အသက္၅၃ႏွစ္ခန္႔ကြာျခားေနတဲ့ မိန္းမငယ္ေလးကို အခ်စ္စစ္တစ္ခုတည္းနဲ႔ လက္ထပ္ခဲ့တာပါဆိုတဲ့ ၇၁ႏွစ္အရြယ္ အဘိုးအို

သင္ဟာ singleျဖစ္ေနၿပီး အခုစုံတြဲကို မနာလိုအူတိုျဖစ္ေနပါက စိတ္မပူပါနဲ႔ သင့္ဘဝလက္တြဲေဖာ္က မေမြးေသးလို့ပါ။အင္ဒိုနီးရွားနိုင္ငံလူမွုမီဒီယာသမားမ်ားဟာ

အေနာက္ဂ်ာဗားျပည္နယ္ရွိ ဘယ္လိုမွမျဖစ္နိုင္တဲ့စုံတြဲရဲ့လက္ထပ္ထိမ္းျမားပြဲတစ္ခုေၾကာင့္ အလြန္စိတ္လွုပ္ေထြးေနခဲ့ၾကရပါတယ္။

အင္ဒိုနီးရွားသတင္းဌာန Tribun Newsမွ သတင္းထုတ္ျပန္ခ်က္အရ Abah Sarna ႏွင့္သူ႔ရဲ့ဇနီးNoniတို့အၾကား အသက္၅၃ႏွစ္ခန္႔ကြာျခားေနခဲ့တာေၾကာင့္ ၿမိဳ့ရဲ့ေျပာဆိုေဝဖန္စရာတစ္ခုျဖစ္လာခဲ့ပါတယ္။

Majasariၿမိဳ့ရွိ အသက္၇၁ႏွစ္အရြယ္ Abah Sarna၊အသက္၁၈ႏွစ္အရြယ္ ဇနီးျဖစ္သူNoniက Bunut Pangsorၿမိဳ့ကျဖစ္ၿပီး အဆိုပါၿမိဳ့ႏွစ္ၿမိဳ့ဟာ Subangျပည္နယ္ရဲ့Javanခရိုင္အနီးမွာ တည္ရွိေနပါတယ္။

မဂၤလာပြဲကို တက္ေရာက္ခဲ့တဲ့ Ririn Priyantiဆိုသူက သူတို့ႏွစ္ဦးရဲ့မဂၤလာေဆာင္ဓာတ္ပုံေတြကို Facebookေပၚမၽွေဝခဲ့ၿပီးေနာက္ လူအမ်ားက သူတို့ႏွစ္ဦးကို စိတ္ဝင္တစားရွိလာခဲ့ၾကပါတယ္။

Facebook story အရ ခင္ပြန္းျဖစ္သူက Noniရဲ့နဖူးကို နမ္းေနတဲ့ပုံကို ေတြ႕ရမွာပါ။ဆယ္စုႏွစ္ ၅ခုစာ အသက္ကြာျခားေနေပမဲ့ သူတို့စုံတြဲဟာ အလြန္ေပ်ာ္ရႊင္ေနပုံရၿပီး တစ္ဦးႏွင့္တစ္ဦးလည္းလိုက္ဖက္ေနပါတယ္။

အကုန္ျခဳံငုံေျပာရင္ေတာ့ အသက္အရြယ္ဟာ ကိန္းဂဏာန္းတစ္ခုသာသာဘဲျဖစ္ပါတယ္။အဆိုပါစုံတြဲနဲ႔ရင္းႏွီးတဲ့မိသားစုမွ Agus Suryajayaဟာ Abah SarnaမွNoniအား ေပးတဲ့မဂၤလာလက္ဖြဲ႕ေတြကို ဓာတ္ပုံျဖင့္ အနည္းငယ္မၽွေဝခဲ့ပါတယ္။

မဂၤလာလက္ဖြဲ႕ပစၥည္းေတြကေတာ့ PCXေမာ္ေတာ္ဆိုင္ကယ္၊အဝတ္အစားအသစ္ႏွင့္ အိမ္သုံးပစၥည္းမ်ားပါဝင္ၿပီး မဂၤလာလက္ဖြဲ႕ပစၥည္းေတြကို

ကုန္တင္ကားႏွစ္စီးျဖင့္ သယ္ယူခဲ့ရပါေသးတယ္။ခင္ပြန္းျဖစ္သူဟာ ေရႊ ၁၁ဂရမ္ႏွင့္ေငြပမာဏရင္းဂစ္၂,၄၀၀ကိုလည္း လက္ဖြဲ႕အျဖစ္ေပးခဲ့ပါေသးတယ္။

