အလုံးစုံသော ကိစ္စဟူသမျှတို့သည် ပြီးပြည့်စုံစေသည့် သဗ္ဗဇယမင်္ဂင်္လာ ဂါထာတော်







ဒိဝါ တပတိ အာဒိစ္စော – နေမင်းကြီးသည် နေ့အခါတွင် ထွန်းလင်း တောက်ပ တင့်တယ်၏။


သန္နဒ္ဓေါ ခတ္တိယော ဘာတိ – ရှင်ဘုရင်တို့သည် မင်းမြောက်တန်ဆာ ၅ပါးဝတ်ဆင်ထားသော အချိန်တွင် ထွန်းလင်း တင့်တယ်၏။

ဈာယီ တပတိ ဗြာဟ္မဏော – ရဟန်းတို့သည် ဈာန်ဝင်စားနေသော အချိန်တွင် ထွန်းလင်း တင့်တယ်၏။

အထသဗ္ဗ မဟောရတ္တိံ ဗုဒ္ဓေါ တပတိ တေဇသာ – ဘုရားရှင်တို့သည် နေ့ညအခါခပ်သိမ်း ထွန်းလင်းတင့်တယ်၏။

တာဒိသံ တေဇ သမ္ပန္နံ ဗုဒံ္ဓ ဝန္ဒာမိ အာဒရံ – ဤသို့တင့်တယ်တော်မူသော မြတ်စွာဘုရားအား အကျွနိုပ်သည် ရိုသေစွာရှိခိုး ကန်တောပါ၏။



မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ပုပ္ဖာရုံကျောင်း မိဂါရမာတုပြသာဒ်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာသည် သီတင်းကျွတ်လပြည့်နေ့ ညနေဆည်းဆာအချိန်တွင်



ထို့ပြင် အရှင်အာနန္ဒာသည် ကာဠုဒါယီ ရဟန္တာမထေရ်မြတ်၏ ဈာန်ဝင်စားသဖြင့် ကိုယ်တော်မှ အရောင်အဆင်းများ တောက်ပထွန်းလင်း ထွက်ပေါ်နေသည်ကို ဖူးမြင်ရပြန်ရာ နှစ်သက်မှု ပီတိ ဖြစ်ရပြန်လေတော့သည်။

ထိုနောက် အရှင်အာနန္ဒာသည် ဘုရားရှင်၏ အရောင်အဆင်း ထွန်းလင်း တောက်ပခြင်းမှာ အထက်ဖော်ပြပါ နေမင်း လမင်း စသည်တို့၏ ထွန်းပတင့်တယ်ခြင်းကို သာလွန်လွှမ်းမိုး ထူးကဲကြောင်း ဖူးတွေ့ရသဖြင့် အကြောင်းအကျိုး ဘုရားရှင်အား လျှောက်ထားရာ



Dhamma Chit Thu

Unicode

သဗ္ဗဇယမင်္ဂင်္လာ ဂါထာတော်

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။

သန ္နဒ္ဓေါ ခတ္တိယော ဘာတိ၊ ဈာယီ တပတိ ဗြဟ္မဏော။

အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

တာဒိသံ တေဇ သမ္ပန္နံ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ၊

နမက္ကာရာ နုဘာဝေန သဗ္ဗေ ပုရေန္တု သင်္ကပ္ပါ။

ဒိဝါ တပတိိ အာဒိစ္စော – နေမင်းကြီးသည် နေ့အခါတွင် ထွန်းလင်း တောက်ပ တင့်တယ်၏။

ရတ္တိမာ ဘာတိ စန္ဒိမာ – လမင်းကြီးသည် ညအခါတွင် ထွန်းလင်း တောက်ပ တင့်တယ်၏။

သန္နဒ္ဓေါ ခတ္တိိယော ဘာတိိ – ရှင်ဘုရင်တို့သည် မင်းမြောက်တန်ဆာ ၅ပါးဝတ်ဆင်ထားသော အချိန်တွင် ထွန်းလင်း တင့်တယ်၏။

