တန္ေဆာင္မုန္းလျပည့္ည ပစၥည္းခိုးရျခင္းအေၾကာင္း(က်ီးမႏိုးပြဲ)

သူခိုးည ( လုံးဝ )မဟုတ္ပါ

တန္ေဆာင္မုန္းလျပည့္ညသည္ သူခိုးညလုံးဝမဟုတ္ပါ။ တန္ေဆာင္မုန္းလျပည့္ညသည္ဗုဒၶဘာသာဝင္တို႔၏ ေန႔ထူးေန႔ျမတ္ျဖစ္ပါသည္။

ျမတ္စြာဘုရားသည္ အဇာတသတ္ရွင္ဘုရင္အား သာမညဖလ သုတ္ေတာ္ကိုေဟာေတာ္မူ၍ ဘုရင္ႏွင့္တကြ ေနာက္ပါျပည္သူ ( ၁ ) သိန္းခန႔္ ဗုဒၶဘာသာျဖစ္တဲ့ညႀကီးပါ။

ဒီလိုႀကီးက်ယ္ခမ္းနားတဲ့ ဗုဒၶဘာသာေန႔ႀကီးကို မသမာသူမ်ားက စုပ္ျပတ္ေအာင္သူခိုးညဆိုၿပီး နာမည္တပ္လိုက္ေတာ့ အမွန္တရား ေပ်ာက္ကြယ္သလိုျဖစ္သြားပါတယ္။

လြန္ေလၿပီးေသာ ေရွးအခါက ေယာက္က်ားသားမ်ားရွင္လိင္ျပန္ၾကရဝယ္ ေဆးမင္ေၾကာင္ထိုးသည့္ဓေလ့သည္ အထင္အရွားရွိခဲ့၏။

ရွင္ဘုရင္မွအစခ်ီကာ မင္းညီမင္းသား၊မႉးမတ္သူႂကြယ္၊ ကုန္သည္၊လယ္လုပ္အစခ်ီကာ သူရင္းငွားမ်ားစေသာ လူေယာက္က်ားတို႔သည္မင္ထိုးၾကေလသည္။

ယခုေခတ္ကဲ့သို႔ ႀကဳံသလိုထိုးျခင္း မဟုတ္ေခ်။ေဆးမ ွင္ထိုးသည့္အခါ နကၡတ္ေကာင္း၊အခါေကာင္း ေစာင့္ဆိုင္းကာ ေမွာင္ခန္းေခၚမွင္ထိုးသည့္ အခန္းတြင္ ကန္ေတာ့ပြဲေပး၍ ထိုးရသည္။

ထိုသို႔ ထိုးခဲ့ၿပီးေသာ ေယာက္က်ားတို႔သည္တန္ေဆာင္မုန္းညနကၡတ္စုံခ်ိန္တြင္ ထိုးထားသည့္ေၾကာင္တက္ေၾကာင္ဆင္းေဆးအေစာင့္တို႔သည္တန္ခိုးျပသည္ဟု အယူရွိေသာေၾကာင့္

အရွင္မသိေသာပစၥည္းကိုခိုးယူကာ ခိုးကြင္း၌ ထားၿမဲျဖစ္၏။ထိုးကြင္းဆိုသည္မွာ ခိုးရာပါပစၥည္းအားဘယ္သူဘယ္ဝါ၏အိမ္မွ ပစၥည္းျဖစ္ေၾကာင္းခိုးကြင္းတြင္ စာကပ္၍ ထားၾကသည္။

ထိုသို႔ခိုးရာတြင္ အသက္ရွိေသာအရာကိုခိုးယူႏိုင္စြမ္းေသာသူသည္ လူစြမ္းေကာင္းျဖစ္ေလသည္။ ေရွးအခါက ႏြားမ်ားႏွင့္ လူအိပ္ေနေသာကုတင္ကို လူမႏႈိးေအာင္ ထမ္း၍ခိုးကြင္း၌လာထားၾကသည္။

မနက္မိုးလင္းေသာအခါပစၥည္းရွင္မ်ားကသကၤန္းအစုံျဖင့္ မိမိတို႔ပစၥည္းကို လာေ႐ြးယူၾကၿပီး ကထိန္ပြဲကို ဆင္ႏြဲရသည္။ ပစၥည္းခိုး၍ လူမိေသာအခါတြင္ ထိုသူကိုဖမ္း၍ခိုးကြင္းတြင္ ကတုံးတုံးကာ ျပာလူး၍ ထားၾကသည္။

