လက္ရွိျဖစ္ပ်က္ေနတဲ့ အေျခအေနေတြကို ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီးမိန႔္ၿပီ

ခုလက္ရွိျဖစ္ပ်က္ေနတဲ့အေျခအေနေတြကို ပါခ်ဳပ္ဆရာေတာ္ႀကီး_မိန႔္ၿပီ

တိရစာၦန္ဘုံသားေတြကို

တို႔မ်ားလူ႔ဘုံက ေၾကာက္ရ လန႔္ရပါတယ္။

ဟိုပိုးေၾကာက္ရ ဒီပိုးေၾကာက္ရ မ်ားလိုက္တဲ့ ပိုးေကာင္ေတြ။

အခုၾကည့္ေလ… အင္မတန္မွ အသိဉာဏ္ပညာ ႀကီးပါတယ္ဆိုတဲ့ လူသားေတြက ဘာမွ ခႏၶာ ကိုယ္အထည္ျဒပ္ရယ္လို႔ ထင္ထင္ရွားရွားမရွိတဲ့ ကို႐ိုနာဗိုင္းရပ္ ပိုးေကာင္ေလးကို ေၾကာက္ေနၾကရပါတယ္။

အဲဒီပိုးေကာင္ေလးက ေသ႐ြာကို ပို႔ပစ္ေနတာ တစ္ပုံတပင္ႀကီး ရွိေနၿပီ။ဒုံးက်ည္နဲ႔လည္း ပစ္မရ။န်ဴကလီးယားနဲ႔လည္း ေဆာ္မရ။ ဘယ္ ေလာက္ မ်ား ဒုကၡမ်ားလိုက္ၾကသလဲ။

အေရးေပၚသုံးၾကတဲ့ ဘုန္းႀကီးမ်ားလည္း ကယ္ မရ။ပရိတ္ႀကီးလည္း ဘာမွလုပ္မရ။ တို႔ေတာင္ ေၾကာက္လို႔ ပုန္းေနရတယ္။ကိုယ့္ကိုယ္ကိုယ္သာ အားကိုးရာ။လူေတြ ကိုယ့္ဟာကိုယ္သာ ျပဳျပင္ေနထိုင္သြားၾကရမွာပါ။

ေလာဘ၊ ေဒါသ၊ ေမာဟ၊ အတၱ၊ မာနေတြ နည္းသည္ထက္ နည္းေအာင္ က်င့္ႀကံယူၾကရမွာပါ။

ေလာဘ၊ ေဒါသ၊ ေမာဟ၊ အတၱ ၊မာနေတြ အားေကာင္းလာေလေလ ကမာၻႀကီး ပ်က္ဖို႔ ျမန္ေလေလပါ။

ေလာဘ၊ ေဒါသ၊ေမာဟ အတၱ မာနေတြ နည္းၾကေလေလ ကမာၻႀကီး အဓြန႔္ရွည္ေလေလ၊ သာယာ ေအးခ်မ္းေလေလပါ။

ဘာစာမွ လုံလုံ ေလာက္ေလာက္ မလုပ္ဘဲနဲ႔ စာေမးပြဲေျဖဖို႔နီးေတာ့မွ ေဘာပင္ေလး မန္းေပးစမ္းပါ။ေပတံ ေလး မႈတ္ေပးစမ္းပါ။ ယၾတာေလး ေခ်ေပးစမ္းပါနဲ႔ ဘယ္ရမလဲ။

ဘဝမွာ ေနမိေနရာ စားမိစားရာ၊ ျဖစ္သလိုေနျဖစ္သလိုစား၊ ဘုရား တရားနဲ႔ အေဝးႀကီး၊ ငါးပါးသီလေတာင္ ေစာက္ထိုး ေမွာက္ခုံဆို၊ အေရးေပၚေတာ့မွ ပရိတ္ကေလး ႐ြတ္ေပးစမ္းပါ ဘယ္ရမလဲ။

ဘုန္းႀကီး ရဟန္းသံဃာကို ၾကည္ညိဳတာ ကိုယ့္အလိုက် ျဖစ္ေနတဲ့ခါတစ္မ်ိဳး၊အလိုမက်တဲ့တစ္ေန႔ စိတ္ေကာက္ အတင္းေျပာ၊ ရတနာ သုံးပါးကိုေစာ္ကား။

