လျပည့္ေန႔မွာပဲ ျပဳလုပ္လိုရတဲ့ ဝိဇၨာဝေျပာ အလႉေတာ္

တစ္ေန႔တြင္ ကြၽႏ္ုပ္သည္ အိမ္မွ နာရီ၀က္ခန္႔ေစာၿပီး ထြက္လာကာ ဆူးေလဘုရားသို႔တက္သြားၿပီး ဘုရား ရွိခိုးေလ၏။

ျပန္ဆင္းခါနီးတြင္ အသက္ ၇၀ ႏွစ္နီးပါး ခန္႔ရွိၿပီဟုထင္ရေသာ ေယာဂီအညိဳေရာင္၀တ္ဆင္ ထား သည့္ အဘြားႀကီးတစ္ဦးသည္ ကြၽႏ္ုပ္အနီးသို႔ ေရာက္ လာၿပီး

““လူေလးေရ … အေမ့ကို တစ္ခု ကူညီပါ ကြယ္ …”” ဟု ေျပာေလရာ ကြၽႏ္ုပ္ကလည္း – ““ဘာမ်ား ကူညီရမွာပါလဲခင္ဗ် ..၊

ပိုက္ဆံ အလႉခံမွာဆိုရင္ေတာ့ ကြၽန္ေတာ္က ေတာင္ ျပန္ၿပီး အလႉခံရလိမ့္မယ္အေမေရ …။

ကြၽန္ေတာ့္ဟာ ကြၽန္ေတာ္ေတာင္ ထမင္းက ၀ခ်င္ တာမဟုတ္ဘူး”” ဟု ျပန္ေျပာလိုက္မိေလ၏။

အဘြားႀကီးက သြား မရွိေတာ့ေသာပါးမ်ား ခြက္၀င္ သည္အထိ ၿပဳံးေလ၏။ ထို႔ေနာက္တြင္မွ –

““ထမင္းက ၀သြားမွာပါကြယ္။ ဒီေန႔မွ တိုက္ တိုက္ ဆိုင္ဆိုင္ ဘုရားေပၚမွာ သီလရွင္ဆရာေလးေတြ မေတြ႕မိဘူးျဖစ္ေနတယ္ …၊

ေဟာဒါေလးေတြကို သီလရွင္ေလးေတြဆီ လႉေပး ပါလားကြယ္။ အေမက အခု အဓိ႒ာန္ပုတီး အခ်ိန္နဲ႔ စိပ္ရမွာမို႔ပါကြယ္ …””

ဟုေျပာေျပာဆိုဆို တစ္ထြာခန္႔ ပုလင္းေလး ၃ လုံး ႏွင့္ ပ႐ုတ္ဆီ ၁ ပုလင္းကို လွမ္း၍ေပးေလ၏။

ကြၽႏ္ုပ္ လည္း ဘုမသိဘမသိျဖင့္ ယူထားလိုက္ မိေလ ၏။

အဘြားႀကီးသည္ သူ၏လြယ္အိတ္အတြင္းမွ ပုတီး ႀကီးကို တုန္ခ်ိတုန္ခ်ိလက္အစုံျဖင့္ ထုတ္ယူ ေနရင္းမွ –

““ဒီလိုကြယ္ …၊ ဒီေန႔က လျပည့္ေန႔ေလ။ လူေလး မွတ္ထား …။ လျပည့္ေန႔ေရာက္တိုင္း သင့္ေတာ္ရာ ပုလင္းေလးတစ္လုံးထဲမွာ ဆန္ထည့္၊ အဲသလိုပဲ ဆီတစ္ပုလင္း၊

ဆားတစ္ပုလင္းလည္း ထည့္၊ ၿပီးေတာ့ သင့္ေတာ္ရာ ေဆးတစ္ပုလင္း နဲ႔အတူ အဲဒီပုလင္း ၄ လုံးကို လင္ပန္းေလးတစ္ခ်ပ္ မွာတင္ၿပီး အိမ္က ဘုရားမွာပဲ လႉရတယ္ကြယ့္။

၁ လျပည့္တဲ့ လျပည့္ေန႔ေရာက္ရင္ ဘုရားဆီက ျပန္စြန္႔ၿပီး သီလရွင္ေလး ေတြကို လႉလိုက္ကြယ့္။

ပုလင္းဆိုတာ န၀င္းကြယ့္၊ လင္ပန္းဆိုတာ န၀င္း ကြယ့္၊ လျပည့္ဆိုတာ န၀င္းကြယ့္၊ ျပည့္ဝေသာ နိမိတ္ ကြယ့္။ ဆန္ဆီေဆးဆား ဆိုတာေတြက လူ ေတြရဲ႕ မရွိမျဖစ္ အဓိက အေျခခံအရာေတြကြယ့္။

