀကီးဘုရား နဲ႔ တစ္ၿပိဳင္တည္းၿပီးစီးပါသတဲ့။ဟံလင္းၿမိဳ႕ေဟာင္းနဲ႔ ၇ မိုင္ေလာက္ေဝးတဲ့ ဆင္းကြက္႐ြာမွာ တည္တဲ့ ေ႐ႊဂူႀကီးဘုရားဟာ အခ်ိန္မွီ ၿပီးစီးမႈ မရွိပါဘူးတဲ့။

အဲ့ဒါေၾကာင့္ ၿပီးစီးေလဟန္ နဲ႔ ဘုရားကို ပိတ္ျဖဴပတ္ၿပီး ျပထားလိုက္ပါသတဲ့။ခုခ်ိန္ထိ အဲ့ဒီဆင္းကြက္ ဘုရားပြဲ ဟာ ဘုရားပြဲ က်င္းပတိုင္း ႐ုတ္႐ုတ္သဲသဲ နဲ႔ တစ္ခုခု ျဖစ္ရပါသတဲ့။ဒါကေတာ့ ဘုန္းေတာ္ႀကီး ေျပာျပဖူးတဲ့ အတြက္သိရတာပါ။

ဥစၥာေစာင့္နဲ႔ ပတိသတ္ၿပီး ႐ြာဦးဘုန္ေတာ္ႀကီးေျပာျပ တာကေတာ့…

“နံနက္တိုင္း ဝက္လက္ၿမိဳ႕မေဈးသြားၿပီးေဈးဝယ္ေလ့ရွိေၾကာင္း ၊လူေတြလို ဝတ္စားထားလို႔ ဥစၥာေစာင့္မွန္း မသိၾက တာျဖစ္ေၾကာင္း၊ ဘုန္းႀကီးကို အိမ္မက္ေပးၿပီး ေငြလႉ ေလ့ရွိၾကေၾကာင္း၊

အိမ္မက္အရ ခ်မ္းသာႀကီးဘုရား အနီးမွာရွိတဲ့ ေက်ာက္တုံးေအာက္မွာ လာယူပါဆိုလို႔ နံနက္လင္းရင္ သြားယူရေၾကာင္း၊ အဲ့ဒီေငြနဲ႔ ဘုန္းႀကီးက ဘုရား၊ေက်ာင္း ၊ကန္၊ ျပဳျပင္ၿပီး အမွ်ေဝေပးရေၾကာင္း၊

ဒကာမႀကီးကို ခ်စ္လို႔ေပးတာ ျဖစ္ေသာေၾကာင့္ မယူလွ်င္ ဘာမွမျဖစ္ေၾကာင္း၊ လူစားလဲ ခံရတယ္ ဆိုသည္မွာ မမွန္ကန္ပါေၾကာင္း ”

ဆရာေတာ္ အမိန႔္ရွိပါတယ္။ေဒၚေလး စိတ္သက္သာရာ ရဖို႔ ေျပာသလားမသိပါ။ က်ေနာ္ သူငယ္တန္းမွ စတုတၳတန္းအထိ ပညာသင္ခဲ့ရတဲ့ ကာလေတြမွာ ညေနေက်ာင္းဆင္း တိုင္းဘုရားျပင္ဖို႔ အုတ္သယ္၊ ေက်ာက္ ေကာက္ခဲ့ရတာေတြကို ျပန္ၿပီးသတိရမိပါတယ္။

ေဒၚေလးကေတာ့ အဲ့ဒီဘုရားရွိတဲ့ လမ္းက ေဈးဝယ္ မသြားေတာ့တာ ဒီေန႔ အထိပါပဲ။ က်ေနာ္တို႔ ႐ြာက ၿမိဳ႕ ကို ေဈးဝယ္ သြားရင္ အထက္လမ္း ေအာက္လမ္း ဆိုၿပီးရွိပါတယ္။

ၿမိဳ႕နဲ႔ တစ္မိုင္ေလာက္ ေဝးပါတယ္။ ဝက္လက္ၿမိဳ႕ရဲ႕ အေရွ႕ဘက္ ေျမသားလမ္းေျဖာင့္ေျဖာင့္ျဖဴးျဖဴး နဲ႔ ျမင္ေတာ္ စံျပေက်း႐ြာပါ။ေတာင္ကုန္းျမင့္ေပၚမွာ တည္ထား တာပါ။

႐ြာအေရွ႕ဘက္ အင္းႀကီးက လည္း ဟံလင္းၿမိဳ႕ ေဟာင္းထိ ေလွနဲ႔ အရင္က သြားလို႔ရပါတယ္။အင္းထဲကေန ေလွေပၚကၾကည့္ရင္ ဧရာဝတီနဲ႔ စစ္ကိုင္းေတာင္လို ၾကည့္လို႔ အလြန္လွတဲ့ ႐ြာပါ။ဒီအေၾကာင္းကို ကိုယ္တိုင္ သိရွိလိုပါက ႐ြာကို လာေရာက္ ေမးျမန္းလို႔ ရပါတယ္။

ရတနာဦး (ဝက္လက္ )