ကထိန္ပြဲတြင္ ထိုခိုးသားကို ႐ြာသူႀကီးကတရားသူႀကီးလုပ္ကာ တရားဆိုင္ခန္းျဖင့္ဟာသလုပ္ၾကၿပီး ရဟန္းဝတ္ေစၿမဲျဖစ္သည္။

ဒီဘက္ေခတ္ေရာက္လာေတာ့တန္ဘိုးရွိပစၥည္းေတြကို တကယ္ ခိုးလာၾကတယ္။ လမ္းေတြေပၚမွာ က်က္သေရမဂၤလာမရွိေအာင္ ႐ုပ္ပ်က္ ဆင္းပ်က္ ဆိုင္းဘုတ္ေတြ ျဖဳတ္ခ် ၊

အရက္ ဘီယာ အစားအေသာက္ေတြပလူပ်ံေအာင္ ျပန႔္က်ဲေနတယ္။ အေပ် ာ္ကေန အပ် က္ဘက္ကို ဦးတည္လာၾကတယ္။

အမွန္တရားကို ဗုဒၶဘာသာ ျမန္မာလူမ်ိဳ ု းေတြ သိေစခ်င္၍ရည္႐ြယ္ရင္း

မူရင္းေရးသားသူ

Unicode

သူခိုးည ( လုံးဝ )မဟုတ်ပါ

တန်ဆောင်မုန်းလပြည့်ညသည် သူခိုးညလုံးဝမဟုတ်ပါ။ တန်ဆောင်မုန်းလပြည့်ညသည်ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

မြတ်စွာဘုရားသည် အဇာတသတ်ရှင်ဘုရင်အား သာမညဖလ သုတ်တော်ကိုဟောတော်မူ၍ ဘုရင်နှင့်တကွ နောက်ပါပြည်သူ ( ၁ ) သိန်းခန့် ဗုဒ္ဓဘာသာဖြစ်တဲ့ညကြီးပါ။

ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓဘာသာနေ့ကြီးကို မသမာသူများက စုပ်ပြတ်အောင်သူခိုးညဆိုပြီး နာမည်တပ်လိုက်တော့ အမှန်တရား ပျောက်ကွယ်သလိုဖြစ်သွားပါတယ်။

လွန်လေပြီးသော ရှေးအခါက ယောက်ကျားသားများရှင်လိင်ပြန်ကြရဝယ် ဆေးမင်ကြောင်ထိုးသည့်ဓလေ့သည် အထင်အရှားရှိခဲ့၏။

ရှင်ဘုရင်မှအစချီကာ မင်းညီမင်းသား၊မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ်အစချီကာ သူရင်းငှားများစသော လူယောက်ကျားတို့သည်မင်ထိုးကြလေသည်။

ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ဆေးမ ှင်ထိုးသည့်အခါ နက္ခတ်ကောင်း၊အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ်မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။

ထိုသို့ ထိုးခဲ့ပြီးသော ယောက်ကျားတို့သည်တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင် ထိုးထားသည့်ကြောင်တက်ကြောင်ဆင်းဆေးအစောင့်တို့သည်တန်ခိုးပြသည်ဟု အယူရှိသောကြောင့်

အရှင်မသိသောပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။ထိုးကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအားဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်းခိုးကွင်းတွင် စာကပ်၍ ထားကြသည်။

ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကိုခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။ ရှေးအခါက နွားများနှင့် လူအိပ်နေသောကုတင်ကို လူမနှိုးအောင် ထမ်း၍ခိုးကွင်း၌လာထားကြသည်။

မနက်မိုးလင်းသောအခါပစ္စည်းရှင်များကသင်္ကန်းအစုံဖြင့် မိမိတို့ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။ ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။

ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးကတရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့်ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်။

ဒီဘက်ခေတ်ရောက်လာတော့တန်ဘိုးရှိပစ္စည်းတွေကို တကယ် ခိုးလာကြတယ်။ လမ်းတွေပေါ်မှာ ကျက်သရေမင်္ဂလာမရှိအောင် ရုပ်ပျက် ဆင်းပျက် ဆိုင်းဘုတ်တွေ ဖြုတ်ချ ၊

အရက် ဘီယာ အစားအသောက်တွေပလူပျံအောင် ပြန့်ကျဲနေတယ်။ အပျေ ာ်ကနေ အပျ က်ဘက်ကို ဦးတည်လာကြတယ်။

အမှန်တရားကို ဗုဒ္ဓဘာသာ မြန်မာလူမျို ု းတွေ သိစေချင်၍ရည်ရွယ်ရင်း

မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*