အဲဒီကုသိုလ္ေလး လစဥ္ပုံမွန္လုပ္ေပး …။ ငါ့သား ထမင္း၀႐ုံမွ်မက လိုအပ္ေနတဲ့ သတ္ၱဝါေတြကိုပါ ကယ္ပံ့ႏိုင္လာပါလိမ့္မယ္၊

ဝိဇ္ၨာဝေျပာ အလႉေတာ္ ေပါ့ကြယ္ …””ဟု လိုရင္တိုရွင္းေျပာ၍ ဘုရား၀တ္ ျပဳကာ ပုတီးစိပ္ေနပါေလ ေတာ့၏။

ကြၽႏ္ုပ္လည္း ထိုအဘြားႀကီးမွာၾကားသည့္ အတိုင္း ဆန္ဆီေဆးဆားပုလင္းေလးမ်ားကို သီလ ရွင္ေလး မ်ားအား လႉလိုက္၏။

(မွတ္ခ်က္။။ သီလရွင္ကိုလႉရန္ အခက္အခဲရွိေသာ္ သင့္ေတာ္သလို ျပန္လႉႏိုင္ပါသည္)

(အခ်ိန္အတိအက်ျပဳလုပ္လိုပါေသာ္လျပည့္ေန႔ မနက္ ၉ နာရီ သို႔မဟုတ္ ၉ နာရီ ၄၅ မိနစ္တြင္ လႉႏိုင္ပါသည္)

မိမိကိုယ္တိုင္လည္း မွတ္မွတ္သားသား ဂ႐ုစိုက္ လ်က္ လျပည့္ေန႔တိုင္း ထို ဝိဇ္ၨာဝေျပာ အလႉကေလး ကို စဥ္ဆက္မျပတ္ ျပဳလုပ္ခဲ့သည္ျဖစ္ရာ အလုပ္မ်ား ပင္ပမ္းရက်ိဳးနပ္လာ သည့္အျပင္

ကံတရားအခြင့္ အလမ္ းေကာင္းမ်ား လည္း ဆင့္ကာ ဆင့္ကာ ေပၚ ေပါက္ လာခဲ့ၿပီျဖစ္ပါ သည္။

ၾကက္ဥျပဳတ္ကေလး တစ္လုံးကို မနက္ တစ္ျခမ္း၊ ညတစ္ျခမ္း ခြဲတမ္းခ်ၿပီး စားခဲ့ရေသာ ကြၽႏ္ုပ္ သည္ ယခုအခါ သူေဌးႀကီး မျဖစ္ေသးေသာ္လည္း

ယခု စာဖတ္ေနသူမိတ္ေဆြမ်ားအေနႏွင့္ ကြၽႏ္ုပ္ထံ ထမင္း လာစားၾကမည္ဆိုပါလွ်င္မူ ဧည့္၀တ္ေက်ပြန္ ရန္ အပမ္းမႀကီးလွေၾကာင္းပါခင္ဗ်ား …။ ။

သေဗၺဓမၼာ ဇငေယာ္နီ

Unicode

တစ်နေ့တွင် ကျွန်ုပ်သည် အိမ်မှ နာရီဝက်ခန့်စောပြီး ထွက်လာကာ ဆူးလေဘုရားသို့တက်သွားပြီး ဘုရား ရှိခိုးလေ၏။

ပြန်ဆင်းခါနီးတွင် အသက် ၇၀ နှစ်နီးပါး ခန့်ရှိပြီဟုထင်ရသော ယောဂီအညိုရောင်ဝတ်ဆင် ထား သည့် အဘွားကြီးတစ်ဦးသည် ကျွန်ုပ်အနီးသို့ ရောက် လာပြီး

““လူလေးရေ … အမေ့ကို တစ်ခု ကူညီပါ ကွယ် …”” ဟု ပြောလေရာ ကျွန်ုပ်ကလည်း – ““ဘာများ ကူညီရမှာပါလဲခင်ဗျ ..၊

ပိုက်ဆံ အလှူခံမှာဆိုရင်တော့ ကျွန်တော်က တောင် ပြန်ပြီး အလှူခံရလိမ့်မယ်အမေရေ …။

ကျွန်တော့်ဟာ ကျွန်တော်တောင် ထမင်းက ဝချင် တာမဟုတ်ဘူး”” ဟု ပြန်ပြောလိုက်မိလေ၏။

အဘွားကြီးက သွား မရှိတော့သောပါးများ ခွက်ဝင် သည်အထိ ပြုံးလေ၏။ ထို့နောက်တွင်မှ –

““ထမင်းက ဝသွားမှာပါကွယ်။ ဒီနေ့မှ တိုက် တိုက် ဆိုင်ဆိုင် ဘုရားပေါ်မှာ သီလရှင်ဆရာလေးတွေ မတွေ့မိဘူးဖြစ်နေတယ် …၊

ဟောဒါလေးတွေကို သီလရှင်လေးတွေဆီ လှူပေး ပါလားကွယ်။ အမေက အခု အဓိဋ္ဌာန်ပုတီး အချိန်နဲ့ စိပ်ရမှာမို့ပါကွယ် …””

