”ဆွမ်းတော်စွန့်တာအချိန်လွန်လျင်ငရဲကြီးနိုင်ပါသလား”
Unicode ဖြင့်ဖတ်ပါ
★★★★★
အရှင်ဘုရားတပည့်တော်မမေးချင်တာလေးရှိလို့ပါဘုရား အရှင်ဘုရားဖြေပေးမယ်ဆိုရင် တကယ်ကို ဝမ်းသာမိမှာပါဘုရား။
တပည့်တော်မတို့က အလုပ်ကို မနက်အစောကြီးသွားညမိုးချုပ်မှပြန်ရောက်ပါတယ်ဘုရား။ အလုပ်မသွားခင်မှာ ဆွမ်းတော် နဲ့ သောက်တော်ရေချမ်းကိုအမြဲကပ်လှူပါတယ်။
ညမိုးချုပ်ပြန်ရောက်မှပဲစွန့်ရပါတယ်ဘုရား။ အဲ့ဒီ့အတွက် တပည့်တော်မ စိတ်ထဲမတင်မကျဖြစ်မိပါတယ်။ ပြန်ရောက်မှစွန့်ရတဲ့အတွက်ကုသိုလ်မရ ငရဲရမှာကြောက်ပါတယ်ဘုရား။ မိုးချုပ်မှ စွန့်ကောင်းလား။ မစွန့်ကောင်းလား သိချင်ပါတယ်ဘုရား။ (ပန်းအိမ်စံ)
လူတွေမှာ ရှစ်ပါးသီလဆောက်တည်ထားပါလျှင် ညစာမစားရပါဘူး။ ထို့ကြောင့် မြတ်စွာဘုရားရှင်ကို ဆွမ်းတော်တင်တာ ကောင်းပါတယ်။ ဒါပေမယ့် ၁၂နာရီမကျော်ခင်စွန့်ပါလို့ အကြံပြုပါတယ်။
ကိုယ်တိုင်မစွန့်နိုင်ပါလျှင် အိမ်မှာရှိသူတစ်ဦးဦး အား စွန့်ခိုင်းစေချင်ပါတယ်။ သို့မဟုတ် ရုံးမသွားခင် အရုဏ်ဖြစ်ဖြစ်သော်လည်းကောင်း၊ ချက်ပြုတ်ပြီးစီး လျှင်သော် လည်းကောင်း ဆွမ်းတော်တင်ပြီး ရုံးသွားခါနီးစွန့်နိုင်ပါတယ်။
ဒကာမ။ညနေထိတော့ မထားကောင်းပါ။ အရုဏ်ဆွမ်းကပ်လျှင်လည်း အရုဏ်တက်မှသာ ကပ်ကောင်းပါ၏။ အရုဏ်မတက်ဘဲ ကပ်ပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်ပါသည်။
အရုဏ်တက်ချိန်က လစဉ်ပြောင်းလဲလေ့ရှိသဖြင့် အနည်းဆုံး လစဉ် နံနက် ၅း၃၀ လောက်ကပ်မှ သင့်တော်မည်ဖြစ်ပါသည်။ ၄း၃၀ ၄း၄၀ ၅နာရီစသည်ဖြင့် အရုဏ်တက်ချိန် လစဉ်ပြောင်းလဲ လေ့ရှိသည်ကို သတိပြုအပ်၏။
အချိန်လွန်မှဆွမ်းတော်စွန့်လျင်ငရဲကြီးနိုင်ပါသလား
ထို့ ကြောင့် မ ယုတ် မ လွန် လစဉ် နံ နက် (၅း၃၀) နာ ရီ ဆို ပါလျှင် ကပ် မည် ဆို ပါ က လ စဉ် လ တိုင်း အ ဆင် ပြေ မည်ဖြစ် ပါ သည် အ ဘယ့် ကြောင့် ဆို သော် အ ကယ် ၍ (၄း၃၀) ကို လ စဉ် လ တိုင်း
ကပ် မည် ဆို ပါ က (၅) နာ ရီ၊ (၅း၁၀) နာ ရီ စ သည့် ဖြင့် အ ရုဏ် တက် သည့် လ များ တွင် ကိုယ် က (၄း၃၀) လ စဉ် လ တိုင်း ကပ် မိ ပါ က ည ဆွမ်း လို ဖြစ် ပြီး အ ပြစ် ဖြစ် နိုင် သောကြောင့် ဖြစ် ပါ သည်
အ ချုပ် အား ဖြင့် နေ့ ဆွမ်း ဆိုလျှင် နေ့ လည် ၁၂ နာ ရီ မ ထိုး ခင် စွန့် သင့် ပြီး အ ရုဏ် ဆွမ်း ဆို ပါ လျှင် ရှေ့ လွတ်၊ နောက် လွတ် (၅း၃၀) နာ ရီ လောက် ကပ် သင့် ကြောင်း ဖြေ ကြား လိုက် ပါ သည်
သစ် သီး ဆွမ်း များ ကို လည်း ထို နည်းအ တူ မှတ် ပါ ရှေး က မ သိ ခဲ့လို့ မ စွန့် မိ တာ ကို စိတ် ထဲ စွဲလန်း မ ထား ဘဲ ယ ခု သိ လိုက် သည့် အ ချိန် တွင် နောက်
မ လုပ် မိ အောင် သာ ဂ ရု စိုက် ပါ သက် ရှည် ကျန်း မာ စိတ် ချမ်း သာ ၍ လို ရာ ဆန္ဒ များ တစ်လုံး တစ် ဝ တည်း ပြည့် ဝ ပါ စေ အ ရှင် ဝိ မ လဝံ သ(နာ လ န္ဒာ တ က္က သိုလ်)
Be the first to comment
Leave a Reply
Your email address will not be published.
*