ဆုေတာင္းတိုင္းျပည္႔ဖို႔ အေရးၾကီးဆံုး အဂၤါ (၅)ခ်က္

ဆုေတာင္း တိုင္း ျပည့္စုံႏိုင္ၾကပါေစ…။

ဆုေတာင္းေတြက…ဆုေတာင္းတိုင္း မျပည့္ပါဘူး။ျမတ္စြာဘုရား ေဟာၾကားထားတဲ႔ အဂၤ ါ(၅)ခ်က္နဲ႔ျပည့္စုံမွသာ ဆုေတာင္းျပည့္တာပါ။

တကယ္လုိ႔ ဘဝမွာ လုိအပ္္ခ်က္ တစ္ခုခုရွိလုိ႔ ဆုေတာင္းေတာ့မယ္ဆိုရင္အဂၤ ါ(၅) ခ်က္ကုိ ျပည့္စုံေအာင္ လုပ္ရပါမယ္။

ျမတ္စြာဘုရားရွင္က…သဒၶါ သီလ သုတ စာဂ ပညာထိုအဂၤ ါ (၅)ခ်က္နဲ႔ ျပည့္စုံရင္ ေနာက္ဘဝအတြက္လုိခ်င္တာ ဆုေတာင္းရင္ျပည့္စုံပါတယ္လုိ႔ ေဟာၾကားခ့ဲပါတယ္။

အဂၤ ါ (၅)ခ်က္ကေတာ့

၁။ သဒၶါဆိုတာက=ရတနာသုံးပါးရယ္ ကံရယ္ ကံရဲ႕အက်ိဳးရယ္ကုိ ယုံၾကည္တာပါ။

၂။ သီလဆိုတာက=ေအာက္ထစ္ဆုံး ငါးပါး သီလဆို အဆင္ေျပပါတယ္။

၃။ သုတဆိုတာက=အၾကားအျမင္ ဗဟုသုတပါ။စာေတြ ဖတ္လုိ႔ပဲ ျဖစ္ျဖစ္ တရားေတြ နာလုိ႔ပဲ ျဖစ္ျဖစ္အခ်င္းခ်င္း ေျပာျပလုိ႔ပဲ ျဖစ္ျဖစ္ သိတဲ႔ ဗဟုသုတပါ။

၄။ စာဂဆိုတာက=ေပးကမ္း စြန္႔ႀကဲမႈ ဒါန ကုသုိလ္ပါ။

၅။ ပညာဆိုတာက=အေၾကာင္းအက်ိဳး အေကာင္း အဆိုးကုသုိလ္ အကုသုိလ္ကု ိ ခြဲျခားသိတဲ႔ ပညာပါ။

တကယ္လုိ႔မ်ား…ဘဝမွာ လုိအပ္ခ်က္ တစ္ခုခု ရွိရင္ဆုေတာင္းေတာ့မယ္ ဆိုရင္အထက္ပါ အဂၤ ါ(၅)ခ်က္ကုိ အရင္ဆုံး ျပည့္စုံေအာင္ ႀကိဳးစားပါ။

ျပည့္စုံၿပီ ဆိုရင္ေတာ့ ဆုေတာင္းေတြ ျပည့္ပါၿပီ။ဘာပဲေျပာေျပာ လုိခ်င္တ့ဲ ဆုပဲ ေတာင္းေတာင္းမလုိခ်င္တဲ႔ ဆုပဲ ေတာင္းေတာင္း အဂၤ ါ(၅)ခ်က္ျပည့္စုံေနဖို႔ပါပဲ။ဆုေတာင္း တိုင္း ျပည့္စုံႏိုင္ၾကပါေစ…။

ဆရာေတာ္ အရွင္ရာဇိႏၵ (ရေဝႏြယ္-အင္းမ)

လုံးစုံမ်ားစြာ၊ သတၱ၀ါ ခ်မ္းသာကုိယ္စိတ္ ၿမဲပါေစ။ ဥပဒ္ရန္ေဘး၊ကင္းစင္ေ၀း ၿငိမ္းေအးၾကပါေစ။

အပၸမာေဒန သမၼာေဒထ

Unicode

ဆုတောင်း တိုင်း ပြည့်စုံနိုင်ကြပါစေ…။

ဆုတောင်းတွေက…ဆုတောင်းတိုင်း မပြည့်ပါဘူး။မြတ်စွာဘုရား ဟောကြားထားတဲ့ အင်္ဂ ါ(၅)ချက်နဲ့ပြည့်စုံမှသာ ဆုတောင်းပြည့်တာပါ။

တကယ်လို့ ဘဝမှာ လိုအပ််ချက် တစ်ခုခုရှိလို့ ဆုတောင်းတော့မယ်ဆိုရင်အင်္ဂ ါ(၅) ချက်ကို ပြည့်စုံအောင် လုပ်ရပါမယ်။

မြတ်စွာဘုရားရှင်က…သဒ္ဓါ သီလ သုတ စာဂ ပညာထိုအင်္ဂ ါ (၅)ချက်နဲ့ ပြည့်စုံရင် နောက်ဘဝအတွက်လိုချင်တာ ဆုတောင်းရင်ပြည့်စုံပါတယ်လို့ ဟောကြားခဲ့ပါတယ်။

အင်္ဂ ါ (၅)ချက်ကတော့

၁။ သဒ္ဓါဆိုတာက=ရတနာသုံးပါးရယ် ကံရယ် ကံရဲ့အကျိုးရယ်ကို ယုံကြည်တာပါ။

၂။ သီလဆိုတာက=အောက်ထစ်ဆုံး ငါးပါး သီလဆို အဆင်ပြေပါတယ်။

၃။ သုတဆိုတာက=အကြားအမြင် ဗဟုသုတပါ။စာတွေ ဖတ်လို့ပဲ ဖြစ်ဖြစ် တရားတွေ နာလို့ပဲ ဖြစ်ဖြစ်အချင်းချင်း ပြောပြလို့ပဲ ဖြစ်ဖြစ် သိတဲ့ ဗဟုသုတပါ။

၄။ စာဂဆိုတာက=ပေးကမ်း စွန့်ကြဲမှု ဒါန ကုသိုလ်ပါ။

၅။ ပညာဆိုတာက=အကြောင်းအကျိုး အကောင်း အဆိုးကုသိုလ် အကုသိုလ်ကု ိ ခွဲခြားသိတဲ့ ပညာပါ။

တကယ်လို့များ…ဘဝမှာ လိုအပ်ချက် တစ်ခုခု ရှိရင်ဆုတောင်းတော့မယ် ဆိုရင်အထက်ပါ အင်္ဂ ါ(၅)ချက်ကို အရင်ဆုံး ပြည့်စုံအောင် ကြိုးစားပါ။

ပြည့်စုံပြီ ဆိုရင်တော့ ဆုတောင်းတွေ ပြည့်ပါပြီ။ဘာပဲပြောပြော လိုချင်တဲ့ ဆုပဲ တောင်းတောင်းမလိုချင်တဲ့ ဆုပဲ တောင်းတောင်း အင်္ဂ ါ(၅)ချက်ပြည့်စုံနေဖို့ပါပဲ။ဆုတောင်း တိုင်း ပြည့်စုံနိုင်ကြပါစေ…။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

လုံးစုံများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

အပ္ပမာဒေန သမ္မာဒေထ

Be the first to comment

Leave a Reply

Your email address will not be published.


*