ယာဥ္အႏၲရာယ္္ျဖစ္ေစနိုင္သည္႔႔ ေဘာဂၽြိဳင္္း အေၾကာင္းႏွင္႔ သတိျပဳဖြယ္

ေဘာဂၽြိဳင္း(Ball Joint) ႏွင့္ ယာဥ္အႏၲရာယ္္

ခရီးထြက္ဖိုိ႔ျပင္ဆင္ေနတဲ့လူေတာ္ေတာ္မ်ားဟာ မိမိယာဥ္ရဲ့ ႀကံ့ခိုင္မွုကို အေလးထားလာၾကတာေတြ႕ရပါတယ္။ တကယ္ကိုေကာင္းတဲ့ အေလ့အက်င့္ေလးပါ။

ယာဥ္တစ္စီးရဲ့ႀကံ့ခိုိင္မွုလို႔ ဆိုလိုက္တာနဲ႔ ယာဥ္ေအာက္ပိုင္းကို အဓိကထား စစ္ေဆးရမွာပါ။ အဲဒီေအာက္ပိုင္းေတြထဲမွာ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုကေတာ့ ေဘာဂၽြိဳင္းျဖစ္ပါတယ္။

ေဘာဂၽြိဳင္း ဆိုိတာဘာလဲ? ဘာလုပ္ေပးတာလဲ?

ေဘာဂၽြိဳင္းဆိုတာ ေဘာကို အသုံးျပဳထားၿပီး လည္လိုိ႔ရတဲ့ ဆုံခ်က္၊ အဆက္(Joint)ေလးျဖစ္ပါတယ္။ လက္ဝါးကိုင္း(Control Arm)နဲ႔ ဟက္အုံေနာက္ထိုင္(wheel knuckle)ကို ဆက္ထားေပးပါတယ္။

ကားတိုိင္းမွာေဘာဂၽြိဳင္းပါပါတယ္။ Suspension အမ်ိဳးအစားကို လိုက္ၿပီး အနဲဆုံး (၂)လုံးကေန (၄)လုံး (၆) လုံး စသည္ျဖင့္ပါပါတယ္။

ကားရဲ့ ဘီးကိုလမ္းေပၚမွာ ေဒါင္လိုက္ရွိေနေစဖို႔က ေဘာဂၽြိဳင္းရဲ့ အလုပ္ပါ (သတ္မွတ္ထားတဲ့ အတိုင္းအတာအတြင္း)။ စီယာရင္တည့္ေနရင္ျဖစ္ျဖစ္ ေကြ႕ေနရင္ျဖစ္ျဖစ္ ဘီးဟာ လမ္းနဲ႔ ေဒါင္လိုက္ျဖစ္ေနရပါမယ္။

ဘီးဘယ္ညာေကြ႕ခဲ့ရင္္ ေဘာဂၽြိဳင္းဟာ ဘီးေခ်ာေမာေျပျပစ္စြာေကြ႕ဖို႔ ဆုံခ်က္အေနနဲ႔ လုပ္ေဆာင္ေပးပါတယ္။

ေဘာဂၽြိဳင္းမေကာင္းရင္္ ဘယ္လိုခံစားရမလဲ….?ေဘာဂၽြိဳင္းမေကာင္းရင္…..

ကားေမာင္းလိုိက္တိုင္း စီယာရင္မွာ ဘယ္ညာလာတိုးေနမယ္(ဘီးက ကားေမာင္းလိုက္တိုင္း ရမ္းေနလို႔ပါ)ေအာက္ပိုင္းမွာ အသံထြက္ေနပါမယ္

စီယာရင္လွည့္လိုက္ရင္ ႀကိတ္သံလို အသံေပးေနပါမယ္(တစ္ခါတစ္ေလ ႀကိတ္သံမထြတ္ပါ)အေျခအေနဆိုးရင္ ကားက ခါရမ္းေနပါမယ္

ေဘာဂၽြိဳင္းမေကာင္းရင္ ဘာျဖစ္နိုင္သလဲ….?

ေဘာဂၽြိဳင္းဟာ ဘီးကိုတည့္မတ္ေစဖို႔ မလုပ္ေပးနိုင္ေတာ့ပါဘူး။ သြားေနတဲ့ယာဥ္ဟာ ေဘာဂၽြိဳင္းျပဳတ္ၿပီး အခ်ိန္မေရြး ဘီးေခါက္ဝင္သြားတာ ဘီးအျပင္ကို ကားထြက္သြားတာမ်ိဳး ျဖစ္ေစနိုင္တယ္။

ယာဥ္အတြက္ရာ ယာဥ္ေပၚပါ လူေတြအတြက္ တကယ္ကို အႏၲရာယ္ျဖစ္ေစနိုင္ပါတယ္။ဒာေၾကာင့္ ေအာက္ပိုင္းစစ္ေဆးရင္ ေဘာဂၽြိဳင္းကို သတိထားစစ္ေဆးဖို႔နဲ႔ လိုအပ္ပါက လဲလွယ္ရန္ ဆႏၵျပဳတိုက္တြန္းရင္း….