အိမ္က လင္မယားအတိုင္း ေတာ္ၾကာ ႐ိုက္ၾကႏွက္ၾက၊ ေတာ္ၾကာ ခ်စ္လို႔ ခင္လို႔ ၿပဳံးေပ်ာ္လို႔။ အဆင္မေျပ ဘုန္းႀကီးလည္း အ႐ိုက္ခံရမွာပဲ။ သာသနာကို အဲေလာက္ၾကည္ညိဳၾကတာ။

မိဘကို က်ျပန္ေတာ့လည္း ငါက ရွာေကြၽးေနရလို႔ပင္ပမ္းလို႔ စတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ေအာ္ေငါက္ဆဲဆို၊ တခါတရံ လက္နဲ႔ေတာင္ မိဘကို ႐ိုက္ၾကေသး။

(ဝဋ္ေႂကြးနဲ႔ အပါယ္ငရဲက ငါ့ဆီကို ေရာက္မွေရာက္ေစ ေစာင့္ႀကိဳေန၏။ အဲေတာ့မွ အေမေရ ကယ္ပါဦး အေဖေရ ကယ္ပါဦး ဘယ္ရေတာ့မလဲ)

ဆရာသမားကို ဆိုလို႔ရွိရင္လည္း ဆရာသမား ဆိုဆုံးမ ႐ိုက္ပုတ္တာမႀကိဳက္၊ ငါ့သားကို ဒီလိုလုပရွမလား၊ငါ့သမီးကို ဒီလိုျပဳမူရမလား၊ဆရာသမားေတြကို ဆဲဆို ႀကိမ္းေမာင္း၊ က႑ေကာစ တိုက္။

သားသမီးေတြကို မေကာင္းတဲ့ အျပဳအမူ အေလ့အက်င့္ေတြကို ေျမႇာက္ ထိုးပင့္ေကာ္လုပ္ေပး။

(ကိုယ္လူႀကီးျဖစ္လာတဲ့ တစ္ေန႔ဆရာသမား ျဖစ္လာတဲ့တစ္ေန႔ ေၾကာက္စရာ ဝဋ္ေႂကြးကေစာင့္ႀကိဳေန)

တခ်ိဳ႕ဘုန္းႀကီးမ်ားဆိုလို႔ ရွိရင္လည္း ႀကီးလိုက္တဲ့ ေလာဘ၊ လိုခ်င္လိုက္တဲ့ လာဘ္လာဘ၊ ဘယ္လိုနည္းနဲ႔ရရ ရရင္ ၿပီးေရာ့ဆိုတဲ့ စိတ္ထားမ်ိဳး။

သူမ်ားကိုက်ေတာ့ ဒါနဆိုတာ ပိယဂုဏ္ကိုေဆာင္တယ္။လူနတ္ခ်စ္ေဆးလည္းျဖစ္တယ္။ အာေပါင္ အာရင္းသန္သန္နဲ႔ ေဟာလိုက္တဲ့တရား။

ကိုယ့္က် ငါးျပားေစ့ တစ္ေစ့ေတာင္ မေပး မလႉခ်င္တဲ့ ဘုန္းေတာ္ႀကီးမ်ားလည္း ေတြ႕ဖူးပါရဲ႕။သူမ်ားက ဒါနနဲ႔ စြန႔္လိုက္တဲ့ ပစၥည္းကို ကိုယ္က ေလာဘနဲ႔ သိမ္းပိုက္ထားတဲ့ဘဝ၊

ၿပီးေတာ့တခါ ဟိုေက်ာင္းလိုက္လု ၊ဒီေက်ာင္းလိုက္လုနဲ႔၊ ေက်ာင္းလုတဲ့ အမႈ႕ေတြ ႏိုင္ငံေတာ္ ဝိနိစၦယ႐ုံးမွာ တစ္ပုံတပင္ႀကီးျဖစ္ပါသတဲ့။

အမႈ႕ႏိုင္ဖို႔အတြက္ သိန္းရာခ်ီၿပီး လာဘ္ထိုးၾကရတာ မ်က္ျမင္ကိုယ္ေတြ႕ရွိပါရဲ႕။ ေျမအလႉရွင္လည္းရွိတယ္။

