အသားအေရကို အၿမဲႏုပ်ိဳေစမယ့္ သဘာဝပစၥည္းမ်ား

အသားအေရကို အၿမဲႏုပ်ိဳေစမယ့္ သဘာဝပစၥည္းမ်ား…

သင့္အသားအေရကို photoshop နဲ႔ ျပင္တာထက္ ပိုၿပီး ႏုပ်ိဳလွပေအာင္ လုပ္လို႔ရတဲ့ နည္းလမ္းေလးေတြ ရွိပါတယ္ …။

အသားအေရကို သဘာဝ အသီးအႏွံေတြသုံးၿပီး အၿမဲႏုပ်ိဳေအာင္ လုပ္လို႔ ရပါတယ္ေနာ္ …။

ခရမ္းခ်ဥ္သီး

ေျခာက္ေသြ႕ပ်က္စီးေနတဲ့ အသားအေရကို ခရမ္းခ်ဥ္စီးနဲ႔ ျပဳျပင္လို႔ ရပါတယ္ ။ ခရမ္းခ်ဥ္သီးကို ပါးပါးေလးျဖစ္ေအာင္ အကြင္းလိုက္ေလး လွီးၿပီး မ်က္ႏွာေပၚမွာ မိနစ္ 20 ၾကာ ကပ္ေပးထားရမွာပဲ ျဖစ္ပါတယ္ …။

တစ္ပတ္တစ္ခါ လုပ္မယ္ဆိုရက္ အသားအေရက ေရဓာတ္ ျပည့္လာၿပီး ျပန္လည္ ႏုပ်ိဳလာမွာပါ …။

မ်က္ႏွာေယာင္ေနတယ္ဆိုရင္ ခရမ္းခ်ဥ္သီးကို အရည္ညႇစ္ၿပီး မ်က္ႏွာေပၚ ပြတ္တိုက္ေပးႏိုင္ပါတယ္ …။

အသားအေရ ညီညာဖို႔ဆိုရင္ခရမ္းခ်ဥ္သီးအႏွစ္နဲ႔ သံလြင္ဆီကို မ်က္ႏွာေပၚႏွံ႔ေအာင္ လိမ္းေပးပါ …။

အာလူး

အာလူးက အသားအေရ ႏုပ်ိဳဖို႔အတြက္ အေကာင္းဆုံး အသီးပါပဲ ။ အသားအေရ ဝင္းလက္ဖို႔ ၊ ညီညာဖို႔ ၊ အေရးအေၾကာင္းေတြ မျဖစ္ဖို႔ အာလူးကို အသုံးျပဳႏိုင္ပါတယ္ …။

အာလူးျပားေတြကို မ်က္ႏွာေပၚမွာ 15 မိနစ္ၾကာ ေန႔စဥ္ ကပ္ေပးရပါမယ္ …။

အာလူးကို အရည္ ညႇစ္ၿပီးေတာ့လည္း အသုံးျပဳႏိုင္ပါတယ္ …။

မ်က္ႏွာ အသားအေရ ၾကမ္းတမ္းေနၿပီဆိုရင္ သံပ႐ိုသီးရည္နဲ႔ အာလူး ကိုေရာၿပီး မ်က္ႏွာေပၚ ကပ္ေပး ထား႐ုံပါပဲ …။

သံပ႐ိုသီး

သံပ႐ိုသီးက အသားျဖဴေစတဲ့အျပင္ အစက္အေျပာက္မ်ား ၊ ဝက္ၿခံ အမာ႐ြတ္မ်ားကိုပါ ေပ်ာက္ေစပါတယ္ …။

အသားအေရကို ေခ်ာေမြ႕ေစၿပီး ဝင္းပေစပါတယ္ ။ သဝပ႐ိုသီးရည္နဲ႔ အေရျပားကို လိမ္းေပးျခင္းက သဘာဝ lotion ပါပဲေနာ္ …။

ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္ရဲ႕ အႏွစ္က မ်က္ႏွာကို ႐ႊန္းစိုေစပါတယ္ ။ အမည္းစက္ေတြ ၊ ဝက္ၿခံအမာ ႐ြတ္ေတြကို ေပ်ာက္ေစၿပီး

ေနေလာင္မႈကိုလည္း ကာကြယ္ေပးပါတယ္ ။ ရွားေစာင္းလက္ပတ္ကို lotion အျဖစ္လည္း ေန႔စဥ္ အသုံးျပဳႏိုင္ပါတယ္ …။

ရွားေစာင္းလက္ပတ္ အႏွစ္ကို မ်က္ႏွာေပၚမွာ 10 မိနစ္ၾကာ ထားေပးရမွာျဖစ္ၿပီး တစ္ပတ္တစ္ခါ ျပဳလုပ္ေပးႏိုင္ပါတယ္ …။

သခြားသီး

သခြားသီးက ဝက္ၿခံကို ကုသရာမွာ အလြန္ ထိေရာက္ပါတယ္ ။ သခြားသီးက အသားအေရကို ႏုပ်ိဳေအာင္လည္း ကူညီေပးႏိုင္ပါတယ္ေနာ္ …။

သခြားသီးေတြကို အျပားေလးေတြျဖစ္ေအာင္ လွီးၿပီး မ်က္ႏွာေပၚ 15 မိနစ္ၾကာ ကပ္ထားေပးရင္ သဘာဝအတိုင္း ေရဓာတ္ျပည့္ဝေနမွာပါ …။

မုန႔္ဖုန႔္ေဆာ္ဒါ

မုန႔္ဖုန္ေဆာ္ဒါက အသားအေရကို သန႔္စင္ေပးပါတယ္ ။ ဆဲလ္အသစ္ေတြ ျဖစ္ေအာင္လည္း လႈံ႕ေဆာ္ေပးပါတယ္ …။

ဒါေပမယ့္ ေဆာ္ဒါကို mask အေနနဲ႔သုံးတာက ပိုေကာင္းပါတယ္ ။ မုန႔္ဖုတ္ေဆာ္ဒါနဲ႔ သံလြင္ဆီကို ဆတူေရာၿပီး တစ္ပတ္တစ္ခါ အသားအေရ ေၾကးခြၽတ္ေပး ႏိုင္ပါတယ္ …။

ေပါင္းတင္ဖို႔ ဆိုရင္ေတာ့ မုန႔္ဖုတ္ေဆာ္ဒါ စားပြဲတင္ ဇြန္းတစ္ဇြန္းနဲ႔ ဒိန္ခ်ဥ္စားပြဲတင္ ဇြန္းတစ္ဇြန္းကို ေရာေမႊၿပီး 10 မိနစ္ၾကာ ထားေပး ရမွာပါ …။

အဲဒါဆိုရင္ေတာ့ တင္းရင္းၿပီး ေခ်ာေမြ႕တဲ့ မ်က္ႏွာ အသားအေရကို ရႏိုင္ပါၿပီ …။

ပ်ားရည္

အသားအေရကို ေရဓာတ္ ျဖည့္ဖို႔ဆိုရင္ ပ်ားရည္က အေကာင္းဆုံးပါ ။ ပ်ားရည္မွာ သတၳဳဓာတ္ေတြ အမ်ားႀကီး ပါဝင္တာေၾကာင့္ ဆဲလ္အသစ္ ထုတ္လုပ္မႈကို ျမန္ေစပါတယ္ …။

ပ်ားရည္ကို ပုံမွန္ အသုံးျပဳေပးရင္ အသားအေရတြန႔္တာေတြ ေပ်ာက္သြားပါလိမ့္မယ္ …။

အေရျပား ဓာတ္မတည့္မႈေတြကိုလည္း ပ်ားရည္က ေျဖရွင္းေပးႏိုင္ပါတယ္ ။ ပ်ားရည္ကို မ်က္ႏွာနဲ႔ လည္ပင္းတစ္ဝိုက္ ႏွံ႔စပ္ေအာင္