Unicode

ကယ်ကြပါအုံးတော်…ကယ်ကြပါ အုံးတော်

အော်သံကြားလို့ ကြည့် လိုက်တာ အဖေ့ညီမ ဒေါ်လေး ဖြစ်သူ ဒေါ်လုံးယဉ် (ခေါ်) ဒေါ်စပ် ရဲ့ အော်သံ ဖြစ်နေပါတယ်။

ဒေါ်လေးအိမ်ကို သွားကြည့် လိုက်တော့ အိပ်ယာထဲမှာ သတိမေ့ပြီးနေပါတယ်။အိမ်နီးပတ်ဝန်းကျင်မှ လူကြီးများ လူငယ်များလဲ ဝိုင်းအုံလာပြီး ယပ်ခပ်သူ ယပ်ခပ်၊နှိပ်နှယ်ပေးသူပေးနှင့် ဝိုင်းအုံနေပါတယ်။

ဆရာဝန်သွားခေါ်ဖို့နဲ့ ရွာဦး ဘုန်းတော်ကြီးပင့်လျောက် ဖို့ပြောနေကြတာကိုလည်း ကြားနေရပါတယ်။ မကြာခင် မြို့မှ ဆရာဝန်ကြီးရောက်လာပြီး လိုအပ်တာလုပ်ဆောင်ပေးပါတယ်။ဒေါ်လေး သတိရလာပါပြီ။

ဒေါ်လေးက သူ့အဖြစ်ကို အခုလို ပြောပြပါတယ်။ကျမ ဒီနေ့မနက် အိပ်ယာက ထပြီး မြို့ကို ဈေးဝယ်သွားပါတယ်။ဈေးဝယ်ပြီးတော့ ပြန်အလာ ရွာအနောက် ဘက်မှာရှိတဲ့ ချမ်းသာကြီး ဘုရားနားရောက်တော့ “ရော့ပါအေ…ညည်းကို ချစ်လို့ပါအေ”

ဆိုတဲ့အသံကိုကြားလို့ နောက် ကို လှည့်ကြည့်လိုက်တော့ အနီဝမ်းဆက် နဲ့ ရွှေလင်ပန်းကို ခေါင်းမှာ ရွက်ကာ ဆံပင်ဖွားလားချထားတဲ့ မိန်းကလေးဖြစ်နေတာကို တွေ့ရပါတယ်။

အဲ့ဒါနဲ့ ကျမလည်း ဘုန်းတော်ကြီးပြောတဲ့ ဥစ္စာစောင့် ဖြစ်မှာပဲ ဆိုပြီးနောက် လှည့်မကြည့်တော့ပဲ အိမ်ကို အော်ပြီးပြေး လာခဲ့ပါတယ်။

အဲ့ဒါကတော့ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ပုဒ် ဖြစ်ပါတယ်။ ဒေါ်လေး အခုအသက် ၇၂ နှစ် ရှိပါပြီ။သက်ရှိထင်ရှားရှိနေဆဲပါ။

ကျနော် ဒီဖြစ်ရပ်မှန်ဇာတ်လမ်းကို တင်ပြချင်ပင်မဲ့လည်း ဥစ္စာစောင့်တို့ ၊စုန်း၊တစ္ဆေ၊ သဘက် ကိစ္စတွေဟာ ခရီးသွားလာရာမှာ ဘုရားဂုဏ်တော်တွေ ကိုသာ အာရုံ ပြုပြီး သွားတတ် တဲ့ အကြောင်းများကြောင့် ဒီလို ကိစ္စမျိုးကို ရေးဖို့ အာရုံမရခဲ့ပါဘူး။

ဒါပင်မဲ့ ကိုယ့်မျက်စိနဲ့ မမြင်ရလို့ မရှိဘူး၊ မတွေ့ဘူးလို့တော့ ပြောလို့မရပါဘူး။ သာမန်မျက်စိနဲ့ မမြင်ရလို့ ပါဝါ မျက်မှန်နဲ့ တပ်ပြီး ကြည့်မှ မြင်ရတာတွေလဲ ရှိပါတယ်။ စာရေးဆရာ စစ်ကိုင်း ဦးဖိုးသင်းပြောတဲ့ စကားလိုပဲ ဒီလို ကိစ္စဆိုတာ ရှိတဲ့သူတော့ ရှိမှာပေါ့တဲ့။

ကျနော်တို့ ရွာဦး ဘုန်းတော်ကြီးပြောဖူးပါတယ်။ ရွာရဲ့ အနောက်ဖက် မှာရှိတဲ့ ရွှေမြင်တင် ဘုရားနဲ့ ချမ်းသာကြီးဘုရား နှစ်ဆူဟာ ဟံလင်း ပြူမင်း ပြုံးမင်း မောင်နှမ တစ်စု တည်ကြတဲ့ ဘုရားများဖြစ်ပါသတဲ့ဟံလင်းမြို့ဟောင်းကနေ လှမ်းမျှော်ကြည့်လိုက်ရင် ဒီဘုရားတွေ မြင်ရပါသတဲ့။

