
အဆိုးတစ္ခုု ၾကဳံရတိုိင္း အေကာင္းတစ္ခု ထလုပ္ပါ။
ေလာကႀကီးက ကိုယ္ေမြးလာမယ္မွန္းသိလို႔ ကိုယ့္အလိုအတိုင္းျဖစ္ဖို႔ ေစာင့္ေနလို႔ ကိုိယ္က ေမြးဖြားလာတာ မဟုတ္ဘူး။
ၿပီးျပည့္စုံျခင္းမရွိတဲ့ ေလာကႀကီးထဲ ကိုယ္က ေမြးလာရတာ။
ကိုယ့္ကို ေမြးလိုက္တဲ့ ကိုယ့္မိဘေတြေတာင္ ခ်ိဳ့ယြင္းခ်က္ေတြ အမ်ားႀကီးနဲ႔ ျဖစ္ေနမွာပါ။
ဒါေပမယ့္ သိထားရမွာက ဘယ္အရာမဆို ဘယ္သူမဆို အေကာင္းအဆိုး ေရာေန တတ္တယ္။ ကိုယ္ကိုယ္တိုင္ေရာေပါ့။
ဘဝဟာလည္း အေကာင္းေရာ အဆိုးေရာ ေရာေနတယ္။ တခ်ိဳ႕အဆိုးေတြက ေရွာင္ရင္ရတယ္။ တခ်ိဳ႕အဆိုးေတြက ေရွာင္လို႔မရဘူး။
ေရွာင္လို့မရတဲ့ အဆိုးေတြကို ဘယ္လိုလုပ္မလဲ။ အရိုးဆုံး အရွင္းဆုံးအေျဖ ရွိပါတယ္။ ဆိုးတာ တစ္ခုၾကဳံတိုင္း ေကာင္းတာတစ္ခု ထလုပ္ပါ။
မေကာင္းတာတစ္ခု စိတ္အေႏွာက္အယွက္ ျဖစ္စရာတစ္ခု စိတ္မေကာင္းျဖစ္စရာ ဝမ္းနည္းစရာ ဘာပဲၾကဳံရၾကဳံရ ဒီအတိုင္းမေနပါနဲ႔။ ေသးေသးမႊားမႊားေလး ျဖစ္ပါေစ …
စိတ္ထဲမွာ ကိုယ္မလိုခ်င္တာ တစ္ခု ၾကဳံရရင္ ေကာင္းတာတစ္ခု လုပ္ျဖစ္ ေအာင္ ထလုပ္လိုက္ပါ။
အနည္းဆုံး ဆန္ေလးတစ္ဆုပ္ယူၿပီး ငွက္ကေလးေတြ အစာခ်ေကၽြးတာ ျဖစ္ျဖစ္ ..
ေရေလးတစ္ပုံးယူၿပီး လမ္းေဘးက သစ္ပင္ေလး သြားေလာင္းတာ ျဖစ္ျဖစ္ ..
မိုးေပၚက ေကာင္းကင္ႀကီး ေမာ့ၾကည့္ၿပီး …
“ဟာ… လြလိုကၱာ” လို့ ေရရြတ္လိုက္တာ ျဖစ္ျဖစ္ေပါ့။
Positive ျဖစ္တာတစ္ခုခု ဘာျဖစ္ျဖစ္ ထလုပ္ပါ။
ဆိုလိုိတာက ေကာင္းတာကို တပင္တပန္းႀကီး တကူးတကႀကီး လုပ္ဖို့မဟုတ္ပါဘူး။
အဓိိကက negative တစ္ခုၾကဳံတိုင္း positive ျဖစ္တာတစ္ခု လိုက္မိေအာင္ လုပ္ပါ။
ၾကာရင္္ ဘာျဖစ္လာမလဲ သိလာရပါလိမ့္မယ္။
ကိုိယ္မလိုခ်င္တဲ့ negative ေတြကေတာ့ ေပ်ာက္သြားမွာ မဟုတ္ဘူးေနာ္။ ရွိရင္ရွိေန အုံးမယ္။
ဒါေပမယ့္ ကိုယ္ကေတာ့ positive ေတြ ထပ္ခါထပ္ခါ လုပ္မိတဲ့သူ ျဖစ္လာတယ္။
႐ုပ္ေရာ စိတ္ေရာ ၾကည္လင္မွုတိုးလာတယ္။ စိတ္ကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ထားတတ္လာ တယ္။
ဒါေတြဟာ ေပါ့ေသးေသး အက်ိဳးရလဒ္ မဟုတ္ပါဘူး။
ေနာက္ထပ္ ေကာင္းတာေတြျဖစ္ဖို႔ ဒီအက်ိဳးရလဒ္က ဆြဲငင္ေခၚယူမွာပါ။
ဆိုးတာတစ္ခုၾကဳံတိုင္း ေကာင္းတာ တစ္ခု လုပ္ျဖစ္ေအာင္လုပ္ပါ။
ကိုယ့္မွာ အေကာင္းဓာတ္ခံ မ်ားလာေအာင္ လုပ္ပါ။
အေကာင္းဓာတ္ခံ မ်ားလာရင္ အေကာင္းေတြ ပိုစုလာပါလိမ့္မယ္။
တူရာတူရာေတြဟာ စုတတ္တဲ့ သေဘာရွိပါတယ္ …
Daily Motivation