လိမ္းေပးၿပီး 10 မိနစ္ၾကာရင္ မ်က္ႏွာ သစ္ေပးလို႔ ရပါၿပီ ။ သစ္ႀကံ ပိုးေခါက္မႈန႔္ကို ပ်ားရည္နဲ႔ ဆတူေရာၿပီး မ်က္ႏွာေပၚ လိမ္းေပးရင္

ေကာင္းမြန္တဲ့ ရလဒ္ကို ျမန္ျမန္ေတြ႕ရမွာပဲ ျဖစ္ပါတယ္ …။

အုန္းဆီ

မသန႔္စင္ရေသးတဲ့ အုန္းဆီက အသားအေရကို အားျဖည့္ေပးၿပီး ေရဓာတ္လည္း ျပည့္ဝေစပါတယ္ …။

ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး အသားအေရကို ညီညာ ေခ်ာမြတ္ေစပါတယ္ ။ အုန္းဆီကို ေန႔စဥ္လိမ္းေပးရင္ အၿမဲတမ္း ႏုပ်ိဳတဲ့ မ်က္ႏွာေလးကိုရမွာပဲ ျဖစ္ပါတယ္ …။

မ်က္ႏွာေပၚမွာ အုန္းဆီကို လိမ္းၿပီး 5 မိနစ္ၾကာရင္ တစ္သွ်ဴး နဲ႔ သုတ္ေပးရမွာပါ …။

သံလြင္ဆီ

သံလြင္ဆီက အသားအေရ က်န္းမာေရးအတြက္ အမ်ားႀကီး အက်ိဳးျပဳပါတယ္ ။ အေရးအေၾကာင္းေတြကို ကာကြယ္ေပးၿပီး မ်က္ႏွာကို ေခ်ာေမြ႕ေစပါတယ္ …။

ၿပီးေတာ့ သံလြင္ဆီက ဓာတ္မတည့္မႈေတြကိုလည္း မျဖစ္ေစပါဘူး ။ သံလြင္ဆီကို မနက္တစ္ႀကိမ္ ၊

ညတစ္ႀကိမ္ lotion အစား အသုံးျပဳႏိုင္ပါတယ္ ။ မ်က္လုံးေအာက္မွာ အေရးအေၾကာင္း မျဖစ္ေအာင္ သံလြင္ဆီကို လိမ္းေပးလို႔ ရပါတယ္ …။

သံလြင္ဆီကို ညလိမ္း cream အျဖစ္ အသုံးျပဳႏိုင္ပါတယ္ …။

ဗီတာမင္ E

ဗီတာမင္ E ေဆးေတာင့္ေလးေတြကို စတိုးဆိုင္ ၊ ေဆးဆိုင္ေတြမွာ အလြယ္တကူ ဝယ္လို႔ရပါတယ္ ။ ဗီတာမင္ E က ဆဲလ္ေတြကို အသစ္ ျဖစ္ေပၚေစပါတယ္ …။

အသားအေရကိုညီညာေစၿပီး မ်က္ႏွာေပၚက အေရးအေၾကာင္းေတြကိုလည္း နည္းပါးေစပါတယ္ …။

မ်က္ႏွာလိမ္း cream ေတြထဲကို ဗီတာမင္ E ေဖာက္ထည့္ၿပီး လိမ္းေပးလို႔ရပါတယ္ ။ ဗီတာမင္ E က ႏႈတ္ခမ္းကိုလည္း ေရဓာတ္ ျဖည့္ေပးပါတယ္ …။

Rosehip oil

Rosehip oilက ႏုပ်ိဳမႈအတြက္ အံ့ဩစရာသက္ေစာင့္ေဆးပါ ။ အသက္အ႐ြယ္ရလာတဲ့အခါ ျဖစ္ေပၚလာတဲ့အေရးအေၾကာင္းေတြကို

rosehip oilက ဖယ္ရွားေပးပါတယ္ ။ Rosehip oil တစ္စက္ေလာက္ကို cream အစား မ်က္ႏွာေပၚ လိမ္း လို႔ရပါတယ္ …။