စျာယီ တပတိ ဗြာဟ္မဏော – ရဟန်းတိို့သည် စျာန်ဝင်စားနေသော အချိန်တွင် ထွန်းလင်း တင့်တယ်၏။

အထသဗ္ဗ မဟောရတ္တိံ ဗုဒေါ္ဓ တပတိိ တေဇသာ – ဘုရားရှင်တို့သည် နေ့ညအခါခပ်သိိမ်း ထွန်းလင်းတင့်တယ်၏။

တာဒိသံ တေဇ သမ္ပန္နံ ဗုဒ္ဓံ ဝန္ဒာမိိ အာဒရံ – ဤသို့တင့်တယ်တော်မူသော မြတ်စွာဘုရားအား အကျွနိုပ်သည် ရိုသေစွာရှိခိုး ကန်တောပါ၏။

နမက္ကာရာ နုဘာဝေန သဗ္ဗေ ပုရေန္တု သင်္ကပ္ပါ – ဤသို့ ရှိခိုး ကန်တော့ရ ခြင်းကြောင့် အလုံးစုံသော ကိစ္စဟူသမျှတို့သည် ပြီးပြည့်စုံ၍ အောင်မြင်ပါစေသတည်း။

ဂါထာတော် ဖြစ်ပေါ်လာပုံ-

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်် ပုပ္ဖာရုံကျောင်း မိဂါရမာတုပြသာဒ်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာသည် သီတင်းကျွတ်လပြည့်နေ့ ညနေဆည်းဆာအချိန်တွင်

အနောက်အရပ်၌ ဝင်လုဆဲဆဲ နေမင်းကြီး၏ ထွန်းလင်းတောက်ပပုံနှင့် အရှေ့လောကဓာတ်မှ ထွက်ပြူစ လမင်း၏ အရောင်အဆင်း တင့်တယ်မှုတို့ကို တွေ့မြင်ပြီး နှစ်သက်မှု ပီတိ ဖြစ်နေပါတယ်။

ဒီအချိန်မှာပဲ မင်းမြောက်တန်ဆာ(၅)ပါး ဝတ်ဆင်ပြီး ပန်းနံ့သာစွဲကိုင်လျက် ဘုရားရှင်အားဖူးမျှော်ရန် ရှေးရှုလာနေသော ပသေနဒီကောသမင်းကြီး၏ တင့်တယ်မှုကို တွေ့မြင်ပြီး နှစ်သက်မှု ပီတိ ဖြစ်ရပြန်ပါတယ်။

ထို့ပြင်် အရှင်အာနန္ဒာသည် ကာဠုဒါယီ ရဟန္တာမထေရ်မြတ်၏ စျာန်ဝင်စားသဖြင့် ကိိုယ်တော်မှ အရောင်အဆင်းများ တောက်ပထွန်းလင်း ထွက်ပေါ်နေသည်ကို ဖူးမြင်ရပြန်ရာ နှစ်သက်မှု ပီတိ ဖြစ်ရပြန်လေတော့သည်။

ထိိုနောက် အရှင်အာနန္ဒာသည် ဘုရားရှင်၏ အရောင်အဆင်း ထွန်းလင်း တောက်ပခြင်းမှာ အထက်ဖော်ပြပါ နေမင်း လမင်း စသည်တို့၏ ထွန်းပတင့်တယ်ခြင်းကို သာလွန်လွှမ်းမိုး ထူးကဲကြောင်း ဖူူးတွေ့ရသဖြင့် အကြောင်းအကျိုး ဘုရားရှင်အား လျှှောက်ထားရာ

ဘုရားရှင်က အထက်ပါ ဒိဝါတပတိ အစချီသော သဗ္ဗဇယမင်္ဂင်္လာ ဂါထာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။

(ဓမ္မပဒ ၊ ဋ္ဌ၊ ၃၉၆) Ashin Nanissara (Dhamma Nāyaka) မှ ပူဇော်ပါသည်။

Dhamma Chit Thu

Be the first to comment

Leave a Reply

Your email address will not be published.


*