ကမာၻေက်ာ္ နပန္းသမားဘဝနဲ႔ စည္းစိမ္ေတြကို စြန႔္လႊတ္ၿပီး ရဟန္းဝတ္ေနတဲ့ ကိုယ္ေတာ္ႏွစ္ပါး . . .

ကမာၻေက်ာ္ နပန္းသမားဘဝနဲ႔ စည္းစိမ္ေတြကို စြန႔္လႊတ္ၿပီး ရဟန္းဝတ္ေနတဲ့ ကိုယ္ေတာ္ႏွစ္ပါး

လူတိုင္းလူတိုင္းဟာ စြဲလမ္းစိတ္ေတြ၊ အတၱေတြ၊ မာနေတြ၊ ေလာဘေတြ၊ စည္းစိမ္းေတြၾကားမွာ ယစ္မူးအခ်ိန္ကုန္ေနတတ္ၿပီး မတည္ၿမဲေသာအရာကို တည္ၿမဲတယ္ ထင္မွတ္ကာ ရန္သူမ်ိဳး (၅)ပါးကိုေတာင္ မေၾကာက္ေတာ့ဘဲ တတ္မက္ေနတတ္ၾကပါတယ္။

ဗုဒၶျမတ္စြာေဟာေတာ္မူတဲ့ စြန႔္လႊတ္ျခင္းဟာ ျမတ္ေသာတရားဆိုေပမယ့္ တကယ္တမ္းက်ေတာ့ တစ္စုံတစ္ခု၊ တစ္စုံတစ္ေယာက္ကို လက္လႊတ္အဆုံးရႈံးခံဖို႔ ဆိုတာ သာမာန္လူတစ္ေယာက္အတြက္ မလြယ္ကူလွပါဘူး။

ယေန႔ ေနထိုင္တဲ့ ေလာကႀကီးထဲမွာ ငါအစြဲစြဲၿပီး ေနထိုင္ရွင္သန္သူေတြမ်ားသလို ဇူဇကာပုဏၰားလို သူတပါးပစၥည္း အလကားရဖို႔၊ သူတပါး အက်ိဳးနိမ့္ဖို႔ အၿမဲႀကံစည္ေနတဲ့လူေတြလည္း ဒုနဲ႔ေဒးရွိပါတယ္။

တျခားလူမေျပာနဲ႔ ကိုယ္ေတာင္ ယေန႔လား မနက္ျဖန္လား မေသခ်ာတဲ့ ဘဝႀကီးထဲကို ေရာက္တုန္းေရာက္ခိုက္ ေလာကပါလရဲ႕ ေအးခ်မ္းတဲ့တရားေတြကို ရွာေတြ႕ဖို႔လည္း အေရးႀကီးပါတယ္။

အခုတစ္ေခါက္မွာေတာ့ ႏိုင္ငံေက်ာ္ နပန္းသမားဘဝနဲ႔ ေအာင္ျမင္မႈေတြ၊ စည္းစိမ္ခ်မ္းသာမႈေတြကို အၿပီးပိုင္ထားခဲ့ၿပီး ေအးခ်မ္းလွတဲ့ ဗုဒၶတရားအရိပ္မွာ တစ္သက္သာ ခိုလႈံႏိုင္ဖို႔အတြက္ ရဟန္းဘဝကို ေ႐ြးခ်ယ္ခဲ့တဲ့ သူႏွစ္ဦးရွိခဲ့ပါတယ္။

သူတို႔ႏွစ္ဦးလုံးဟာ အရမ္းကို ခင္မင္တဲ့ သူငယ္ခ်င္းေတြျဖစ္တဲ့အျပင္ ေအးခ်မ္းမႈ တရားအစစ္ကို ရွာေဖြေနသူေတြလည္း ျဖစ္ပါတယ္။

ဘဝအတြက္ ႐ုန္းကန္ရင္း ႀကိဳးဝိုင္းထဲ ထိုးသတ္ခဲ့သူေတြျဖစ္ေပမယ့္ သဒၵါအရင္းခံေကာင္းသလို ေအးခ်မ္းတဲ့ ႏွလုံးလွပိုင္ရွင္ေတြဆိုလည္း မမွားႏိုင္ပါဘူး

ရဟန္းကိုယ္ေတာ္ႏွစ္ပါးဟာ ႏိုင္ငံေက်ာ္ နပန္းသမားဘဝနဲ႔ စည္းစိမ္ေတြကို ထားခဲ့ၿပီး ဗုဒၶစာေပက်မ္းဂန္ေတြ ဖြံ႕ၿဖိဳးေနဆဲ ျဖစ္တဲ့ ထိုင္းႏိုင္ငံ၊

သီရိလကၤာႏိုင္ငံစတဲ့ ႏိုင္ငံေတြကို ကိုယ္တိုင္ႂကြေရာက္ကာ (၁၅)ႏွစ္တိုင္တိုင္ ဗုဒၶစာေပေတြကို ေလ့လာ သင္ၾကားခဲ့ၾကပါတယ္။

အခုခ်ိန္မွာေတာ့ ရဟန္းႏွစ္ပါးလုံးဟာ ဘာပကာသနမွ မပါတဲ့ ဟႎမဝႏၲာေတာနက္ထဲက ဓနိထန္း႐ြက္ကာထားတဲ့ ဝါးေက်ာင္းေပၚမွာဘဲ ဓမၼကို အေဖာ္ျပဳၿပီး ႐ြာအသီးသီး လမ္းအသြယ္သြယ္မွာ ရပ္ဆြမ္းခံႂကြကာ ဆင္းရဲ၊ ခ်မ္းသာ မဟူ လႉဒါန္းတဲ့ သဒၶါဆြမ္းေတြနဲ႔သာ ပီတအဟာရကိုသာ မွီဝဲေနၾကပါတယ္။