Cream နဲ႔ rosehip oil ကို ေရာၿပီးေတာ့လည္း အသုံးျပဳႏိုင္ပါတယ္ …။

သၾကား

သၾကားက သဘာဝ ေၾကးခြၽတ္ေဆးပါပဲ ။ သၾကားက အသားအေရကို ႏူးညံ့စြာ သန႔္စင္ေပးၿပီး မ်က္ႏွာကို အားျဖည့္ေပးပါတယ္ …။

ဆဲလ္ေသေတြကိုလည္း ဖယ္ရွားေပးပါတယ္ ။ မ်က္ႏွာ စိုေနတုန္းမွာ သၾကားကို ပြတ္လိမ္းေပးရင္

ကေလးေလးလို ႏူးညံ့တဲ့ အသားအေရကို ရမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

မူရင္းအား ေလးစားစြာျဖင့္lapyophyu

Unicode

အသားအရေကို အမြဲနုပျိုစေမယ့် သဘာဝပစ္စည်းများ…

သင့်အသားအရေကို photoshop နဲ့ ပြင်တာထက် ပိုပြီး နုပျိုလှပအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ် …။

အသားအရေကို သဘာဝ အသီးအနှံတွေသုံးပြီး အမြဲနုပျိုအောင် လုပ်လို့ ရပါတယ်နော် …။

ခရမ်းချဉ်သီး

ခြောက်သွေ့ပျက်စီးနေတဲ့ အသားအရေကို ခရမ်းချဉ်စီးနဲ့ ပြုပြင်လို့ ရပါတယ် ။ ခရမ်းချဉ်သီးကို ပါးပါးလေးဖြစ်အောင် အကွင်းလိုက်လေး လှီးပြီး မျက်နှာပေါ်မှာ မိနစ် 20 ကြာ ကပ်ပေးထားရမှာပဲ ဖြစ်ပါတယ် …။

တစ်ပတ်တစ်ခါ လုပ်မယ်ဆိုရက် အသားအရေက ရေဓာတ် ပြည့်လာပြီး ပြန်လည် နုပျိုလာမှာပါ …။

မျက်နှာယောင်နေတယ်ဆိုရင် ခရမ်းချဉ်သီးကို အရည်ညှစ်ပြီး မျက်နှာပေါ် ပွတ်တိုက်ပေးနိုင်ပါတယ် …။

အသားအရေ ညီညာဖို့ဆိုရင်ခရမ်းချဉ်သီးအနှစ်နဲ့ သံလွင်ဆီကို မျက်နှာပေါ်နှံ့အောင် လိမ်းပေးပါ …။

အာလူး

အာလူးက အသားအရေ နုပျိုဖို့အတွက် အကောင်းဆုံး အသီးပါပဲ ။ အသားအရေ ဝင်းလက်ဖို့ ၊ ညီညာဖို့ ၊ အရေးအကြောင်းတွေ မဖြစ်ဖို့ အာလူးကို အသုံးပြုနိုင်ပါတယ် …။

အာလူးပြားတွေကို မျက်နှာပေါ်မှာ 15 မိနစ်ကြာ နေ့စဉ် ကပ်ပေးရပါမယ် …။

အာလူးကို အရည် ညှစ်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ် …။

မျက်နှာ အသားအရေ ကြမ်းတမ်းနေပြီဆိုရင် သံပရိုသီးရည်နဲ့ အာလူး ကိုရောပြီး မျက်နှာပေါ် ကပ်ပေး ထားရုံပါပဲ …။

သံပရိုသီး

သံပရိုသီးက အသားဖြူစေတဲ့အပြင် အစက်အပြောက်များ ၊ ဝက်ခြံ အမာရွတ်များကိုပါ ပျောက်စေပါတယ် …။

အသားအရေကို ချောမွေ့စေပြီး ဝင်းပစေပါတယ် ။ သဝပရိုသီးရည်နဲ့ အရေပြားကို လိမ်းပေးခြင်းက သဘာဝ lotion ပါပဲနော် …။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ရဲ့ အနှစ်က မျက်နှာကို ရွှန်းစိုစေပါတယ် ။ အမည်းစက်တွေ ၊ ဝက်ခြံအမာ ရွတ်တွေကို ပျောက်စေပြီး