Unicode
အဆိုးတစ်ခုု ကြုံရတိိုင်း အကောင်းတစ်ခု ထလုပ်ပါ။
လောကကြီးက ကိုယ်မွေးလာမယ်မှန်းသိလို့ ကိုယ့်အလိုအတိုင်းဖြစ်ဖို့ စောင့်နေလို့ ကိိုယ်က မွေးဖွားလာတာ မဟုတ်ဘူး။
ပြီးပြည့်စုံခြင်းမရှိတဲ့ လောကကြီးထဲ ကိုယ်က မွေးလာရတာ။
ကိုယ့်ကို မွေးလိုက်တဲ့ ကိုယ့်မိဘတွေတောင် ချို့ယွင်းချက်တွေ အများကြီးနဲ့ ဖြစ်နေမှာပါ။
ဒါပေမယ့် သိထားရမှာက ဘယ်အရာမဆို ဘယ်သူမဆို အကောင်းအဆိုး ရောနေ တတ်တယ်။ ကိုယ်ကိုယ်တိုင်ရောပေါ့။
ဘဝဟာလည်း အကောင်းရော အဆိုးရော ရောနေတယ်။ တချို့အဆိုးတွေက ရှောင်ရင်ရတယ်။ တချို့အဆိုးတွေက ရှောင်လို့မရဘူး။
ရှောင်လို့မရတဲ့ အဆိုးတွေကို ဘယ်လိုလုပ်မလဲ။ အရိုးဆုံး အရှင်းဆုံးအဖြေ ရှိပါတယ်။ ဆိုးတာ တစ်ခုကြုံတိုင်း ကောင်းတာတစ်ခု ထလုပ်ပါ။
မကောင်းတာတစ်ခု စိတ်အနှောက်အယှက် ဖြစ်စရာတစ်ခု စိတ်မကောင်းဖြစ်စရာ ဝမ်းနည်းစရာ ဘာပဲကြုံရကြုံရ ဒီအတိုင်းမနေပါနဲ့။ သေးသေးမွှားမွှားလေး ဖြစ်ပါစေ …
စိတ်ထဲမှာ ကိုယ်မလိုချင်တာ တစ်ခု ကြုံရရင် ကောင်းတာတစ်ခု လုပ်ဖြစ် အောင် ထလုပ်လိုက်ပါ။
အနည်းဆုံး ဆန်လေးတစ်ဆုပ်ယူပြီး ငှက်ကလေးတွေ အစာချကျွေးတာ ဖြစ်ဖြစ် ..
ရေလေးတစ်ပုံးယူပြီး လမ်းဘေးက သစ်ပင်လေး သွားလောင်းတာ ဖြစ်ဖြစ် ..
မိုးပေါ်က ကောင်းကင်ကြီး မော့ကြည့်ပြီး …
“ဟာ… လွလိုက္တာ” လို့ ရေရွတ်လိုက်တာ ဖြစ်ဖြစ်ပေါ့။
Positive ဖြစ်တာတစ်ခုခု ဘာဖြစ်ဖြစ် ထလုပ်ပါ။
ဆိုလိိုတာက ကောင်းတာကို တပင်တပန်းကြီး တကူးတကကြီး လုပ်ဖို့မဟုတ်ပါဘူး။
အဓိိကက negative တစ်ခုကြုံတိုင်း positive ဖြစ်တာတစ်ခု လိုက်မိအောင် လုပ်ပါ။
ကြာရင်် ဘာဖြစ်လာမလဲ သိလာရပါလိမ့်မယ်။
ကိိုယ်မလိုချင်တဲ့ negative တွေကတော့ ပျောက်သွားမှာ မဟုတ်ဘူးနော်။ ရှိရင်ရှိနေ အုံးမယ်။
ဒါပေမယ့် ကိုယ်ကတော့ positive တွေ ထပ်ခါထပ်ခါ လုပ်မိတဲ့သူ ဖြစ်လာတယ်။
ရုပ်ရော စိတ်ရော ကြည်လင်မှုတိုးလာတယ်။ စိတ်ကို ငြိမ်းငြိမ်းချမ်းချမ်း ထားတတ်လာ တယ်။
ဒါတွေဟာ ပေါ့သေးသေး အကျိုးရလဒ် မဟုတ်ပါဘူး။
နောက်ထပ် ကောင်းတာတွေဖြစ်ဖို့ ဒီအကျိုးရလဒ်က ဆွဲငင်ခေါ်ယူမှာပါ။
ဆိုးတာတစ်ခုကြုံတိုင်း ကောင်းတာ တစ်ခု လုပ်ဖြစ်အောင်လုပ်ပါ။
ကိုယ့်မှာ အကောင်းဓာတ်ခံ များလာအောင် လုပ်ပါ။
အကောင်းဓာတ်ခံ များလာရင် အကောင်းတွေ ပိုစုလာပါလိမ့်မယ်။
တူရာတူရာတွေဟာ စုတတ်တဲ့ သဘောရှိပါတယ် …
Daily Motivation
Be the first to comment