Unicode

ကမ္ဘာကျော် နပန်းသမားဘဝနဲ့ စည်းစိမ်တွေကို စွန့်လွှတ်ပြီး ရဟန်းဝတ်နေတဲ့ ကိုယ်တော်နှစ်ပါး

လူတိုင်းလူတိုင်းဟာ စွဲလမ်းစိတ်တွေ၊ အတ္တတွေ၊ မာနတွေ၊ လောဘတွေ၊ စည်းစိမ်းတွေကြားမှာ ယစ်မူးအချိန်ကုန်နေတတ်ပြီး မတည်မြဲသောအရာကို တည်မြဲတယ် ထင်မှတ်ကာ ရန်သူမျိုး (၅)ပါးကိုတောင် မကြောက်တော့ဘဲ တတ်မက်နေတတ်ကြပါတယ်။

ဗုဒ္ဓမြတ်စွာဟောတော်မူတဲ့ စွန့်လွှတ်ခြင်းဟာ မြတ်သောတရားဆိုပေမယ့် တကယ်တမ်းကျတော့ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို လက်လွှတ်အဆုံးရှုံးခံဖို့ ဆိုတာ သာမာန်လူတစ်ယောက်အတွက် မလွယ်ကူလှပါဘူး။

ယနေ့ နေထိုင်တဲ့ လောကကြီးထဲမှာ ငါအစွဲစွဲပြီး နေထိုင်ရှင်သန်သူတွေများသလို ဇူဇကာပုဏ္ဏားလို သူတပါးပစ္စည်း အလကားရဖို့၊ သူတပါး အကျိုးနိမ့်ဖို့ အမြဲကြံစည်နေတဲ့လူတွေလည်း ဒုနဲ့ဒေးရှိပါတယ်။

တခြားလူမပြောနဲ့ ကိုယ်တောင် ယနေ့လား မနက်ဖြန်လား မသေချာတဲ့ ဘဝကြီးထဲကို ရောက်တုန်းရောက်ခိုက် လောကပါလရဲ့ အေးချမ်းတဲ့တရားတွေကို ရှာတွေ့ဖို့လည်း အရေးကြီးပါတယ်။

အခုတစ်ခေါက်မှာတော့ နိုင်ငံကျော် နပန်းသမားဘဝနဲ့ အောင်မြင်မှုတွေ၊ စည်းစိမ်ချမ်းသာမှုတွေကို အပြီးပိုင်ထားခဲ့ပြီး အေးချမ်းလှတဲ့ ဗုဒ္ဓတရားအရိပ်မှာ တစ်သက်သာ ခိုလှုံနိုင်ဖို့အတွက် ရဟန်းဘဝကို ရွေးချယ်ခဲ့တဲ့ သူနှစ်ဦးရှိခဲ့ပါတယ်။

သူတို့နှစ်ဦးလုံးဟာ အရမ်းကို ခင်မင်တဲ့ သူငယ်ချင်းတွေဖြစ်တဲ့အပြင် အေးချမ်းမှု တရားအစစ်ကို ရှာဖွေနေသူတွေလည်း ဖြစ်ပါတယ်။

ဘဝအတွက် ရုန်းကန်ရင်း ကြိုးဝိုင်းထဲ ထိုးသတ်ခဲ့သူတွေဖြစ်ပေမယ့် သဒ္ဒါအရင်းခံကောင်းသလို အေးချမ်းတဲ့ နှလုံးလှပိုင်ရှင်တွေဆိုလည်း မမှားနိုင်ပါဘူး

ရဟန်းကိုယ်တော်နှစ်ပါးဟာ နိုင်ငံကျော် နပန်းသမားဘဝနဲ့ စည်းစိမ်တွေကို ထားခဲ့ပြီး ဗုဒ္ဓစာပေကျမ်းဂန်တွေ ဖွံ့ဖြိုးနေဆဲ ဖြစ်တဲ့ ထိုင်းနိုင်ငံ၊

သီရိလင်္ကာနိုင်ငံစတဲ့ နိုင်ငံတွေကို ကိုယ်တိုင်ကြွရောက်ကာ (၁၅)နှစ်တိုင်တိုင် ဗုဒ္ဓစာပေတွေကို လေ့လာ သင်ကြားခဲ့ကြပါတယ်။

အခုချိန်မှာတော့ ရဟန်းနှစ်ပါးလုံးဟာ ဘာပကာသနမှ မပါတဲ့ ဟိံမဝန္တာတောနက်ထဲက ဓနိထန်းရွက်ကာထားတဲ့ ဝါးကျောင်းပေါ်မှာဘဲ ဓမ္မကို အဖော်ပြုပြီး ရွာအသီးသီး လမ်းအသွယ်သွယ်မှာ ရပ်ဆွမ်းခံကြွကာ ဆင်းရဲ၊ ချမ်းသာ မဟူ လှူဒါန်းတဲ့ သဒ္ဓါဆွမ်းတွေနဲ့သာ ပီတအဟာရကိုသာ မှီဝဲနေကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*