ေက်ာင္းေဆာက္လႉမယ့္ အလႉရွင္လည္းရွိတာေတာင္မွ ကိုယ့္ေျမေပၚမွာ ေက်ာင္းေဆာက္ခြင့္ရဖို႔အတြက္ ဆိုင္ရာ ရပ္ေက်းသံဃနာယကအဖြဲ႕ကို သိန္းငါးဆယ္ေလာက္နဲ႔သြားကန္ေတာ့ရတဲ့ ၿမိဳ႕နယ္မ်ားလည္းရွိသတဲ့။ မေပးရင္ မပူေဇာ္ရင္ ေက်ာင္း ေဆာက္ခြင့္မရ။ ျဖစ္ပ်က္ေနတဲ့ ေလာကႀကီး။

အားအားရွိ ဘာသာ သာသနာကို ပ်က္ေအာင္လုပ္တာကုလားကိုထိုးခ်လိုက္၊ ခရစ္ယာန္ကို ယိုးမယ္ဖြဲ႕လိုက္နဲ႔။ကိုယ့္သာသနာကို ကိုယ့္ဟာကိုယ္သာ အရင္ျပင္ၾကရမွာပါ။

အဓိက ကိုယ္ရင္ထဲက သာသနာကို အရင္ျပင္ၾကရမွာပါ။

ေလာဘ၊ ေဒါသ၊ ေမာဟ၊ အတၱ၊ မာနေတြကိုပါးသည္ထက္ပါးေအာင္ က်င့္ေဆာင္ၾကရမွာပါ။ဘုရားက မကယ္ဘူး။ ပရိတ္ႀကီးက မကယ္ဘူး။ပ႒ာန္းဖတ္တာနဲ႔ သိဒၶိေတြ မတက္ဘူး။ ကိုယ့္ဘဝ ကိုယ္သာ ကယ္ၾကရမွာပါ။

“လူမစြမ္း နတ္မ”ဆိုတာ မဟုတ္ပါဘူး။ စြမ္းတဲ့ လူကိုမွ နတ္က မ တာပါ။ဒါန စြမ္းတယ္၊ သီလ စြမ္းတယ္၊ ဘာဝနာစြမ္းတယ္၊အဲဒါကိုမွ နတ္က မ တာပါ။

အမွန္အားျဖင့္ေတာ့ကိုယ့္အစြမ္းေၾကာင့္ နတ္က မ တာပါဗ်ာ။တိရစာၦန္ ဘုံသားေတြထက္လူ႔ဘုံက အသိဉာဏ္ ပိုသာသင့္ပါတယ္။

ပါေမာကၡခ်ဳပ္_ဆရာေတာ္ႀကီး ေဒါက္တာနႏၵမာလာဘိဝံသ

သာဓု သာဓု သာဓုပါ ဆရာေတာ္ဘုရား c r d

Unicode

ခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကို ပါချုပ်ဆရာတော်ကြီး_မိန့်ပြီ

တိရစ္ဆာန်ဘုံသားတွေကို

တို့များလူ့ဘုံက ကြောက်ရ လန့်ရပါတယ်။

ဟိုပိုးကြောက်ရ ဒီပိုးကြောက်ရ များလိုက်တဲ့ ပိုးကောင်တွေ။

အခုကြည့်လေ… အင်မတန်မှ အသိဉာဏ်ပညာ ကြီးပါတယ်ဆိုတဲ့ လူသားတွေက ဘာမှ ခန္ဓာ ကိုယ်အထည်ဒြပ်ရယ်လို့ ထင်ထင်ရှားရှားမရှိတဲ့ ကိုရိုနာဗိုင်းရပ် ပိုးကောင်လေးကို ကြောက်နေကြရပါတယ်။

အဲဒီပိုးကောင်လေးက သေရွာကို ပို့ပစ်နေတာ တစ်ပုံတပင်ကြီး ရှိနေပြီ။ဒုံးကျည်နဲ့လည်း ပစ်မရ။နျူကလီးယားနဲ့လည်း ဆော်မရ။ ဘယ် လောက် များ ဒုက္ခများလိုက်ကြသလဲ။

