

တနင်္ဂနွေသားသမီး


စိတ်နဲ့ကိုယ်မကပ်တဲ့ကာလပါ အတတ်နိုင်ဆုံးသတိထားဖို့မှာချင်ပါတယ် အိပ်မရဖြစ်နေတတ်သောကာလပါ ငယ်ရွယ်သူများအချစ်ရေးကံစန်းအထူးပွင့်နေပါလိမ့်မည်


#တနင်္လာသားသမီး


အကယ်၍ရွှေဝင်ခဲ့ပါကလည်းအကြောင်းအမျိုးမျိုးနှင့်ပြန်ထွက်တတ်ပါသည် ရေချိုးမှား၍လေဒုက္ခပေးခံရတတ်ပါသည်


အင်္ဂါသားသမီး




ဗုဒ္ဓဟူးသားသမီး


အဝါရောင်အသုံးအဆောင်များအထူးအကျိုးပေးတဲ့အချိန်ပါ အစားမှား၍ဝမ်းဗိုက်ဒုက္ခပေးတတ်ပါသည် ချစ်သူရည်းစားများဘုရားဖူးခရီးထွက်ရပါလိမ့်မည်


ကြာသာပတေးသားသမီး




သောကြာသားသမီး




စနေသားသမီး


အလွန်ပင်ပန်းမည့်ကာလပါ ကျန်းမာရေးတွင်သတိမကြာခဏမေ့တာမျိုးဖြစ်တတ်ပါတယ် ငယ်ရွယ်သူများအချစ်သစ်ထပ်ရှာချင်စိတ်တွေဖြစ်ပေါ်နေပါလိမ့်မည်


ကျော်ဘိုဘိုဟိန်း

Unicode

တစ်ပတ်စာခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (26-10-2020 to 1-11-2020)

တနင်္ဂနွေသားသမီး

စိတ်တွေထွေပြားပြီးအမှားများတတ်တဲ့ကာလပါ အတွေးတွေ စိုးရိမ်စိတ်တွေအားကြီးပြီးဆုံးဖြတ်ချက်တွေပါမှားတတ်ပါတယ်

စိတ်နဲ့ကိုယ်မကပ်တဲ့ကာလပါ အတတ်နိူင်ဆုံးသတိထားဖို့မှာချင်ပါတယ် အိပ်မရဖြစ်နေတတ်သောကာလပါ ငယ်ရွယ်သူများအချစ်ရေးကံစန်းအထူးပွင့်နေပါလိမ့်မည်

ထီ ၉အစဝအဆုံးထိုးပါ ယတြာ ဌက်တွေ ခိုတွေအစာမကြာခဏကျွေးပါ

#တနင်္လာသားသမီး

အိမ်အနီးအနားတွင်မီးလန့်ခြင်းသူခိုးအခိုးခံရခြင်းမျိုးတွေကြုံရတတ်ပါသည် ရွှေအဝင်မခံသင့်သောကာလပါ

အကယ်၍ရွှေဝင်ခဲ့ပါကလည်းအကြောင်းအမျိူးမျိူးနှင့်ပြန်ထွက်တတ်ပါသည် ရေချိူးမှား၍လေဒုက္ခပေးခံရတတ်ပါသည်

ငယ်ရွယ်သူများ အချစ်ရေးတွင်ကြားလူအနှောင့်အယှက်ကြောင့်နားလည်မူလွဲခံရတတ်ပါသည် ထီ ၈အစဝအဆုံးထိုးပါ ယတြာ သောကြာထောင့်တွင်မိမိသက်စေ့ရေလောင်းလှုပေးပါ

အင်္ဂါသားသမီး

အလုပ်အတွင်းစာရင်းဇယားတွေမှားနေတတ်ပါသည် ရပ်ဝေးမှနေ၍အရေးကြီးသတင်းတစ်ခုကြားရတတ်ပြီး

သိပ်မကြာခင်မှာအလုပ်နေရာထိုင်ခင်းပြောင်းရွှေ့ရပါလိမ့်မည် မျက်ရိုးတွေမကြာခဏကိုက်နေလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးပြန်လည်အဆင်ပြေပါလိမ့်မည်