နေလောင်မှုကိုလည်း ကာကွယ်ပေးပါတယ် ။ ရှားစောင်းလက်ပတ်ကို lotion အဖြစ်လည်း နေ့စဉ် အသုံးပြုနိုင်ပါတယ် …။

ရှားစောင်းလက်ပတ် အနှစ်ကို မျက်နှာပေါ်မှာ 10 မိနစ်ကြာ ထားပေးရမှာဖြစ်ပြီး တစ်ပတ်တစ်ခါ ပြုလုပ်ပေးနိုင်ပါတယ် …။

သခွားသီး

သခွားသီးက ဝက်ခြံကို ကုသရာမှာ အလွန် ထိရောက်ပါတယ် ။ သခွားသီးက အသားအရေကို နုပျိုအောင်လည်း ကူညီပေးနိုင်ပါတယ်နော် …။

သခွားသီးတွေကို အပြားလေးတွေဖြစ်အောင် လှီးပြီး မျက်နှာပေါ် 15 မိနစ်ကြာ ကပ်ထားပေးရင် သဘာဝအတိုင်း ရေဓာတ်ပြည့်ဝနေမှာပါ …။

မုန့်ဖုန့်ဆော်ဒါ

မုန့်ဖုန်ဆော်ဒါက အသားအရေကို သန့်စင်ပေးပါတယ် ။ ဆဲလ်အသစ်တွေ ဖြစ်အောင်လည်း လှုံ့ဆော်ပေးပါတယ် …။

ဒါပေမယ့် ဆော်ဒါကို mask အနေနဲ့သုံးတာက ပိုကောင်းပါတယ် ။ မုန့်ဖုတ်ဆော်ဒါနဲ့ သံလွင်ဆီကို ဆတူရောပြီး တစ်ပတ်တစ်ခါ အသားအရေ ကြေးချွတ်ပေး နိုင်ပါတယ် …။

ပေါင်းတင်ဖို့ ဆိုရင်တော့ မုန့်ဖုတ်ဆော်ဒါ စားပွဲတင် ဇွန်းတစ်ဇွန်းနဲ့ ဒိန်ချဉ်စားပွဲတင် ဇွန်းတစ်ဇွန်းကို ရောမွှေပြီး 10 မိနစ်ကြာ ထားပေး ရမှာပါ …။

အဲဒါဆိုရင်တော့ တင်းရင်းပြီး ချောမွေ့တဲ့ မျက်နှာ အသားအရေကို ရနိုင်ပါပြီ …။

ပျားရည်

အသားအရေကို ရေဓာတ် ဖြည့်ဖို့ဆိုရင် ပျားရည်က အကောင်းဆုံးပါ ။ ပျားရည်မှာ သတ္ထုဓာတ်တွေ အများကြီး ပါဝင်တာကြောင့် ဆဲလ်အသစ် ထုတ်လုပ်မှုကို မြန်စေပါတယ် …။

ပျားရည်ကို ပုံမှန် အသုံးပြုပေးရင် အသားအရေတွန့်တာတွေ ပျောက်သွားပါလိမ့်မယ် …။

အရေပြား ဓာတ်မတည့်မှုတွေကိုလည်း ပျားရည်က ဖြေရှင်းပေးနိုင်ပါတယ် ။ ပျားရည်ကို မျက်နှာနဲ့ လည်ပင်းတစ်ဝိုက် နှံ့စပ်အောင်

လိမ်းပေးပြီး 10 မိနစ်ကြာရင် မျက်နှာ သစ်ပေးလို့ ရပါပြီ ။ သစ်ကြံ ပိုးခေါက်မှုန့်ကို ပျားရည်နဲ့ ဆတူရောပြီး မျက်နှာပေါ် လိမ်းပေးရင်