အရေးပေါ်သုံးကြတဲ့ ဘုန်းကြီးများလည်း ကယ် မရ။ပရိတ်ကြီးလည်း ဘာမှလုပ်မရ။ တို့တောင် ကြောက်လို့ ပုန်းနေရတယ်။ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာ။လူတွေ ကိုယ့်ဟာကိုယ်သာ ပြုပြင်နေထိုင်သွားကြရမှာပါ။

လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာနတွေ နည်းသည်ထက် နည်းအောင် ကျင့်ကြံယူကြရမှာပါ။

လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ ၊မာနတွေ အားကောင်းလာလေလေ ကမ္ဘာကြီး ပျက်ဖို့ မြန်လေလေပါ။

လောဘ၊ ဒေါသ၊မောဟ အတ္တ မာနတွေ နည်းကြလေလေ ကမ္ဘာကြီး အဓွန့်ရှည်လေလေ၊ သာယာ အေးချမ်းလေလေပါ။

ဘာစာမှ လုံလုံ လောက်လောက် မလုပ်ဘဲနဲ့ စာမေးပွဲဖြေဖို့နီးတော့မှ ဘောပင်လေး မန်းပေးစမ်းပါ။ပေတံ လေး မှုတ်ပေးစမ်းပါ။ ယတြာလေး ချေပေးစမ်းပါနဲ့ ဘယ်ရမလဲ။

ဘဝမှာ နေမိနေရာ စားမိစားရာ၊ ဖြစ်သလိုနေဖြစ်သလိုစား၊ ဘုရား တရားနဲ့ အဝေးကြီး၊ ငါးပါးသီလတောင် စောက်ထိုး မှောက်ခုံဆို၊ အရေးပေါ်တော့မှ ပရိတ်ကလေး ရွတ်ပေးစမ်းပါ ဘယ်ရမလဲ။

ဘုန်းကြီး ရဟန်းသံဃာကို ကြည်ညိုတာ ကိုယ့်အလိုကျ ဖြစ်နေတဲ့ခါတစ်မျိုး၊အလိုမကျတဲ့တစ်နေ့ စိတ်ကောက် အတင်းပြော၊ ရတနာ သုံးပါးကိုစော်ကား။

အိမ်က လင်မယားအတိုင်း တော်ကြာ ရိုက်ကြနှက်ကြ၊ တော်ကြာ ချစ်လို့ ခင်လို့ ပြုံးပျော်လို့။ အဆင်မပြေ ဘုန်းကြီးလည်း အရိုက်ခံရမှာပဲ။ သာသနာကို အဲလောက်ကြည်ညိုကြတာ။

မိဘကို ကျပြန်တော့လည်း ငါက ရှာကျွေးနေရလို့ပင်ပမ်းလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ အော်ငေါက်ဆဲဆို၊ တခါတရံ လက်နဲ့တောင် မိဘကို ရိုက်ကြသေး။

(ဝဋ်ကြွေးနဲ့ အပါယ်ငရဲက ငါ့ဆီကို ရောက်မှရောက်စေ စောင့်ကြိုနေ၏။ အဲတော့မှ အမေရေ ကယ်ပါဦး အဖေရေ ကယ်ပါဦး ဘယ်ရတော့မလဲ)

ဆရာသမားကို ဆိုလို့ရှိရင်လည်း ဆရာသမား ဆိုဆုံးမ ရိုက်ပုတ်တာမကြိုက်၊ ငါ့သားကို ဒီလိုလုပရှမလား၊ငါ့သမီးကို ဒီလိုပြုမူရမလား၊ဆရာသမားတွေကို ဆဲဆို ကြိမ်းမောင်း၊ ကဏ္ဍကောစ တိုက်။

သားသမီးတွေကို မကောင်းတဲ့ အပြုအမူ အလေ့အကျင့်တွေကို မြှောက် ထိုးပင့်ကော်လုပ်ပေး။

(ကိုယ်လူကြီးဖြစ်လာတဲ့ တစ်နေ့ဆရာသမား ဖြစ်လာတဲ့တစ်နေ့ ကြောက်စရာ ဝဋ်ကြွေးကစောင့်ကြိုနေ)