Auto King (ျပင္ဦးလြင္)

Unicode

ဘောဂျွိုင်း(Ball Joint) နှင့် ယာဉ်အန္တရာယ််

ခရီးထွက်ဖိို့ပြင်ဆင်နေတဲ့လူတော်တော်များဟာ မိမိယာဉ်ရဲ့ ကြံ့ခိုင်မှုကို အလေးထားလာကြတာတွေ့ရပါတယ်။ တကယ်ကိုကောင်းတဲ့ အလေ့အကျင့်လေးပါ။

ယာဉ်တစ်စီးရဲ့ကြံ့ခိိုင်မှုလို့ ဆိုလိုက်တာနဲ့ ယာဉ်အောက်ပိုင်းကို အဓိကထား စစ်ဆေးရမှာပါ။ အဲဒီအောက်ပိုင်းတွေထဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုကတော့ ဘောဂျွိုင်းဖြစ်ပါတယ်။

ဘောဂျွိုင်း ဆိိုတာဘာလဲ? ဘာလုပ်ပေးတာလဲ?

ဘောဂျွိုင်းဆိုတာ ဘောကို အသုံးပြုထားပြီး လည်လိို့ရတဲ့ ဆုံချက်၊ အဆက်(Joint)လေးဖြစ်ပါတယ်။ လက်ဝါးကိုင်း(Control Arm)နဲ့ ဟက်အုံနောက်ထိုင်(wheel knuckle)ကို ဆက်ထားပေးပါတယ်။

ကားတိိုင်းမှာဘောဂျွိုင်းပါပါတယ်။ Suspension အမျိုးအစားကို လိုက်ပြီး အနဲဆုံး (၂)လုံးကနေ (၄)လုံး (၆) လုံး စသည်ဖြင့်ပါပါတယ်။

ကားရဲ့ ဘီးကိုလမ်းပေါ်မှာ ဒေါင်လိုက်ရှိနေစေဖို့က ဘောဂျွိုင်းရဲ့ အလုပ်ပါ (သတ်မှတ်ထားတဲ့ အတိုင်းအတာအတွင်း)။ စီယာရင်တည့်နေရင်ဖြစ်ဖြစ် ကွေ့နေရင်ဖြစ်ဖြစ် ဘီးဟာ လမ်းနဲ့ ဒေါင်လိုက်ဖြစ်နေရပါမယ်။

ဘီးဘယ်ညာကွေ့ခဲ့ရင်် ဘောဂျွိုင်းဟာ ဘီးချောမောပြေပြစ်စွာကွေ့ဖို့ ဆုံချက်အနေနဲ့ လုပ်ဆောင်ပေးပါတယ်။

ဘောဂျွိုင်းမကောင်းရင်် ဘယ်လိုခံစားရမလဲ….?ဘောဂျွိုင်းမကောင်းရင်…..

ကားမောင်းလိိုက်တိုင်း စီယာရင်မှာ ဘယ်ညာလာတိုးနေမယ်(ဘီးက ကားမောင်းလိုက်တိုင်း ရမ်းနေလို့ပါ)အောက်ပိုင်းမှာ အသံထွက်နေပါမယ်

စီယာရင်လှည့်လိုက်ရင် ကြိတ်သံလို အသံပေးနေပါမယ်(တစ်ခါတစ်လေ ကြိတ်သံမထွတ်ပါ)အခြေအနေဆိုးရင် ကားက ခါရမ်းနေပါမယ်

ဘောဂျွိုင်းမကောင်းရင် ဘာဖြစ်နိုင်သလဲ….?

ဘောဂျွိုင်းဟာ ဘီးကိုတည့်မတ်စေဖို့ မလုပ်ပေးနိုင်တော့ပါဘူး။ သွားနေတဲ့ယာဉ်ဟာ ဘောဂျွိုင်းပြုတ်ပြီး အချိန်မရွေး ဘီးခေါက်ဝင်သွားတာ ဘီးအပြင်ကို ကားထွက်သွားတာမျိုး ဖြစ်စေနိုင်တယ်။

ယာဉ်အတွက်ရာ ယာဉ်ပေါ်ပါ လူတွေအတွက် တကယ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ဒာကြောင့် အောက်ပိုင်းစစ်ဆေးရင် ဘောဂျွိုင်းကို သတိထားစစ်ဆေးဖို့နဲ့ လိုအပ်ပါက လဲလှယ်ရန် ဆန္ဒပြုတိုက်တွန်းရင်း….

Auto King (ပြင်ဦးလွင်)

Be the first to comment

Leave a Reply

Your email address will not be published.


*