မိုင္းကိုင္ၿမိဳ႕နယ္ စုံေလာေက်း႐ြာဘုန္းႀကီးေက်ာင္း မီးေလာင္၊ တန္ဖိုး က်ပ္သိန္း ၅၀၀၀ ခန္႔ဆုံးရႈံး

ရွမ္းျပည္ေတာင္ပိုင္း၊ လြိဳင္လင္ခ႐ိုင္၊ မိုင္းကိုင္ၿမိဳ႕နယ္၊ စုံေလာ႐ြာက ႐ြာဦး ဘုန္းေတာ္ႀကီးေက်ာင္းမွာ ဒီကေန႔ မနက္ေစာေစာက မီးေလာင္မႈျဖစ္ပြားၿပီး ေက်ာင္းတိုက္တစ္ခုလုံး မီးထဲပါသြားကာ တန္ဖိုးအားျဖင့္ ေငြက်ပ္ သိန္း ၅၀,၀၀ ဖိုးေလာက္ ဆုံးရႈံးခဲ့ပါတယ္။

ေက်ာင္းတိုက္မွာ ကထိန္ခင္းဖို႔ျပင္ဆင္ရင္း မေန႔ညက တာပိုင္မီးနဲ႔ ဘထၳရီအားသြင္း ထားခဲ့ရာက ဒီေန႔မနက္ ၅ နာရီေလာက္မွာေတာ့ အဆိုပါဘထၳရီအိုးကေန မီးထေလာင္ၿပီး

အနီးနား ရွိစာအုပ္ေတြကေနတဆင့္ ေက်ာင္းတိုက္ကို ကူးစက္ေလာင္သြားတာလို႔ မီးေလာင္ရာေနရာကို သြားေရာက္ၾကည့္ရႈ လႉဒါန္းခဲ့တဲ့ ဟမ္းငိုင္းေက်း႐ြာ လုံစံေက်ာင္းတိုက္မွ ဦးဇင္းဝိေဇယ်က ဒီဗြီဘီကို မိန္႔ပါတယ္။

“မီးေလာင္ေတာ့ သံဃာေတြကေရာ ႐ြာသားေတြပါ ဝိုင္းၿပီး ျငႇိမ္းသတ္ၾကတယ္။ ၿမိဳ႕က မီးသတ္ကား မေရာက္ႏိုင္ဘူး။ ေက်ာင္းထဲက ေရေလွာင္ကန္နဲ႔ဘဲ ပက္ရတာ။ ေက်ာင္းတိုက္က လည္း ေခါင္အျမင့္ႀကီး၊ ေရလွမ္းပက္ဖို႔ မမီဘူး။

ေက်ာင္းတိုက္ေပၚ ေရသယ္ဖို႔ေတာင္မွ အႏိုင္ႏိုင္၊ ေရလည္းအခက္အခဲျဖစ္ေတာ့ အကုန္လုံး ေလာင္သြားေတာ့တာပဲ။ ဘာဆို ဘာတစ္ခုမွ မရ လိုက္ဘူး။ ကထိန္ခင္းဖို႔ ေကာက္ခံထားတဲ့ ေငြေတြ ပေဒသာပင္ေတြ ေက်ာင္းထဲက ပရိေဘာဂ ပစၥည္းေတြ ဆရာေတာ္ႀကီး သိမ္းထားတဲ့ေငြေတြပါ အကုန္ပါသြားတယ္။”

မီးေလာင္ကြၽမ္းမႈကို သံဃာေတာ္ေတြနဲ႔ ေဒသခံ႐ြာသားေတြ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့တာေၾကာင့္ မနက္ ၅ နာရီခြဲေလာက္မွာ မီးၿငိမ္းသြားၿပီး အလ်ား ေပ ၆၀၊ အနံ ေပ ၄၀၊ သြပ္မိုး၊ ပ်ဥ္ေထာင္၊ ပ်ဥ္ခင္း၊ ေျခတံရွည္ ဘုန္းေတာ္ႀကီးေက်ာင္းတခုလုံး မီးေလာင္ျပာက်သြားေပမဲ့

လူနဲ႔ တိရစာၦန္ ထိခိုက္ဒဏ္ရာရမႈ မရွိဘူးလို႔ မိုင္းကိုင္ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာနၿမိဳ႕နယ္ဦးစီးမႉး ေဒၚနန္းလႈိင္လႈိင္ဦးက ေျပာပါတယ္။