ဟုပြောပြောဆိုဆို တစ်ထွာခန့် ပုလင်းလေး ၃ လုံး နှင့် ပရုတ်ဆီ ၁ ပုလင်းကို လှမ်း၍ပေးလေ၏။

ကျွန်ုပ် လည်း ဘုမသိဘမသိဖြင့် ယူထားလိုက် မိလေ ၏။

အဘွားကြီးသည် သူ၏လွယ်အိတ်အတွင်းမှ ပုတီး ကြီးကို တုန်ချိတုန်ချိလက်အစုံဖြင့် ထုတ်ယူ နေရင်းမှ –

““ဒီလိုကွယ် …၊ ဒီနေ့က လပြည့်နေ့လေ။ လူလေး မှတ်ထား …။ လပြည့်နေ့ရောက်တိုင်း သင့်တော်ရာ ပုလင်းလေးတစ်လုံးထဲမှာ ဆန်ထည့်၊ အဲသလိုပဲ ဆီတစ်ပုလင်း၊

ဆားတစ်ပုလင်းလည်း ထည့်၊ ပြီးတော့ သင့်တော်ရာ ဆေးတစ်ပုလင်း နဲ့အတူ အဲဒီပုလင်း ၄ လုံးကို လင်ပန်းလေးတစ်ချပ် မှာတင်ပြီး အိမ်က ဘုရားမှာပဲ လှူရတယ်ကွယ့်။

၁ လပြည့်တဲ့ လပြည့်နေ့ရောက်ရင် ဘုရားဆီက ပြန်စွန့်ပြီး သီလရှင်လေး တွေကို လှူလိုက်ကွယ့်။

ပုလင်းဆိုတာ နဝင်းကွယ့်၊ လင်ပန်းဆိုတာ နဝင်း ကွယ့်၊ လပြည့်ဆိုတာ နဝင်းကွယ့်၊ ပြည့်ဝသော နိမိတ် ကွယ့်။ ဆန်ဆီဆေးဆား ဆိုတာတွေက လူ တွေရဲ့ မရှိမဖြစ် အဓိက အခြေခံအရာတွေကွယ့်။

အဲဒီကုသိုလ်လေး လစဉ်ပုံမှန်လုပ်ပေး …။ ငါ့သား ထမင်းဝရုံမျှမက လိုအပ်နေတဲ့ သတ်္တဝါတွေကိုပါ ကယ်ပံ့နိုင်လာပါလိမ့်မယ်၊

ဝိဇ်္ဇာဝပြော အလှူတော် ပေါ့ကွယ် …””ဟု လိုရင်တိုရှင်းပြော၍ ဘုရားဝတ် ပြုကာ ပုတီးစိပ်နေပါလေ တော့၏။

ကျွန်ုပ်လည်း ထိုအဘွားကြီးမှာကြားသည့် အတိုင်း ဆန်ဆီဆေးဆားပုလင်းလေးများကို သီလ ရှင်လေး များအား လှူလိုက်၏။

(မှတ်ချက်။။ သီလရှင်ကိုလှူရန် အခက်အခဲရှိသော် သင့်တော်သလို ပြန်လှူနိုင်ပါသည်)

(အချိန်အတိအကျပြုလုပ်လိုပါသော်လပြည့်နေ့ မနက် ၉ နာရီ သို့မဟုတ် ၉ နာရီ ၄၅ မိနစ်တွင် လှူနိုင်ပါသည်)

မိမိကိုယ်တိုင်လည်း မှတ်မှတ်သားသား ဂရုစိုက် လျက် လပြည့်နေ့တိုင်း ထို ဝိဇ်္ဇာဝပြော အလှူကလေး ကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်ဖြစ်ရာ အလုပ်များ ပင်ပမ်းရကျိုးနပ်လာ သည့်အပြင်

ကံတရားအခွင့် အလမ် းကောင်းများ လည်း ဆင့်ကာ ဆင့်ကာ ပေါ် ပေါက် လာခဲ့ပြီဖြစ်ပါ သည်။

ကြက်ဥပြုတ်ကလေး တစ်လုံးကို မနက် တစ်ခြမ်း၊ ညတစ်ခြမ်း ခွဲတမ်းချပြီး စားခဲ့ရသော ကျွန်ုပ် သည် ယခုအခါ သူဌေးကြီး မဖြစ်သေးသော်လည်း

ယခု စာဖတ်နေသူမိတ်ဆွေများအနေနှင့် ကျွန်ုပ်ထံ ထမင်း လာစားကြမည်ဆိုပါလျှင်မူ ဧည့်ဝတ်ကျေပွန် ရန် အပမ်းမကြီးလှကြောင်းပါခင်ဗျား …။ ။

သဗ္ဗေဓမ္မာ ဇငယော်နီ

Be the first to comment

Leave a Reply

Your email address will not be published.


*