သူတို့စုံတြဲအတြက္ ဝမ္းေျမာက္ဝမ္းသာျဖစ္ရၿပီး ခ်မ္းသာႂကြယ္ဝစြာနဲ႔က်န္းက်န္းမာမာေနထိုင္နိုင္မယ္လို့လည္း ေမၽွာ္လင့္မိပါတယ္။

Jasmine (Mckzone Daily)
Source: worldofbuzz

Unicode

သင်ဟာ singleဖြစ်နေပြီး အခုစုံတွဲကို မနာလိုအူတိုဖြစ်နေပါက စိတ်မပူပါနဲ့ သင့်ဘဝလက်တွဲဖော်က မမွေးသေးလို့ပါ။အင်ဒိုနီးရှားနိုင်ငံလူမှုမီဒီယာသမားများဟာ

အနောက်ဂျာဗားပြည်နယ်ရှိ ဘယ်လိုမှမဖြစ်နိုင်တဲ့စုံတွဲရဲ့လက်ထပ်ထိမ်းမြားပွဲတစ်ခုကြောင့် အလွန်စိတ်လှုပ်ထွေးနေခဲ့ကြရပါတယ်။

အင်ဒိုနီးရှားသတင်းဌာန Tribun Newsမှ သတင်းထုတ်ပြန်ချက်အရ Abah Sarna နှင့်သူ့ရဲ့ဇနီးNoniတို့အကြား အသက်၅၃နှစ်ခန့်ကွာခြားနေခဲ့တာကြောင့် မြို့ရဲ့ပြောဆိုဝေဖန်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။

Majasariမြို့ရှိ အသက်၇၁နှစ်အရွယ် Abah Sarna၊အသက်၁၈နှစ်အရွယ် ဇနီးဖြစ်သူNoniက Bunut Pangsorမြို့ကဖြစ်ပြီး အဆိုပါမြို့နှစ်မြို့ဟာ Subangပြည်နယ်ရဲ့Javanခရိုင်အနီးမှာ တည်ရှိနေပါတယ်။

မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ Ririn Priyantiဆိုသူက သူတို့နှစ်ဦးရဲ့မင်္ဂလာဆောင်ဓာတ်ပုံတွေကို Facebookပေါ်မျှဝေခဲ့ပြီးနောက် လူအများက သူတို့နှစ်ဦးကို စိတ်ဝင်တစားရှိလာခဲ့ကြပါတယ်။

Facebook story အရ ခင်ပွန်းဖြစ်သူက Noniရဲ့နဖူးကို နမ်းနေတဲ့ပုံကို တွေ့ရမှာပါ။ဆယ်စုနှစ် ၅ခုစာ အသက်ကွာခြားနေပေမဲ့ သူတို့စုံတွဲဟာ အလွန်ပျော်ရွှင်နေပုံရပြီး တစ်ဦးနှင့်တစ်ဦးလည်းလိုက်ဖက်နေပါတယ်။

အကုန်ခြုံငုံပြောရင်တော့ အသက်အရွယ်ဟာ ကိန်းဂဏာန်းတစ်ခုသာသာဘဲဖြစ်ပါတယ်။အဆိုပါစုံတွဲနဲ့ရင်းနှီးတဲ့မိသားစုမှ Agus Suryajayaဟာ Abah SarnaမှNoniအား ပေးတဲ့မင်္ဂလာလက်ဖွဲ့တွေကို ဓာတ်ပုံဖြင့် အနည်းငယ်မျှဝေခဲ့ပါတယ်။

မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေကတော့ PCXမော်တော်ဆိုင်ကယ်၊အဝတ်အစားအသစ်နှင့် အိမ်သုံးပစ္စည်းများပါဝင်ပြီး မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေကို

ကုန်တင်ကားနှစ်စီးဖြင့် သယ်ယူခဲ့ရပါသေးတယ်။ခင်ပွန်းဖြစ်သူဟာ ရွှေ ၁၁ဂရမ်နှင့်ငွေပမာဏရင်းဂစ်၂,၄၀၀ကိုလည်း လက်ဖွဲ့အဖြစ်ပေးခဲ့ပါသေးတယ်။

သူတို့စုံတွဲအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး ချမ်းသာကြွယ်ဝစွာနဲ့ကျန်းကျန်းမာမာနေထိုင်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Jasmine (Mckzone Daily)
Source: worldofbuzz

Be the first to comment

Leave a Reply

Your email address will not be published.


*