တချို့ဘုန်းကြီးများဆိုလို့ ရှိရင်လည်း ကြီးလိုက်တဲ့ လောဘ၊ လိုချင်လိုက်တဲ့ လာဘ်လာဘ၊ ဘယ်လိုနည်းနဲ့ရရ ရရင် ပြီးရော့ဆိုတဲ့ စိတ်ထားမျိုး။

သူများကိုကျတော့ ဒါနဆိုတာ ပိယဂုဏ်ကိုဆောင်တယ်။လူနတ်ချစ်ဆေးလည်းဖြစ်တယ်။ အာပေါင် အာရင်းသန်သန်နဲ့ ဟောလိုက်တဲ့တရား။

ကိုယ့်ကျ ငါးပြားစေ့ တစ်စေ့တောင် မပေး မလှူချင်တဲ့ ဘုန်းတော်ကြီးများလည်း တွေ့ဖူးပါရဲ့။သူများက ဒါနနဲ့ စွန့်လိုက်တဲ့ ပစ္စည်းကို ကိုယ်က လောဘနဲ့ သိမ်းပိုက်ထားတဲ့ဘဝ၊

ပြီးတော့တခါ ဟိုကျောင်းလိုက်လု ၊ဒီကျောင်းလိုက်လုနဲ့၊ ကျောင်းလုတဲ့ အမှု့တွေ နိုင်ငံတော် ဝိနိစ္ဆယရုံးမှာ တစ်ပုံတပင်ကြီးဖြစ်ပါသတဲ့။

အမှု့နိုင်ဖို့အတွက် သိန်းရာချီပြီး လာဘ်ထိုးကြရတာ မျက်မြင်ကိုယ်တွေ့ရှိပါရဲ့။ မြေအလှူရှင်လည်းရှိတယ်။

ကျောင်းဆောက်လှူမယ့် အလှူရှင်လည်းရှိတာတောင်မှ ကိုယ့်မြေပေါ်မှာ ကျောင်းဆောက်ခွင့်ရဖို့အတွက် ဆိုင်ရာ ရပ်ကျေးသံဃနာယကအဖွဲ့ကို သိန်းငါးဆယ်လောက်နဲ့သွားကန်တော့ရတဲ့ မြို့နယ်များလည်းရှိသတဲ့။ မပေးရင် မပူဇော်ရင် ကျောင်း ဆောက်ခွင့်မရ။ ဖြစ်ပျက်နေတဲ့ လောကကြီး။

အားအားရှိ ဘာသာ သာသနာကို ပျက်အောင်လုပ်တာကုလားကိုထိုးချလိုက်၊ ခရစ်ယာန်ကို ယိုးမယ်ဖွဲ့လိုက်နဲ့။ကိုယ့်သာသနာကို ကိုယ့်ဟာကိုယ်သာ အရင်ပြင်ကြရမှာပါ။

အဓိက ကိုယ်ရင်ထဲက သာသနာကို အရင်ပြင်ကြရမှာပါ။

လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာနတွေကိုပါးသည်ထက်ပါးအောင် ကျင့်ဆောင်ကြရမှာပါ။ဘုရားက မကယ်ဘူး။ ပရိတ်ကြီးက မကယ်ဘူး။ပဋ္ဌာန်းဖတ်တာနဲ့ သိဒ္ဓိတွေ မတက်ဘူး။ ကိုယ့်ဘဝ ကိုယ်သာ ကယ်ကြရမှာပါ။

“လူမစွမ်း နတ်မ”ဆိုတာ မဟုတ်ပါဘူး။ စွမ်းတဲ့ လူကိုမှ နတ်က မ တာပါ။ဒါန စွမ်းတယ်၊ သီလ စွမ်းတယ်၊ ဘာဝနာစွမ်းတယ်၊အဲဒါကိုမှ နတ်က မ တာပါ။

အမှန်အားဖြင့်တော့ကိုယ့်အစွမ်းကြောင့် နတ်က မ တာပါဗျာ။တိရစ္ဆာန် ဘုံသားတွေထက်လူ့ဘုံက အသိဉာဏ် ပိုသာသင့်ပါတယ်။

ပါမောက္ခချုပ်_ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ

သာဓု သာဓု သာဓုပါ ဆရာတော်ဘုရား c r d

Be the first to comment

Leave a Reply

Your email address will not be published.


*