ကောင်းမွန်တဲ့ ရလဒ်ကို မြန်မြန်တွေ့ရမှာပဲ ဖြစ်ပါတယ် …။

အုန်းဆီ

မသန့်စင်ရသေးတဲ့ အုန်းဆီက အသားအရေကို အားဖြည့်ပေးပြီး ရေဓာတ်လည်း ပြည့်ဝစေပါတယ် …။

ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ညီညာ ချောမွတ်စေပါတယ် ။ အုန်းဆီကို နေ့စဉ်လိမ်းပေးရင် အမြဲတမ်း နုပျိုတဲ့ မျက်နှာလေးကိုရမှာပဲ ဖြစ်ပါတယ် …။

မျက်နှာပေါ်မှာ အုန်းဆီကို လိမ်းပြီး 5 မိနစ်ကြာရင် တစ်သျှူး နဲ့ သုတ်ပေးရမှာပါ …။

သံလွင်ဆီ

သံလွင်ဆီက အသားအရေ ကျန်းမာရေးအတွက် အများကြီး အကျိုးပြုပါတယ် ။ အရေးအကြောင်းတွေကို ကာကွယ်ပေးပြီး မျက်နှာကို ချောမွေ့စေပါတယ် …။

ပြီးတော့ သံလွင်ဆီက ဓာတ်မတည့်မှုတွေကိုလည်း မဖြစ်စေပါဘူး ။ သံလွင်ဆီကို မနက်တစ်ကြိမ် ၊

ညတစ်ကြိမ် lotion အစား အသုံးပြုနိုင်ပါတယ် ။ မျက်လုံးအောက်မှာ အရေးအကြောင်း မဖြစ်အောင် သံလွင်ဆီကို လိမ်းပေးလို့ ရပါတယ် …။

သံလွင်ဆီကို ညလိမ်း cream အဖြစ် အသုံးပြုနိုင်ပါတယ် …။

ဗီတာမင် E

ဗီတာမင် E ဆေးတောင့်လေးတွေကို စတိုးဆိုင် ၊ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ် ။ ဗီတာမင် E က ဆဲလ်တွေကို အသစ် ဖြစ်ပေါ်စေပါတယ် …။

အသားအရေကိုညီညာစေပြီး မျက်နှာပေါ်က အရေးအကြောင်းတွေကိုလည်း နည်းပါးစေပါတယ် …။

မျက်နှာလိမ်း cream တွေထဲကို ဗီတာမင် E ဖောက်ထည့်ပြီး လိမ်းပေးလို့ရပါတယ် ။ ဗီတာမင် E က နှုတ်ခမ်းကိုလည်း ရေဓာတ် ဖြည့်ပေးပါတယ် …။

Rosehip oil

Rosehip oilက နုပျိုမှုအတွက် အံ့ဩစရာသက်စောင့်ဆေးပါ ။ အသက်အရွယ်ရလာတဲ့အခါ ဖြစ်ပေါ်လာတဲ့အရေးအကြောင်းတွေကို

rosehip oilက ဖယ်ရှားပေးပါတယ် ။ Rosehip oil တစ်စက်လောက်ကို cream အစား မျက်နှာပေါ် လိမ်း လို့ရပါတယ် …။

Cream နဲ့ rosehip oil ကို ရောပြီးတော့လည်း အသုံးပြုနိုင်ပါတယ် …။

သကြား

သကြားက သဘာဝ ကြေးချွတ်ဆေးပါပဲ ။ သကြားက အသားအရေကို နူးညံ့စွာ သန့်စင်ပေးပြီး မျက်နှာကို အားဖြည့်ပေးပါတယ် …။

ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ် ။ မျက်နှာ စိုနေတုန်းမှာ သကြားကို ပွတ်လိမ်းပေးရင်

ကလေးလေးလို နူးညံ့တဲ့ အသားအရေကို ရမှာပဲ ဖြစ်ပါတယ်နော် …။ ။

မူရင်းအား လေးစားစွာဖြင့်lapyophyu

Be the first to comment

Leave a Reply

Your email address will not be published.


*