ထီ ၁အစ၂အဆုံးထိုးပါ ယတြာပဲပြုတ်နှင့်ထမင်းနယ်၍လမ်းဘေးခွေးများအားကျွေးပါလေ

ဗုဒ္ဓဟူးသားသမီး

မြေကိစ္စ အမွေကိစ္စ ပိုင်ဆိုင်မူနှင့်ပတ်သက်သောကိစ္စများဆောင်ရွက်ထားပါကအလျှင်အမြန်အောင်မြင်ပါလိမ့်မည်

အဝါရောင်အသုံးအဆောင်များအထူးအကျိူးပေးတဲ့အချိန်ပါ အစားမှား၍ဝမ်းဗိုက်ဒုက္ခပေးတတ်ပါသည် ချစ်သူရည်းစားများဘုရားဖူးခရီးထွက်ရပါလိမ့်မည်

ထီ ၉အစ၁အဆုံးထိုးပါ ယတြာ ဝက်သားဟင်းကျန်ကိုထမင်းနှင့်နယ်၍လမ်းဘေးခွေးတွေကျွေးပေးပါ

ကြာသာပတေးသားသမီး

ခရီးဝေးတွေမထွက်သင့်သောကာလပါ အကယ်၍မဖြစ်မနေခရီးထွက်ရပါက အနက်ရောင်အင်္ကျီတွေမဝတ်မိပါစေနှင့်

စနေသားသမီးများနှင့်လည်းခရီးအတူမထွက်သင့်ပါ အဆုတ်အအေးမိခြင်းဖြစ်မည် သင်တန်းတက်ရင်းမိမိစိတ်ဝင်စားရမည့်သူနှင့်တွေ့မည်

ထီ၉အစဝအဆုံးထိုးပါ ယတြာ ဆိတ်သားဟင်းကျန်နှင့်ထမင်းနယ်၍လမ်းဘေးခွေးတွေကျွေးပါလေ

သောကြာသားသမီး

အစားမှားဆေးမှားဖြစ်တတ်တဲ့ကာလပါ ခေါင်းတွေလည်းမကြာခဏမူးနေတတ်ပြီးသတိမကြာခဏမေ့နေတတ်ပါတယ်

ကျန်းမာရေးအထူးသတိထားရမည့်အချိန်ပါ ရေလမ်းခရီးရပ်ဝေးမထွက်ခွာသင့်ပါ

ချစ်သူဘဝရက်ရှည်ကြာသူများမင်္ဂလာအမူပြုရပါလိမ့်မည် ထီ၇အစ၈အဆုံးထိုးပါ ယတြာ သပြေရွက်၆ရွက်ပေါ်တွင်ထိုင်၍ပုတီးစိပ်ပေးပါ

စနေသားသမီး

အပြောထက်အလုပ်နဲ့ပိုပြီးသက်သေပြရမယ့်ကာလပါ အလုပ်တွေဆက်တိုက်မနားမနေလုပ်ကိုင်နေရပါလိမ့်မည်

အလွန်ပင်ပန်းမည့်ကာလပါ ကျန်းမာရေးတွင်သတိမကြာခဏမေ့တာမျိူးဖြစ်တတ်ပါတယ် ငယ်ရွယ်သူများအချစ်သစ်ထပ်ရှာချင်စိတ်တွေဖြစ်ပေါ်နေပါလိမ့်မည်

ထီ၆အစ၅အဆုံးထိုးပါ ယတြာ ပန်းသီးတစ်လုံးတွင်နှင်းဆီပန်းစိုက်၍ဘုရားလှုဒါန်းပေးပါ

ကျော်ဘိုဘိုဟိန်း

Be the first to comment

Leave a Reply

Your email address will not be published.


*