သက္သတ္လြတ္ သီးစံုဟင္းရည္ ခ်က္နည္း

သီးႏွံ စုံ ပဲပုပ္ဟင္းရည္ (သက္သတ္လြတ္)

ဒီဟင္းရည္ေလးကေတာ့ သက္သတ္လြတ္စားသူေတြအတြက္ အဆင္ေျပသလို စားခါနီးမွ လြယ္လြယ္ကူကူဟင္းရည္ေသာက္ စီစဥ္ခ်င္ရင္လည္း အဆင္ေျပပါတယ္။

အိမ္မွာ အလြယ္တကူရွိေနတဲ့ သီးႏွံေလးေတြနဲ႔ ခ်က္လို႔ရပါတယ္။

ပါဝင္ပစၥည္းမ်ား

ပဲျပား – ၁ တုံး

ဝဥ – ၅ က်ပ္သား

ဂ်ဳံငါးဖယ္ – ၁၀ လုံးခန႔္

ေရႊပဲ – ၁၀ ေတာင့္

မုန္လာဥနီ – အနည္းငယ္

မိႈ – အနည္း ငယ္

ပန္းပြင့္ – အနည္း ငယ္

ေျပာင္းဖူး – အနည္းငယ္ (လွီးထည့္ပါ)

ပဲပုပ္ – ၁ ခ်ပ္

ခ်င္း – လက္တစ္ဆစ္

ၾကက္သြန္ျဖဴ – ၁ လုံး

ၾကက္သြန္နီေသးေသး – ၁ လုံး

ဆား – လက္ဖက္ရည္ဇြန္း ၁ ၁/၂ ဇြန္း

သၾကား – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

ပဲပုပ္တစ္ခ်ပ္ကို ေမႊးေနေအာင္ မီးကင္ၿပီး ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ခ်င္းႏွင့္အတူ ေရာေထာင္း ထားပါ။ ေရလီတာဝက္ ဆူပြက္လာလၽွင္ ေထာင္းထားတဲ့ ပဲပုပ္မ်ား ထည့္ပါ။ ဆားႏွင့္ သၾကားထည့္ပါ။

ၾကက္သြန္ျဖဴ/နီ အစိမ္းနံ့ေပ်ာက္ၿပီး ေမႊးလာလၽွင္ သီးႏွံမ်ားထည့္၍ ခဏ အဖုံးအုပ္ၿပီး မီးရွိန္ျပင္းျပင္းႏွင့္ ၅ မိနစ္ခန႔္ တည္ပါ။ သီးႏွံမ်ား ေပ်ာ့ျပဲသြားလၽွင္ အရသာ ပ်က္တတ္ပါတယ္။

အလယ္တည္ပန္းကန္လုံးထဲ ခပ္ၿပီး ပင္စိမ္းေလးအုပ္လိုက္လၽွင္ ဆီမပါဘဲ က်န္းမာေရးနဲ႔ညီညြတ္တဲ့ သီးႏွံစုံပဲပုပ္ဟင္းရည္ေလး ရပါၿပီ။

ပန္းခေရ

FoodMagazineMyanmar

Unicode

သီးနှံ စုံ ပဲပုပ်ဟင်းရည် (သက်သတ်လွတ်)

ဒီဟင်းရည်လေးကတော့ သက်သတ်လွတ်စားသူတွေအတွက် အဆင်ပြေသလို စားခါနီးမှ လွယ်လွယ်ကူကူဟင်းရည်သောက် စီစဉ်ချင်ရင်လည်း အဆင်ပြေပါတယ်။

အိမ်မှာ အလွယ်တကူရှိနေတဲ့ သီးနှံလေးတွေနဲ့ ချက်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

ပဲပြား – ၁ တုံး

ဝဥ – ၅ ကျပ်သား

ဂျုံငါးဖယ် – ၁၀ လုံးခန့်

ရွှေပဲ – ၁၀ တောင့်

မုန်လာဥနီ – အနည်းငယ်

မှို – အနည်း ငယ်

ပန်းပွင့် – အနည်း ငယ်

ပြောင်းဖူး – အနည်းငယ် (လှီးထည့်ပါ)

ပဲပုပ် – ၁ ချပ်

ချင်း – လက်တစ်ဆစ်

ကြက်သွန်ဖြူ – ၁ လုံး

ကြက်သွန်နီသေးသေး – ၁ လုံး

ဆား – လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း

သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပဲပုပ်တစ်ချပ်ကို မွှေးနေအောင် မီးကင်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းနှင့်အတူ ရောထောင်း ထားပါ။ ရေလီတာဝက် ဆူပွက်လာလျှင် ထောင်းထားတဲ့ ပဲပုပ်များ ထည့်ပါ။ ဆားနှင့် သကြားထည့်ပါ။

ကြက်သွန်ဖြူ/နီ အစိမ်းနံ့ပျောက်ပြီး မွှေးလာလျှင် သီးနှံများထည့်၍ ခဏ အဖုံးအုပ်ပြီး မီးရှိန်ပြင်းပြင်းနှင့် ၅ မိနစ်ခန့် တည်ပါ။ သီးနှံများ ပျော့ပြဲသွားလျှင် အရသာ ပျက်တတ်ပါတယ်။

အလယ်တည်ပန်းကန်လုံးထဲ ခပ်ပြီး ပင်စိမ်းလေးအုပ်လိုက်လျှင် ဆီမပါဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သီးနှံစုံပဲပုပ်ဟင်းရည်လေး ရပါပြီ။

ပန်းခရေ

FoodMagazineMyanmar

Be the first to comment

Leave a Reply

Your email address will not be published.


*