တည်တုန်းက တစ်ချိန်တည်း တစ်ပြိုင် တည်း ပြီးအောင် တည်ကြတဲ့ ဘုရားတွေ ဖြစ်ပါတယ်။

အဲ့ဒါတွေကတော့ ဟံလင်း ရွှေဂူကြီး၊ရွှေမြင်တင်နဲ့ ဆင်းကွက်က ရွှေဂူကြီးဘုရားတွေ ဖြစ်ပါသတဲ့။ယခု ရွှေမြင်တင် မြတ်စွာဘုရားဟာ ဟံလင်းမှ ရွှေဂူကြီးဘုရား နဲ့ တစ်ပြိုင်တည်းပြီးစီးပါသတဲ့။ဟံလင်းမြို့ဟောင်းနဲ့ ၇ မိုင်လောက်ဝေးတဲ့ ဆင်းကွက်ရွာမှာ တည်တဲ့ ရွှေဂူကြီးဘုရားဟာ အချိန်မှီ ပြီးစီးမှု မရှိပါဘူးတဲ့။

အဲ့ဒါကြောင့် ပြီးစီးလေဟန် နဲ့ ဘုရားကို ပိတ်ဖြူပတ်ပြီး ပြထားလိုက်ပါသတဲ့။ခုချိန်ထိ အဲ့ဒီဆင်းကွက် ဘုရားပွဲ ဟာ ဘုရားပွဲ ကျင်းပတိုင်း ရုတ်ရုတ်သဲသဲ နဲ့ တစ်ခုခု ဖြစ်ရပါသတဲ့။ဒါကတော့ ဘုန်းတော်ကြီး ပြောပြဖူးတဲ့ အတွက်သိရတာပါ။

ဥစ္စာစောင့်နဲ့ ပတိသတ်ပြီး ရွာဦးဘုန်တော်ကြီးပြောပြ တာကတော့…

“နံနက်တိုင်း ဝက်လက်မြို့မဈေးသွားပြီးဈေးဝယ်လေ့ရှိကြောင်း ၊လူတွေလို ဝတ်စားထားလို့ ဥစ္စာစောင့်မှန်း မသိကြ တာဖြစ်ကြောင်း၊ ဘုန်းကြီးကို အိမ်မက်ပေးပြီး ငွေလှူ လေ့ရှိကြကြောင်း၊

အိမ်မက်အရ ချမ်းသာကြီးဘုရား အနီးမှာရှိတဲ့ ကျောက်တုံးအောက်မှာ လာယူပါဆိုလို့ နံနက်လင်းရင် သွားယူရကြောင်း၊ အဲ့ဒီငွေနဲ့ ဘုန်းကြီးက ဘုရား၊ကျောင်း ၊ကန်၊ ပြုပြင်ပြီး အမျှဝေပေးရကြောင်း၊

ဒကာမကြီးကို ချစ်လို့ပေးတာ ဖြစ်သောကြောင့် မယူလျှင် ဘာမှမဖြစ်ကြောင်း၊ လူစားလဲ ခံရတယ် ဆိုသည်မှာ မမှန်ကန်ပါကြောင်း ”

ဆရာတော် အမိန့်ရှိပါတယ်။ဒေါ်လေး စိတ်သက်သာရာ ရဖို့ ပြောသလားမသိပါ။ ကျနော် သူငယ်တန်းမှ စတုတ္ထတန်းအထိ ပညာသင်ခဲ့ရတဲ့ ကာလတွေမှာ ညနေကျောင်းဆင်း တိုင်းဘုရားပြင်ဖို့ အုတ်သယ်၊ ကျောက် ကောက်ခဲ့ရတာတွေကို ပြန်ပြီးသတိရမိပါတယ်။

ဒေါ်လေးကတော့ အဲ့ဒီဘုရားရှိတဲ့ လမ်းက ဈေးဝယ် မသွားတော့တာ ဒီနေ့ အထိပါပဲ။ ကျနော်တို့ ရွာက မြို့ ကို ဈေးဝယ် သွားရင် အထက်လမ်း အောက်လမ်း ဆိုပြီးရှိပါတယ်။

မြို့နဲ့ တစ်မိုင်လောက် ဝေးပါတယ်။ ဝက်လက်မြို့ရဲ့ အရှေ့ဘက် မြေသားလမ်းဖြောင့်ဖြောင့်ဖြူးဖြူး နဲ့ မြင်တော် စံပြကျေးရွာပါ။တောင်ကုန်းမြင့်ပေါ်မှာ တည်ထား တာပါ။

ရွာအရှေ့ဘက် အင်းကြီးက လည်း ဟံလင်းမြို့ ဟောင်းထိ လှေနဲ့ အရင်က သွားလို့ရပါတယ်။အင်းထဲကနေ လှေပေါ်ကကြည့်ရင် ဧရာဝတီနဲ့ စစ်ကိုင်းတောင်လို ကြည့်လို့ အလွန်လှတဲ့ ရွာပါ။ဒီအကြောင်းကို ကိုယ်တိုင် သိရှိလိုပါက ရွာကို လာရောက် မေးမြန်းလို့ ရပါတယ်။

ရတနာဦး (ဝက်လက် )

Be the first to comment

Leave a Reply

Your email address will not be published.


*