ေက်ာင္းထိုင္ဆရာေတာ္ ဦးဝိသာလ အပါအဝင္ သံဃာေတာ္ေတြလည္း မီးေဘးလြတ္ရာ ေရွာင္တိမ္းႏိုင္ခဲ့ပါတယ္။အဆိုပါေက်ာင္းတိုက္မွာ သြပ္မိုး၊ ပ်ဥ္ကာ၊ ပ်ဥ္ခင္းထားတဲ့ ေျခတံရွည္ေက်ာင္းႀကီးျဖစ္ၿပီး လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀ ေလာက္က တည္ေဆာက္ထားတာျဖစ္ပါတယ္။

မီးေလာင္မႈေၾကာင့္ ဆုံးရႈံးမႈ ပမာဏေပါင္းမွာ က်ပ္သိန္းေပါင္း ၅၀၀၀ ေလာက္ရွိမယ္လို႔ ေဂါပကအဖြဲ႕က ခန္႔မွန္းထားပါတယ္။

ေက်ာင္းတိုက္မွာ သံဃာေတာ္ ၁၈ ပါး သီတင္းသုံးေနၿပီး အခုလို မီးေလာင္သြားတဲ့အတြက္ သကၤန္းပရိကၡယာေတြေရာ အိပ္ယာအသုံးအေဆာင္နဲ႔ ဆြမ္းကြမ္းအတြက္ အေရးေပၚလိုအပ္ေန ပါတယ္။

မိုင္းကိုင္ ဌာနဆိုင္ရာေတြနဲ႔ ျပည္သူေတြက လက္ရွိ ဘုန္းႀကီးေက်ာင္းဇရပ္မွာ ရွိတဲ့ ဆရာေတာ္နဲ႔ သံဃာေတာ္ေတြကို ေထာက္ပံ့လႉဒါန္းဖို႔နဲ႔ ဆရာေတာ္နဲ႔ သံဃာေတြ သီတင္းသုံးဖို႔ေက်ာင္းေဆာင္တခု ျပန္ေဆာက္ဖို႔ ႐ြာခံေတြ တိုင္ပင္ေနၾကပါတယ္။

ေရရွည္မွာ ေက်ာင္းသစ္ျပန္ေဆာက္ႏိုင္ဖို႔လည္း အလႉေငြေတြပါ လိုအပ္ေနတာေၾကာင့္ ေဂါပကအဖြဲ႕ ဖုံးနံပါတ္ ၀၉-၇၇၆ ၉၅၃ ၄၆၀ ကို ဆက္သြယ္လႉဒါန္းႏိုင္ပါတယ္။

စုန္ေလာေက်း႐ြာဟာ မိုင္းကိုင္ၿမိဳ႕အေနာက္ေျမာက္ဘက္ မိုင္ ၃၀ ခန္႔အကြာမွာရွိၿပီး အိမ္ေျခေပါင္း ၃၀၀ ေက်ာ္ရွိကာ ပေလာင္တိုင္းရင္းသားအမ်ားစုေနထိုင္တဲ့ ႐ြာႀကီးတစ္႐ြာ ျဖစ္ပါတယ္။

DVB

Unicode

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ စုံလောရွာက ရွာဦး ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ မနက်စောစောက မီးလောင်မှုဖြစ်ပွားပြီး ကျောင်းတိုက်တစ်ခုလုံး မီးထဲပါသွားကာ တန်ဖိုးအားဖြင့် ငွေကျပ် သိန်း ၅၀,၀၀ ဖိုးလောက် ဆုံးရှုံးခဲ့ပါတယ်။

ကျောင်းတိုက်မှာ ကထိန်ခင်းဖို့ပြင်ဆင်ရင်း မနေ့ညက တာပိုင်မီးနဲ့ ဘထ္ထရီအားသွင်း ထားခဲ့ရာက ဒီနေ့မနက် ၅ နာရီလောက်မှာတော့ အဆိုပါဘထ္ထရီအိုးကနေ မီးထလောင်ပြီး

အနီးနား ရှိစာအုပ်တွေကနေတဆင့် ကျောင်းတိုက်ကို ကူးစက်လောင်သွားတာလို့ မီးလောင်ရာနေရာကို သွားရောက်ကြည့်ရှု လှူဒါန်းခဲ့တဲ့ ဟမ်းငိုင်းကျေးရွာ လုံစံကျောင်းတိုက်မှ ဦးဇင်းဝိဇေယျက ဒီဗွီဘီကို မိန့်ပါတယ်။

“မီးလောင်တော့ သံဃာတွေကရော ရွာသားတွေပါ ဝိုင်းပြီး ငြှိမ်းသတ်ကြတယ်။ မြို့က မီးသတ်ကား မရောက်နိုင်ဘူး။ ကျောင်းထဲက ရေလှောင်ကန်နဲ့ဘဲ ပက်ရတာ။ ကျောင်းတိုက်က လည်း ခေါင်အမြင့်ကြီး၊ ရေလှမ်းပက်ဖို့ မမီဘူး။

ကျောင်းတိုက်ပေါ် ရေသယ်ဖို့တောင်မှ အနိုင်နိုင်၊ ရေလည်းအခက်အခဲဖြစ်တော့ အကုန်လုံး လောင်သွားတော့တာပဲ။ ဘာဆို ဘာတစ်ခုမှ မရ လိုက်ဘူး။ ကထိန်ခင်းဖို့ ကောက်ခံထားတဲ့ ငွေတွေ ပဒေသာပင်တွေ ကျောင်းထဲက ပရိဘောဂ ပစ္စည်းတွေ ဆရာတော်ကြီး သိမ်းထားတဲ့ငွေတွေပါ အကုန်ပါသွားတယ်။”

မီးလောင်ကျွမ်းမှုကို သံဃာတော်တွေနဲ့ ဒေသခံရွာသားတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၅ နာရီခွဲလောက်မှာ မီးငြိမ်းသွားပြီး အလျား ပေ ၆၀၊ အနံ ပေ ၄၀၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ ခြေတံရှည် ဘုန်းတော်ကြီးကျောင်းတခုလုံး မီးလောင်ပြာကျသွားပေမဲ့

လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ မိုင်းကိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်နန်းလှိုင်လှိုင်ဦးက ပြောပါတယ်။

ကျောင်းထိုင်ဆရာတော် ဦးဝိသာလ အပါအဝင် သံဃာတော်တွေလည်း မီးဘေးလွတ်ရာ ရှောင်တိမ်းနိုင်ခဲ့ပါတယ်။အဆိုပါကျောင်းတိုက်မှာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းထားတဲ့ ခြေတံရှည်ကျောင်းကြီးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က တည်ဆောက်ထားတာဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှု ပမာဏပေါင်းမှာ ကျပ်သိန်းပေါင်း ၅၀၀၀ လောက်ရှိမယ်လို့ ဂေါပကအဖွဲ့က ခန့်မှန်းထားပါတယ်။

ကျောင်းတိုက်မှာ သံဃာတော် ၁၈ ပါး သီတင်းသုံးနေပြီး အခုလို မီးလောင်သွားတဲ့အတွက် သင်္ကန်းပရိက္ခယာတွေရော အိပ်ယာအသုံးအဆောင်နဲ့ ဆွမ်းကွမ်းအတွက် အရေးပေါ်လိုအပ်နေ ပါတယ်။

မိုင်းကိုင် ဌာနဆိုင်ရာတွေနဲ့ ပြည်သူတွေက လက်ရှိ ဘုန်းကြီးကျောင်းဇရပ်မှာ ရှိတဲ့ ဆရာတော်နဲ့ သံဃာတော်တွေကို ထောက်ပံ့လှူဒါန်းဖို့နဲ့ ဆရာတော်နဲ့ သံဃာတွေ သီတင်းသုံးဖို့ကျောင်းဆောင်တခု ပြန်ဆောက်ဖို့ ရွာခံတွေ တိုင်ပင်နေကြပါတယ်။

ရေရှည်မှာ ကျောင်းသစ်ပြန်ဆောက်နိုင်ဖို့လည်း အလှူငွေတွေပါ လိုအပ်နေတာကြောင့် ဂေါပကအဖွဲ့ ဖုံးနံပါတ် ၀၉-၇၇၆ ၉၅၃ ၄၆၀ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

စုန်လောကျေးရွာဟာ မိုင်းကိုင်မြို့အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာမှာရှိပြီး အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိကာ ပလောင်တိုင်းရင်းသားအများစုနေထိုင်တဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။

DVB

Be the first to comment

Leave a Reply

Your email address will not be published.


*